သုဝဏ္ဏစင်တာမှာ လူနာတွေ မိုးထဲရေထဲ ရောက်နေတယ်ဆိုတဲ့ ကိစ္စ အဖြစ်မှန်

သုဝဏ္ဏစင်တာမှာ လူနာတွေ မိုးထဲရေထဲ ရောက်နေတယ်ဆိုတဲ့ ကိစ္စ အဖြစ်မှန်

ကျ​နော် မနက်ကဘဲ ကိုဗစ် ကုသ​ရေးစင်တာ သုဝဏ္ဏ က ပြန်လာပါတယ်။ ICU နဲ့ HDU အတွက် အသစ်ထပ်​ဆောက်နေတဲ့နေရာလည်း ရောက်ခဲ့ပါတယ်။

ယာယီ ကုသ​ရေးစင်တာက သဃ်န်းကျွန်းမှာဖြစ်တာကတစ်ပိုင်း၊ ယာယီဆေးရုံအုပ်က သူငယ်ချင်းဖြစ်​နေတာကတစ်ပိုင်း၊ ဆေးရုံကိုအဘက်ဘက်က ပြည့်စုံ​အောင်စီစဥ်​ပေး​နေတဲ့ Management Team မှာ မိတ်​ဆွေ​တွေရှိတာကတစ်ပိုင်း အဲ့ဒါ​တွေ​ကြောင့်ဒီ​ဆေးရုံက အ​ကြောင်း​တွေ သိသင့်သ​လောက်​တော့ သိပါတယ်။

မြေပြင်ကလူ​တွေက ငွေအား၊စိတ်အား ၊ လူအား ပင်ပန်းကြီးစွာနဲအားလုံး ဝိုင်းကူနေကြတာပါ။ သတင်းမှား​တွေ၊ ထင်မြင်ချက်တွေ၊ ကောလာဟလေတွနဲ့လူနာ​တွေ၊ မိသားစုဝင်​တွေ၊အလုပ် လုပ်​နေကြတဲ့သူ​တွေကိုစိတ်ဖိစီး​အောင်မလုပ်ကြဖို့မေတ္တာရပ်ခံပါရစေ။

အခု သုဝဏ္ဏ မှာ ကျန်းမာ​ရေးဝန်ထမ်း​တွေ၊ Volunteers တွေအပြင် IT Team ပါ​ခေါ်ထားပြီး သေချာကုသမှု​ပေး​နေတာပါ။ မိုးလုံ​လေလုံ စီစဥ်ထားပါတယ်။ အထူးကြပ်မတ်​ဆောင်လည်း ရှိပါတယ်။ အစားအ​သောက်ကအစ အားလုံးတာဝန်ယူ ဆောင်ရွက်နေကြတာပါ။

မီဒီယာ ၂ ခု​လောက်က ကျ​နော့်ကို မေးလာလို့ပါ။ လူနာ​တွေ အဆင်မ​ပြေဘူး၊ မိုးထဲ​ရေထဲမှာဆိုပြီး​တော့ပါ။ မနိုင်​တော့ဘူး စသဖြင့်ပါ။

အဲဒါနဲ့ ကျ​နော့် သူငယ်ချင်း ဆေးရုံအုပ်ကို ကျ​နော်မေးပါတယ်။ အဲ့​​ကောလဟာလက မဟုတ်ပါဘူး တဲ့။ လူနာက လက်ခံဖို့ ပြည့်​​တော့မှာပါတဲ့။ (၃၇၀ ဦးခန့်) အားလုံး အဆင်​ပြေပါတယ်တဲ့။ အဲ့လို​တွေကြား​တော့ သူငယ်ချင်းက စိတ်မ​ကောင်းဖြစ်ပုံရပါတယ်။ အသံ​တောင် မထွက်​နိုင်​တော့ပါ။

နောက်တစ်ယောက်က ကိုယ်တိုင်လူနာဖြစ်သွားတဲ့ ခွဲစိတ်ဆရာဝန်ပါ။ သူက အဆင်​ပြေပါတယ် အကိုတဲ့။ ရေချိုးခန်း သွား၊ အိမ်သာသွားတဲ့ အခါ​လေး​တော့ လျှောက်လမ်းမှာ မိုး​ရေ​လေးစင်တာပါ တဲ့။ မိုးလုံလလေုံပါဘဲ တဲ့။

​ကျေးဇူးပြုပြီး သတင်းမှန်​တွေကိုဘဲဝေမျှ​ပေးကြပါ။ ကိုယ့်အိမ်မှာလိုတော့ အလုံးစုံ ပြည့်စုံနိုင်မှာမဟုတ်ပါဘူး။စိတ်ရှည်သည်းခံ ပေးကြပါ။

ကျေးဇူးတင်ပါသည်
ဒေါက်တာကျော်စွာဦး
Kyaw Swar Oo O

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page