တနှစ်သားအရွယ် ဧရာဝတီ လင်းပိုင်မလေး ဘက်ထရီရှော့တိုက်ဖမ်းဆီးမှုကြောင့် သေဆုံး

တနှစ်သားအရွယ် ဧရာဝတီ လင်းပိုင်မလေး ဘက်ထရီရှော့တိုက်ဖမ်းဆီးမှုကြောင့် သေဆုံး

၂၉-၁၀-၂၀၂၀ ရက်နေ့ နံနက်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာနေ ရေလုပ်သား ဦးကျော်ဆန်းမှ ၎င်းတို့ရွာ၏ မြောက်ဘက် ကိုင်းတောအနီးတွင် လင်းပိုင်ငယ်တစ်ကောင် သေဆုံးကြောင်း လင်းပိုင်ကို ဆယ်ယူပြီး ကုန်းပေါ်သို့ သယ်ယူထားကြောင်း ကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ သတင်းပေးပို့ခဲ့ပါသည်။ ထိုမှတစ်ဆင့် သတင်းပေးပို့မှုအရ မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့ ၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်း ဦးဆောင်သော အဖွဲ့နှင့်အတူ အမှတ်(၁) ရေကြောင်းရဲ ကွပ်ကဲမှုအဖွဲ့ခွဲ၊ ဒေသခံ ဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တို့ မှ စစ်ဆေး မှတ်တမ်းရယူခဲ့ခြင်းဖြစ်ပါသည်။

လင်းပိုင်သေ၏ အချက်အလက်များ – (အထီး/အမ) အမ၊ ခန္ဓာကိုယ်အလျား ၄ ပေ၊ ၅ လက်မ၊ ခန္ဓာကိုယ်လုံးပတ် – ၂ ပေ၊ ၁၀ လက်မ၊ အမြီးရွက်(၂)ခုအစွန်းအကြား ၁ ပေ၊ ၂ လက်မ၊ ရှေ့ရေယက်အလျား ၃ပေ ၆ လက်မ၊ ခန့်မှန်းအသက် ၁နှစ်ကျော်ခန့် သွားမပေါက်သေး

သေဆုံးရသည့်အကြောင်းအရင်း – နေပြည်တော် ငါးလုပ်ငန်းဦစီးဌာနမှ ဒုဦးစီးမှူး ဦးဇော်မန်းနှင့် ဒေသခံ ရေလုပ်သားဦးကျော်ဆန်း ပြောပြချက်အရ ဧရာဝတီလင်းပိုင်များသည် ဧရာဝတီမြစ်အတွင်း ငါးများရှိရာ ချောင်းရိုး၊ လိုက်လံအစာရှာဖွေ စားသောက်သည့် အလေ့အထရှိခြင်းကြောင့် တရားမဝင် ဘက္ထရီရှော့တိုက် ငါးဖမ်းဆီးမှုနှင့် ရင်ဆိုင်တွေ့၍ ဧရာဝတီလင်းပိုင်ငယ် သေဆုံးခြင်း ဖြစ်သည်ဟု သိရှိရပါသည်။

ဆောင်ရွက်ထားရှိမှု – ဧရာဝတီလင်းပိုင်သေအား မှတ်တမ်းထားရှိနိုင်ရေး ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနှင့် ရွာသစ်ကျေးရွာ ကြား တောင်ခြေရင်းတွင် အမှတ်အသားပြုလုပ်၍ မြုပ်နှံထားရှိကြောင်းသိရှိရပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page