အလုပ်ရမယ်ဆိုပြီး အမျိုးသမီးငယ်လေးတွေကိုပဲ လိုက်လိမ်နေတဲ့ လူလိမ်

အလုပ်ရမယ်ဆိုပြီး အမျိုးသမီးငယ်လေးတွေကိုပဲ လိုက်လိမ်နေတဲ့ လူလိမ်

အဲ့လူ လူလိမ်ပါနော် များများ မျှေဝ ပေးကြ ပါ ကမာရွတ်တို့ ဆူးလေ ဘက်မှာ ကျင်လည်ကျက်စားနေတာပါ Taxi သမားနဲ့ပါ ပေါင်းလိမ်တာပါ နော် အလုပ်က iphone ကုမ္ပဏီ မှာ လုပ်ရမှာပါ uniform ရှိတယ် Ferry ရှိတယ် ဆို မက်လုံး ပေးပါတယ်

ထောက်ခံစာတွေကို ယုံကြည်အောင်တောင်းပါတယ် ပီရင် ရုံးလိပ်စာ ကိုမပြော ပဲ ဟိုနေရာ လာခဲ့ပါ ဒီနေရာ လာခဲ့ပါ ဆိုပီ ပြောပါတယ်နော် ပီ ရင် ကောင်မလေးတွေကိုစု ပီး ဟိုအအေးဆိုင် ထိုင် ဆိုင်ဆိုင်ထိုင် လုပ် ပီး အမျိုးမျိုး လုပ်ပါတယ် ရုံးချုပ်ခေါ်သွားမှာလေး ဘာညာနဲ့ ညီမ နဲ့အတူ ကောင်မလေး ၃ယောက်ကို လိမ်တာ ပါ ညီမ က အများကြီးမပါသွားပါဘူး

ညီမ ကိုအစက ဆူးလေ ကို ချိန်းပါတယ် ရောက်ခံနီးကျမှ လှည်းတန်းကို ချိန်းပါတယ် လှည်းတန်းရောက်တော့ ဆိုင်တစ်ဆိုင် ထိုင်နေကြပါတယ် အဲ့မှာ ကောင်မလေးတယောက်လဲ ရှိပါတယ် အာ့နဲ့နေရော နောက်ထပ် တယောက် ရောက်လာ ပါတယ်

ပီတော့ ဆူးလေမှာ တယောက် ဝင်ခေါ်ဦမယ်ဆိုပီ ဝင်ခေါ်ပါတယ် ပီရင် စာရွက်တွေ လိုတယ်ဆိုပီးတော့ မိတ္တူကူးရမယ်ဆိုပီ ထပ်လုပ်ပါတယ် အာ့နဲ့ ရန်ကင်းနားက ဆိုင်မှာ ထပ်ထိုင်ကြပါတယ် ပီတော့ ညီမ ကိုအောင်လက်မှတ်အစစ်လိုတယ် ဘာညာ ဆိုပီ ယူခိုင်းပါတယ်

အ့ာ့နဲ့သူ taxi သမား နဲ့ သွားယူခိုင်းလို့သွားယူ ပါတယ် လမ်းမှာ Taxi သမားက ဆီထည့်ချင်လို့ဆိုပီ ပိုက်ဆံ ၅၀၀၀ တောင်းပါတယ် ပီးရင်ပြန်ပေးမယ်တဲ့ ဆိုပီ နောက်တော့ပြန်မပေးပါဘူး ကားပေါ်မှာ ကားသမားကို အကိုက ကုမ္ပဏီ က ကားလားလို့မေးတော့ မဟုတ်ဘူးတဲ့

အဲ့ ညီလေး နဲ့ပဲ ခင်တာ တဲ့ ကုမ္ပဏီ က ကားက ဒီနေ့ အလုပ်ပိတ်တော့ ဘာ ဖစ် တယ်ညာဖသ်တယ်နဲ့လျှောက်ပြောပါတယ် ပီတော့ ညီမ က အိမ်ကသွားယူ တော့ လူ ထပ်ပါ လာ မှာ ဆိုးလို့ လား မသိ Taxi သမားကို ဖုန်းထပ်ဆက်ပီးမေးတယ် taxi သမား ပြောတာ ပဲ ကြားရ တယ်

ဟိုက ဘာမေးလဲ မသိ ”မပါ ပါဘူးကောင်မလေးတယောက် ထဲပါ ပဲ ”တဲ့ လူ အပို ပါ လာမှာ ကို သူအရမ်းကြောက်နေ ပုံ ရလို့အဲ့ ထဲ ပိုပီ သတိထားလိုက်တာ အလုပ်ကိုလဲ ယောကျားလေး လိုလားဆိုတော့ အီလည်လည်လုပ်ပါတယ် မိန်းကလေးဆိုတော့ ခေါ်လာခဲ့တဲ့ ယောကျားလေးဆိုတော့

ဟိုလိုပြောဒီလိုပြောနဲ့ စာရွက်ယူပီး ရန်ကင်းနားက ဆိုင် ပြန်သွားတော့ အဲ့ဆိုင်မှာ ပထမ ညီမ ကိုတယောက်ထဲ ထားခဲ့တဲ့ပုံစံ နဲ့ကောင်မလေး၃ယောက်ကို ခေါ်သွားပါတယ် ဆိုင်က မှာစားထားတွေ သူမရှင်းထားပါဘူး အာ့နဲ့ သူတိူ့မသွားခင် ညီမ က စားထားတဲ့ဟာတွေ မရှင်းသွား ဘူး ဆိုင်ရှင်က ပြောနေ တယ်ဆိုပီ ဖုန်းဆက်တော့ ပြန်လာ ရင်ရှင်းမယ် ဘာညာနဲ့ လုပ်ပါတယ်။

အဲ့မှာ ညီမက ညီမ တယောက်ထဲ ဘာလို့ထားခဲ့တာ လဲ ညာလဲ လုပ်မှ နေက်ထပ်တယောက်ကို ထပ် ထားခဲ့တယ် ၂ယောက် ဆီခေါ်မယ်ဆိုပီး ပီတော့ အဲ့ဆိုင်ကို ပြန်မလာပါဘူး ညီမ ဖုန်းဆက်တော့ ညီမ ဖုန်းကို မကိုင် တော့ဘူး

အာ့နဲ့ ညီမနဲ့အတူ ကျန်ခဲ့တဲ့ ကောင်မလေး ဖုန်းကျ ကိုင်ပီ ညီမ လေးစားရိတ်ငြိမ်းမို့ ပြန်တော့ဆိုပီ ပြောတယ်တဲ့ ညီမ ကိုဆိုင်မှာ ထပ်စောင့်ခိုင်းတဲ့ပုံစံ နဲ့ ပြောတော့ဟိုကောင်မလေးကလဲ ယုံပီ သူတို့စားထားတဲ့ဟာ လဲ ကောင်မလေး က ရှင်းလိုက်ရပါတယ် ပီတော့ ညီမ ဖုန်းကို blacklist လုပ်လိုက်ပါတယ်

ဆက်လို့မရတော့ဘူး ပိုက်ဆံ ပြန်လွဲပေးဖို့ပြောတာ ကို ပေးမယ် ပဲပြောပီ ဖုန်းမကိုင်တော့ဘူး ပါသွား ကောင်မလေး ၂ယောက်က သူတို့ ဖုန်းကို အလစ်သုတ်ခံ လိုက်ရတယ်ဆိုပီ ညီမတို့ဆီ ဖုန်းဆက်ပါတယ်

သူတို့ကိုအယုံသွင်းပီ ဖုန်းပါသွားတယ်တဲ့ ညီမ တို့ဖုန်းနံပါတ် ဘယ်က ရတာ လဲ မေးတော့ ညီမ တို့ cv ဖောင်တွေက သူလက်ထဲ ထားခဲ့ပီး ညီမတို့ ဖုန်းပါသွားတာ တဲ့ အလုပ်ဆိုပီ လိမ်နေတာပါ ဘယ်အချိန်ထဲ က လုပ်စားနေလဲ မသိ ဘူး မိန်းကလေးတွေ သတိထားပါ လူပါမသွား တာပဲ ကံကောင်းတယ်ပြောရမယ် ကမာရွတ်က ကောင်လို့ သိရပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page