ရန်ကုန်မြို့ကြီးကို လော့ဒေါင်းချလိုက်ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ

ရန်ကုန်မြို့ကြီးကို လော့ဒေါင်းချလိုက်ရင် ဖြစ်ပေါ်လာမယ့် ဆိုးကျိုးများ

ပထမဆုံး လော့ဒေါင်း ချမယ်လို့ အစိုးရကကြော်ငြာလိုက်တာနဲ့ အလွှာအသီးသီးမှ လူတန်းစားပေါင်းများစွာ ဈေး၊ စူပါမားကပ် အစရှိသည်နေရာများတွင် လူစုလူဝေဖြစ်ပေါ်လာပါလိမ့်မယ်။ ကြောက်လန့်တကြား ဝယ်ယူမှုတွေ ဖြစ်လာမယ်။

နောက်ဆက်တွဲအနေနဲ့ ကြောက်လန့်တကြား ဝယ်ယူမှုတွေကြောင့် လက်ထဲ ပိုက်ဆံရှိပေ့မယ် စာနပ်ရိက္ခာ ဝယ်မရဖြစ်ပေါ်လာမယ်။ အစိုးရက လော့ဒေါင်း ကာလ ထောက်ပံ့သည်ထားအုံး လှိုင်သာယာလို ကျုးတဲတွေနဲ့ တရာမဝင်နေထိုင်သည့်နေရာများ စာရင်းတွင် ပါဝင်ဖို့ မလွယ်ပါ။ ထိုသို့မပါဝင်လာပါ ထိုသူများ ဘာဆက်လုပ်မလဲ။ ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုသလို ခိုးဆိုးလုယက်မှုတွေ ဖြစ်ပေါ်လာမှာ ဧကန်မလွဲပါ။ လမ်းပေါ်ထွက် ဆူပူမှုတွေ ဖြစ်ပေါ်လာခဲ့ရင် အုပ်ချုပ်ရေး ယန္တရား ပျက်ဆီးလု နီးပါးဖြစ်လာနိူင်ပါတယ်။

ရန်ကုန်မြို့ဟာ မြန်မာနိူင်ငံရဲ့ အဓိက စီးပွားရေအချက်အချာကျဆုံး မြို့တော်ပါ။ လော့ဒေါင်းကြောင့် အဓိက သွင်းကုန်၊ ထုတ်ကုန်၊ ဖြန့်ချီ‌ရေးလုပ်ငန်း အစရှိသည် အရေးပါသော လုပ်ငန်းပေါင်းများစွ ာရပ်တန့်သွားမှာပါ။ ထို့အတူ ရန်ကုန်မြို့ဈေးကွက်ကို မှီခိုပြီး အနယ်နယ် အရပ်ရပ်မှ ပန်း၊သစ်သီးဝလံ၊ အသီးရွက်၊သားငါး စသည့် လုပ်ငန်းပေါင်းဆုံ အားလုံးလည်း ရပ်ဆိုင်းသွားပါလိမ့်မယ်။

စက်ရုံအလုပ်ရုံးများမှ လုပ်ငန်းရှင်များ ၎င်းတို့ လုပ်ငန်းဆက်လက်လည်ပတ်နိူင်စွမ်း မရှိတော့လျှင် စက်ရုံပိတ်သိမ်းခြင်း၊ ဒေဝါလီခံခြင်းများ ဖြစ်ပေါ်လာနိူင်ပါသည်။ နောက်ဆက်တွဲအနေဖြင့် အလုပ်လက်မဲ့ဦးရေနှင့် ၎င်းအလုပ်သမားပေါ် မှီတင်နေထိုင်သည့်မိသားစုများစွာ ထိခိုက်လာပါလိမ့်မည်။ စီးပွားရေး ယန္တရား ပျက်စီးလုနီးပါဖြစ်ပေါ်လာနိူင်ပါတယ်။

ကျန်မားရေအနေနဲ့လည်း လက်ရှိ ပိုးတွေ့လူနာနှင့် ထိတွေ့ဆက်ဆံသူမှန်သမျှ ဆက်လက်ရှာဖွေ ကုသနေရအုံးမှာပဲ။ အခုလုပ်ဆောင်နေသည့်တိုင် ဆက်လက်‌လုပ်ဆောင် နေရဆဲဖြစ်မှာပါ။ ကာကွယ်ဆေး မပေါ်မချင်း ရင်ဆိုင်တိုက်နေရအုံးမှာပါ။ ရန်ကုန် လော့ဒေါင်းအတွက် ဤအရာတွေဟာ ကျွန်တော်တစ်ဦးတစ်ယောက်‌တွေးထားတဲ့အရာတွေပါ ဒီထက်နက်နဲပြီး ပိုမိုရှုပ်ထွေးမှာ ‌အသေအချာပါပဲ။

သက်ဆိုင်ရာအစိုးရအနေနဲ့ လော့ဒေါင်း ချမယ်လို့ စာရေးပြီးအမိန့်ထုတ်ရတာ အရမ်းလွယ်ကူပါတယ် နောက်ဆက်တွဲဖြစ်ပေါ်လာမယ့် ပြသနာဟာ အခုရင်ဆိုင်နေရတာထက် ပိုမိုးဆိုးရွားနိူင်တာကြောင့် အလွယ်တကူ လော့ဒေါင်း ချဖို့ မဆုံးဖြတ်နိူင်သေးသာပါ။

အခုလက်ရှိလော့ဒေါင်း ချဖို့တောင်းဆိုနေတာဟာ လိုင်းပေါ်မှာရှိတဲ့ လူနည်းစုတစ်ခုပါ။ အချို့စားဝတ်နေရေးအတွက် ဖုန်းမကိုင်နိူင် ဖေ့ဘုတ် ဆိုတာဘာမှန်မသိတဲ့ အောက်‌ခြေလူတန်းစား ရာခိုင်နူန်းများစွာ ရှိနေသေးသည်ကို သတိပြုပါ။ ကိုယ်အတွက် တစ်ပတ် နှစ်ပတ် ဘာမှမဟုတ်ပေမယ့် ချို့တဲ့ တဲ့သူတွေအတွက် ဒီနည်းလမ်းဟာ အကောင်းဆုံးနည်းလမ်းမဟုတ်ပါ။

ဒီလိုဆိုရင်ဘာဆက်လုပ်မလဲ အသေခံရမှာလားဆိုပြီး မေးခွန်းတွေ မေးလာပါလိမ့်မယ်။ လက်ရှိ အစိုးရက စည်ကမ်းချက်တွေထုတ်ပြန်ထားပြီး ကျန်းမာရေးက ‌ကပ်ရောဂါနှင့်ပတ်သတ်ပြီးကူးစက်မှုနည်းပါးရန် လိုက်နာရမယ့် အချက်တွေထုတ်ပြန်ထားပါတယ်။ထိုအချက်တွေကို ပြည်သူ တစ်ယောက်တိုင်းက လိုက်နာလျှင် ကူးစက်မှု လျှော့နည်းလာပါလိမ့်မယ်။

အစိုးရအနေနဲ့လည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်၊ဥပဒေတွေကို ဒီထက် ထိထိရောက်ရောက် အရေးယူသင့်ပါတယ်။ လက်ရှိ ကပ်ရောဂါကို ကမ္ဘာ နိူင်ငံအသီးသီးက ခံစားနေရတာပါ။ ကုသဖို့ဆေးမရှိသလို ကာကွယ်ဆေးလည်း မည်သည့်နိူင်ငံမှ မရရှိသေးပါ။ ကူးစက်မှုနဲ့ သေနူန်းကိုလည် လက်ရှိ အင်အားကြီးမားသည့် နိူင်ငံကြီးများတောင် မခုခံနိူင်သေးပါကြောင်း။

ကိုဗစ်ကပ်ရောဂါဆိုးကြီးမှ အမြန်းဆုံးကင်းဝေးအောင် အတူလက်တွဲ ရင်ဆိုင်ဖြတ်သန်းကာကွယ်ကြရအောင်နော်

Ko Htet

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page