တရက်မှာ လူနာ ၂၀၀ ပဲ တိုးလာရင်တောင် နောက် (၁၀) ရက်မှာ ဖြစ်လာမယ့် လူနာအရေအတွက်
တရက်မှာ လူနာ ၂၀၀ ပဲ တိုးလာရင်တောင် နောက် (၁၀) ရက်မှာ ဖြစ်ပေါ်လာမယ့် လူနာအရေအတွက်
မနေ့က စက်တင်ဘာ ၁၂ မှာ ကိုဗစ် အတွင်းလူနာ စုစုပေါင်း ၁၈၀၀ ကျော် ပါတယ်။ စက်တင်ဘာ ၁၃ က စလို့ တစ်ရက်ကို လူနာသစ် ၂၀၀ ဆေးရုံတက်မယ်ဆိုပါစို့ (တွက်လို့ ရအောင် မှန်းဆချက်ပါ။ တကယ်တော့ ၁၃ ရက်နေ့မှာ ၃၅၁ ယောက် မဟုတ်လား)။
လူနာ တစ်ယောက်ကို ဆေးရုံမှာ ၁၄ ရက်ထားမယ် ဆိုရင် စက်တင်ဘာ ၂၂ ရက်မှာ တစ်ပြည်လုံး အတွင်းလူနာ စုစုပေါင်း ၂၈၀၀ ကျော်မှာပါ။ လူအင်အား၊ နေရာ၊ PPE မှန်းဆနိုင်ဖို့ပါ။
သတိချပ်ရမှာ ကိုဗစ်လူနာ တစ်ယောက် ၁၄ ရက် နေမယ့် ကိစ္စပါ။ Slow Turnover (တဖြည်းဖြည်း စတင်လာတဲ့) ဖြစ်တဲ့ ရောဂါပါ။
Maung Maung Oo