ကိုဗစ်လူနာကို လိုက်ပါစောင့်ရှောက်မည့် လူနာစောင့်များအတွက် စည်းကမ်းသတ်မှတ်ချက်များ

ကိုဗစ်လူနာကို လိုက်ပါစောင့်ရှောက်မည့် လူနာစောင့်များအတွက် စည်းကမ်းသတ်မှတ်ချက်များ

ကျွန်တော်ကို ကိုဗစ် Positive လူနာစောင့်လိုက်ချင်တဲ့ကိစ္စနဲ့ပတ်သတ်ပြီး လာမေးကြတာတွေရှိပါတယ်။ အရင်ကတော့ လိုက်လို့မရဘူးလို့ပဲသိထားပင်မဲ့ အခု ကိုဗစ် နဲ့ပတ်သတ်ပြီး ဖြေကြားပေးနေတဲ့ HICA ဆိုတဲ့အဖွဲ့က တင်ထားတာလေးတွေ့လို့ ပြန်လည်မျှဝေပေးလိုက်တာပါ။

ကိုဗစ်လူနာကို လိုက်ပါစောင့်ရှောက်မည့် လူနာစောင့်များအတွက် စည်းကမ်းသတ်မှတ်ချက်များ

(၁) အသက် ၁၈ နှစ် နှင့် ၄၅ နှစ်ကြား မည်သည့်ရောဂါအခံမှ မရှိသော ကျန်းမာသန်စွမ်းသူ ဖြစ်ပြီး လူနာ၏ဆွေမျိုး (သို့မဟုတ်)အသိမိတ်ဆွေ ဖြစ်ရမည်။

(၂) လူနာစောင့်နေချိန်အတွင်း မိမိအား ရောဂါကူးစက်နိုင်သော အန္တရာယ်ရှိကြောင်းသိရှိပြီး မိမိသဘောဆန္ဒအလျောက် လူနာပြုစု စောင့်ရှောက်လိုကြောင်း သဘောတူညီချက် (Informed risk consent) ပေးရမည်။

(၃) လူနာအားစောင့်ရှောက်နေစဥ်အတွင်း အနည်းဆုံး Level 2 PPE (Surgical mask,Face shield,Gown,Gloves) ကို အမြဲ ဝတ်ဆင်ထားရန် လိုအပ်ပြီး ထိုလိုအပ်သော အကာအကွယ် ပစ္စည်း များအား လူနာရှင်မှ စိုက်ထုတ် ဝယ်ယူရမည်ဖြစ်သည်။ ထိုအကာအကွယ်ပစ္စည်းများဝတ်ဆင်ခြင်း၊ Social distancing ဖြင့် နေထိုင်ခြင်း၊ လက်ကိုသေချာစွာဆေးကြောခြင်း စသည့် ရောဂါ ကာကွယ်ခြင်း နည်းလမ်းများကို စနစ်တကျ လိုက်နာ ရမည် ဖြစ်သည်။

(၄) လူနာစောင့်များသည် လူနာစောင့် ကြပ်သောကာလ ပြီးဆုံးသည့်အခါ Close contacts of confirmed cases များ လိုက်နာရမည့် စည်းကမ်းအတိုင်း သတ်မှတ်ထားသောနေရာတွင် Quarantine ၂ ပတ် နေထိုင်ရမည် ဖြစ်ပြီး Swab test အစစ်ဆေး ခံရမည် ဖြစ်ပါသည်။ Swab test result – positive ဖြစ်ပါက သက်ဆိုင်ရာဆေးကုသမှုဋ္ဌာန တွင် ကုသမှု ခံယူရန်လိုအပ်ပြီး Swab test result – negative ဖြစ်ပါက Quarantine ကာလ ပြီးဆုံးသောအခါ မိမိ နေအိမ်သို့ ပြန် နိုင်မည် ဖြစ်ပါသည်။

အထက်ပါ စည်းကမ်းချက်များ ပါဝင်သော သဘောတူညီချက်ပုံစံကို ရှင်းလင်းပြောပြ၍ နားလည်သဘောပေါက်ပြီး သဘောတူ လက်မှတ်ရေးထိုးသော လူနာစောင့်များသာ လူနာစောင့်ကြပ်ခွင့် ရမည် ဖြစ်ပါသည်။

Dr Sein Phyo Hlaing

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page