အောင်ဘာလေထီလက်မှတ်များကို အစိမ်းနုရောင် ပြောင်းလဲ ရိုက်နှိပ်တော့မည်

အောင်ဘာလေထီလက်မှတ်များကို အစိမ်းနုရောင် ပြောင်းလဲ ရိုက်နှိပ်တော့မည်

ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေသိန်းဆုဌာနခွဲသည် တထောင်ကျပ်တန် အောင်ဘာလေထီလက်မှတ်များကို ၂၀၁၉ခုနှစ် ဖေဖော်ဝါရီ၁ရက်မှစတင်၍ ယခုအချိန်ထိ ၂၃ကြိမ်မြောက် အောင်ဘာလေထီအား ထုတ်ဝေရောင်းချပေးလျက်ရှိပါတယ်။

၂၀၂၁ ခုနှစ် (ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ၊ မတ်လ ၁ရက်) တွင် စတင်ရောင်းချမည့် ၂၄၊ ၂၅၊ ၂၆ ကြိမ်မြောက် အောင်ဘာလေထီစာအုပ်များတွင် လုံခြုံမှု အရည်အသွေး ပိုမိုကောင်းမွန်စေရန် ရည်ရွယ်၍ လုံခြုံရေးနှင့်ဆိုင်သော ပုံနှိပ်လုပ်ငန်းများ (ဝါဇီ) မှ ထီလက်မှတ်များ၏ အောက်ခံအရောင်ကို အစိမ်းနုရောင်ဖြင့် ရိုက်နှိပ်ဆောင်ရွက်ထားကြောင်း ကြေညာလိုက်ပါတယ်။

ထီစာအုပ်များ အရောင်ပြောင်းလဲသည့်အပေါ် အောင်ဘာလေထီကံစမ်းသူ မိဘပြည်သူများ စိတ်ချယုံကြည်စွာဖြင့် ဝယ်ယူ ကံစမ်းနိုင်ပါရန် ကြိုတင်အသိပေးအပ်ပါကြောင်း ဒီဇင်ဘာ ၁၅ ရက်စွဲဖြင့် ထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page