ဒီလောက် ပြောနေကြတာတောင် လုပ်ရက်ကြတဲ့ သူတွေ (အားလုံးအတွက် အန္တရာယ်ရှိပါတယ်)

ဒီလောက် ပြောနေကြတာတောင် လုပ်ရက်ကြတဲ့ သူတွေ (အားလုံးအတွက် အန္တရာယ်ရှိပါတယ်)

ဒီလိုပုံတွေ အရင်ကတော့ ဖေ့စဘွတ်မှာ သူများတင်တာဘဲ မြင်ဖူးတာပေါ့.. ခုတော့ကိုယ်တိုင် ကြုံလိုက်ရပါပြီ။

တစ်ခုပြောချင်တာတော့ တစ်ဆောင်မှာ လူနာ ၆၆ ခုတင် ထားပါတယ်.. အဲ့ထဲက ၁၀ ခုတင်မှာပဲ အောက်ဆီဂျင်ရနိုင်ပါတယ်.. ပြီးတော့ အဲ့ O2 cylinder တွေကို လူကြီးမင်းတို့ရဲ့ ခေါင်းရင်း အဆောင်အပြင်ဖက်မှာ ထားထားပါတယ်နော်။

ကျွန်မတို့ တာဝန်ယူထားရတဲ့ ကိစ္စတွေက ကုသရေးတစ်ခုထဲ မဟုတ်ပါဘူးနော်.. တစ်ကိုယ်ကောင်းစိတ်ကလေးတွေ လျှော့နိုင်သမျှလျှော့ရင်း မိမိတတ်နိုင်တဲ့ဖက်မှ ပါဝင်ကူညီပေးနိုင်ရင် သိပ်ကောင်းမှာပါ.. ကျွန်မတို့မှာလည်း ကျွန်မတို့ ကျန်းမာစွာ အိမ်ပြန်လာမှာကိုမျှော်နေတဲ့ မိသားစုနဲ့ပါ..

Hsu Thet Wai (MSG 200 bedded Covid Centre)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page