အလုပ်တွေ၊ စက်ရုံတွေ ပိတ်ထားတဲ့ (၂) ပတ်အတွက် ရရှိမယ့် လူမှုဖူလုံကြေး ၄၀% တွက်နည်း
အလုပ်တွေ၊ စက်ရုံတွေ ပိတ်ထားတဲ့ (၂) ပတ်အတွက် ရရှိမယ့် လူမှုဖူလုံကြေး ၄၀% တွက်နည်း
(၂၄.၉.၂၀၂၀) မှ (၇.၁၀.၂၀၂၀) အထိပိတ်တဲ့ လုပ်ငန်းတွေက ဝန်ထမ်းတွေ လူမှုဖူလုံရေး ၄၀% တွက်နည်းအကြမ်းဖျင်းပြောပြပါမယ်
ဘယ်သူတွေရမလဲ? – ၆ လပိုင်း ၂၀၂၀ အထိနောက်ဆုံး ဖူလုံရေးထည့်သွင်းထားပြီး ၂၃.၉.၂၀၂၀ အထိ အလုပ်လုပ်ခဲ့သူတွေရပါမယ်.. အလုပ်ပိတ်ထားတဲ့ အလုပ်က ဝန်ထမ်းတွေပေါ့.. ကြေငြာစာမှာပြန်ဖတ်ကြည့်နော်..
အလုပ်ရှင်က လစာပေးထားရင်ရောရာလား? – ၁၄ ရက်ပိတ်ရက်မှာ အလုပ်ရှင်က လစာအပြည့်ပေးထားရင် ၄၀% ကိုအလုပ်ရှင်က ယူလို့ရပါတယ်.. အလုပ်ရှင်က လစာမပေးရင် ၄၀% ခံစားခွင့်ရှိပါတယ်.. ဝန်ထမ်းက တစ်ဖက်ပဲခံစားခွင့်ရှိပါတယ်..
အလုပ်ပိတ်တဲ့ထဲမပါတဲ့ စက်ရုံတွေရောရလား? – မရပါဘူး.. ဒါဆိုဘယ်လိုတွက်ရတာလဲ?
ဥပမာ လစာ (၂) သိန်းနဲ့ သွင်းထားသူဆိုရင်.. ၂၀၀၀၀၀(လစာ) ÷ ၃၀(ရက်) = ၆၆၆၆ (တစ်ရက်စာ).. တစ်ရက်စာ ၆၆၆၆ ကျပ် x ၁၄(ရက်) = ၉၃၃၃၃ ကျပ်ရပါမယ်.. ၁၄ ရက်စာ ၄၀% က ဒီလိုတွက်ပါတယ်.. ၉၃၃၃၃ ကျပ် x ၄၀% = ၃၇၃၃၃ ကျပ်ရပါမယ်.. ဒါက ၁၄ ရက်စာပါ.. ကျန်တဲ့အလုပ်ဆင်းရတဲ့ ၁၆ ရက်က အလုပ်ရှင်ကပေးပါလိမ့်မယ်..
အစိုးရရဲ့ ရည်ရွယ်ချက်က ပိတ်လို့ လစာမရလိုက်သူတွေအတွက် ရည်ရွယ်ပါတယ်.. အလုပ်ရှင်က လူမှုဖူလုံရေးမဆောင်ထားရင် အလုပ်ရှင်မှာတာဝန်ရှိပါတယ်..
အားလုံး ရှင်းကြမယ်ထင်ပါတယ်..
Aung Sithu (HR ဘဝ)