Q စင်တာကနေ ပြန်ရင် သွားစရာ မရှိတော့တဲ့ လူနာတွေရဲ့ ဘဝများ (ဒီလိုကိစ္စကို ဘယ်လို ဖြေရှင်းကြမလဲ)

ကိုဗစ်နဲ့ပတ်သက်ပြီး စိန်ခေါ်မှု နောက်တခု ထပ်လာနေပြန်ပါပြီ..

ကိုဗစ်လူနာတွေကို ကုသ‌ပေးနေတဲ့ Q Center မှာ Volunteer လုပ်နေတဲ့သမီးက စိတ်မကောင်းစွာနဲ့ ဖုန်းဆက်လာတယ်။ နက်ဖြန် ဆေးရုံဆင်းပြီး Home Q တစ်ပါတ်ဆက်နေဖို့ လူနာတွေကို အကြောင်းကြားတာ တချို့လူနာတွေက မပြန်ချင်လို့တဲ့ ငိုကြတယ်။

အကြောင်းရင်းက နယ်ကနေ လာကြသူတွေ၊ အလုပ်မှာနေစရာပေးထားတာ၊ အလုပ်လုပ်ရင်းကူးကြတော့ အတွဲလိုက် Q ဝင်ကြရတာ။ အလုပ်ရှင်က ပြန်လာစရာ မလိုဘူး။ Q ဝင်ပြီးထွက်လာရင် ဆိုင်ရှေ့တောင်မလာပါနဲ့၊ နေရပ်တန်းပြန်ပါတဲ့။

အခုက တိုင်းကျော်လည်းသွားမရ၊ လိုင်းကားလည်းမရှိတဲ့ကာလမျိုး မိန်းကလေးတွေ ဘယ်နားသွားပြီး Home Q ဆက်ဝင်ရမလဲ၊ (ခုကလေးမလေးတွေက အလှပြင်ဆိုင်ကလို့ ပြောပါတယ်၊ တမျိုးထင်မှာစိုးလို့) သမီးလည်းတော်တော်စိတ်မကောင်းဖြစ်နေတယ်။ ကျမလည်း အကြံမပေးတတ်တော့ဘူး။ မိတ်ဆွေတွေရော ဒါမျိုးဆို ဘယ်လိုဖြေရှင်းကြတာ ကြားမိပါသလဲ။

Kha Yan

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page