ကယားပြည်နယ် စည်းပေါက်သွားပါပြီ၊ သူနာပြုတဦးတွင် ကိုဗစ်ပိုး တွေ့ရှိ

ကယားပြည်နယ် စည်းပေါက်သွားပါပြီ၊ သူနာပြုတဦးတွင် ကိုဗစ်ပိုး တွေ့ရှိ

ကယားပြည်နယ်၊ လွိုင်ကော်မြို့တွင် ကိုဗစ်ပိုး ကူးစက်သူ ၁ ဦး စတင်တွေ့ရှိသွားပြီ ဖြစ်ပါတယ်။

ကယားပြည်နယ်အတွင်း အသွားအလာ ကန့်သတ်ခြင်း ခံထားရသူများ၏ ဓာတ်ခွဲနမူနာများကို ယနေ့တွင် တောင်ကြီးမြို့ ၊ ပြည်သူ့ ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (PHL)သို့ ပေးပို့စစ်ဆေးခဲ့ရာ တောင်ကြီးမြို့ ၊ ပြည်သူ့ကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (PHL) ၏ ဆေးစစ်ဆေးချက် အဖြေထုတ်ပြန်ချက်အရ ကယားပြည်နယ် လွိုင်ကော်မြို့မှ ရန်ကုန်ပြန် အမျိုးသမီး(၁)ဦး၏ အဖြေမှာ ရောဂါ ပိုးတွေ့ရှိ (ပိုးတွေ့ရှိ)ခြင်းဖြစ်သည်ဟု ပြည်နယ်အစိုးရအဖွဲ့က ပြောပါတယ်။

အဆိုပါ ရောဂါပိုးတွေ့ရှိသူ(၁)ဦးမှာ လွိုင်ကော်မြို့၊ ပညာရေးကောလိပ်တွင် Quarantine ဝင်ရောက်နေသူ လွိုင်ကော်မြို့ ပြည်နယ်ပြည်သူ့ဆေးရုံကြီးမှ အထက်တန်းသူနာပြု တစ်ဦး ဖြစ်ကြောင်း၊ ရန်ကုန်မှ သင်တန်းတက်ရောက်ပြီး (၅-၁၀-၂၀၂၀)ရက်နေ့တွင် တစ်ဦးတည်း ရန်ကုန်မှငှါးရမ်းလာသော မော်တော်ယာဉ်ဖြင့် ပြန်လာခဲ့ရာ (၆-၁၀-၂၀၂၀)ရက်နေ့နံနက်၌ လွိုင်ကော်မြို့ ဝါရီကောခူဂိတ်သို့ ရောက်ရှိခဲ့ကြောင်း၊ ၎င်းဂိတ်မှတစ်ဆင့် ရွှေလွိုင်ကော် ပရဟိတကားဖြင့် လွိုင်ကော်မြို့ ပညာရေးကောလိပ် Quarantine သို့ ပို့ဆောင်ခဲ့ပြီး ပညာရေး ကောလိပ်တွင် Quarantine ဝင်ရောက်နေသူ ဖြစ်ကြောင်းနှင့် လူနာ၏ လက်ရှိကျန်းမာရေး အခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး လူနာအား လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီး သီးသန့် ဆောင်သို့ပြောင်းရွှေ့၍ စောင့်ကြပ် ကြည့်ရှုကုသပေးလျက် ရှိကြောင်း ပြည်နယ်အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page