ကိုဗစ်ကာလမှာ စားပွဲထိုး ဖြစ်သွားကြတဲ့ လေယာဥ်မယ်နဲ့ ပိုင်းလော့များ

ကိုဗစ်ကာလမှာ စားပွဲထိုး ဖြစ်သွားကြတဲ့ လေယာဥ်မယ်နဲ့ ပိုင်းလော့များ

ကိုဗစ် အချိန်မှာ ထိုင်းအဲယားဝေးက တော့ လေယာဉ် အဆင်အပြင်တွေနဲ့ စားသောက်ဆိုင်ဖြစ်သွားတယ်။ သူတို့လေယဉ်ကကျွေးတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးလို့ရတယ်..

လေယဉ်မယ်တွေက စားပွဲထိုးဖြစ်သွားတယ်။ ပိုင်းလော့တွေ ကလာစားတဲ့ လူတွေနဲ့ ဓါတ်ပုံရိုက်နိုင်ဖို့ ယူနီဖောင်း အပြည်အစုံနဲ့ နေပေးရတယ်။ ကျနော် – ကျမတို့ က လေယာဉ်မယ်တွေစားပွဲမထိုးနိုင်ဘူး! လေယာဉ် ပိုင်းလော့ကွ၊ ပညာတွေအများကြီးသင်ထားရတာ မတ်တပ်ရပ်ပြီး ဓါတ်ပုံ မရိုက်ခံနိုင်ဘူး ဆိုရင် တော့ အလုပ်နား သို့မဟုတ် လစာမရတော့ဘူးပေါ့ဗျာ…

အဲအာရှ ကလဲ သူတို့လေယာဉ်ပေါ်မှာရောင်းတဲ့ စားစရာတွေကို ကေအက်ဖ်စီလို အမြန်စား စားသောက်ဆိုင်ဖွင့်ပြီး လေယာဉ်မယ်တွေကို ‌ရောင်းခိုင်းနေပြီ.. မရောင်းဘူးဆိုရင်အလုပ်နားပေါ့။

သြစတြေးလျ က Qantas လေကြောင်းလိုင်းက လေယာဉ် ပတ်စီးမဲ့ အစီအစဉ်ကို လုပ်လိုက်တာ လက်မှတ်တွေရောင်းကုန်သွားပြီ။ အချိန် 8 နာရီ‌ကျော် ပျံသန်းမယ်၊ သြစတြေးလျက နာမည်ကြီးနေရာတွေကို အပေါ်ကနေကြည့်လို့ရမယ်တဲ့။ တော်တော်အောင်မြင်သွားတော့ အခု အန္တာတိကတိုက် (Antarctica) ကရေခဲတွေ သွားကြည့်ဖို့ လေယာဉ်လက်မှတ်တွေရောင်းနေပြီ။ ပျံသန်းချိန် ၁၁ နာရီကြာမယ်။

စင်ကာပူလေကြောင်းလိုင်းကလဲ သြစတြေးလျမှာ အောင်မြင်နေတော့ သူ့ကလဲ Flight to nowhere စလုပ်နေပြီ။

အခုအချိန်မှာ မာန်မာနတွေ၊ အရင်တုန်းကသင်ထားတဲ့ ပညာတွေ၊အတွေ့အကြုံတွေ၊ ထုံးလမ်းစဉ်လာတွေအားလုံးကို ဘေးမှာ ချပြီး အသစ်နည်းလမ်းတွေနဲ့ ကြိုးစားနေရပါပြီ.

ကျနော့မြန်မာပြည်က မိတ်ဆွေတွေရော ဘာတွေများ ပြောင်းလဲနေကြပြီလဲ?

ကျနော်လဲပြောင်းလဲနိုင်အောင် တော်တော်ကြိုးစားနေရပါတယ်။

Kyaw Min Zin

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page