ကိုယ်ပိုင်ကားတွေ အပြင်မထွက်ရတဲ့အပေါ် လောင်မြိုက်နေသူတွေ ထားရမယ့် ကိုယ်ချင်းစာတရား
ကိုယ်ပိုင်ကားတွေ အပြင်မထွက်ရတဲ့အပေါ် လောင်မြိုက်နေသူတွေ ထားရမယ့် ကိုယ်ချင်းစာတရား
စာအရှည်ကြီး ရေးမှဖြစ်တော့မယ်။ ကိုယ်ပိုင်ကားတွေနဲ့ အပြင်ပေးမထွက်ဘူးဆိုတဲ့ကိစ္စပါ။ အခု ရန်ကုန်တိုင်းတစ်ခုလုံး မြို့နယ်တော်တော်များများမှာ မြို့နယ်ဖြတ်ကျော်သွားလာခွင့်ပါမစ် QR code တွေ လိုအပ်လာပြီဖြစ်ပါတယ်
ကိုယ်ပိုင်ကားနဲ့ မသွားလာခွင့်ဆိုတာထက် ကိုယ်ပိုင်ကားနဲ့ မလိုအပ်ပဲ လက်ယားလက်ယား မသွားကြဖို့ရာ အစိုးရက ပြုလုပ်နေတာပါ
မှန်ပါတယ် ကိုယ်ပိုင်ကားနဲ့ ပိုးကူးနိုင်ခြေနည်းတယ်ဆိုပေမယ့် ကိုယ်ပိုင်ကားအသုံးပြုမှုလျော့ချလိုက်တဲ့အခါ တစ်ကယ်လိုအပ်လို့ အပြင်ထွက်နေရတဲ့ လူတော်တော်များများအတွက် Traffic ပြဿနာ လျော့နည်းသွားပါတယ် Public Transportation ဖြစ်တဲ့ YBS အသုံးပြုနေကြတဲ့သူတွေအတွက်လည်း YBS ပေါ်မှာ အချိန်ကြာကြာ ရှိနေရတဲ့ အချိန်ကာလလျော့နည်းသွားသောကြောင့် ပိုးကူးနိုင်ခြေလည်း လျော့နည်းပါတယ်
တစ်ကယ်လိုအပ်လို့ လုပ်ငန်းခွင်သွားရောက်တဲ့ လူတွေအတွက် အတတ်နိုင်ဆုံး ပိုးကူးနှုန်းလျော့အောင် အစိုးရက စီစဉ်နေတာပါ။ ဒါကို လက်ယားလက်ယားထွက်နေတဲ့ ကိုယ်ပိုင်ကားပိုင်ရှင်များအနေဖြင့် ကိုယ်ပိုင်ကားနဲ့ထွက်မရလို့ လောင်မြိုက်မနေပါနဲ့
သင့်မှာ ထွက်ဖို့လိုအပ်ပါကလည်း QR Code ဖြင့်ထွက်ရပါတယ်။ လုံးဝ(လုံးဝ) ပေးမထွက်တာမဟုတ်ပါဘူး။ ဒီတော့ ဖေ့ဘုတ် ပေါ်တတ်ပြီး လောင်မြိုက်နေမယ့်အစား ကုသိုလ်ရအောင် မဟာဗောဓိချန်နယ်က တရားလေးတွေ နာနေပါလို့ အကြံပေးချင်ပါတယ်
အထက်ပါအကြောင်းအရာကို အကောင်းဆုံး ဥပမာပေးရရင် သင်တောင် ကိုဗစ်မတိုင်ခင်တောင် လူပေါင်းစုံတဲ့ YBS မစီးနိုင်လို့ ကိုယ်ပိုင်မော်တော်ကား စီးနေရတာမလား အဲလိုပဲ လူတိုင်းကလည်း ကိုယ်ပိုင်ကားလေး စီးချင်ကြတာပေါ့ ဒါပေမယ့်လည်း မတတ်နိုင်တဲ့အခြေအနေ အကြောင်းကြောင်းကြောင့် Public Transportation ကို မှီခိုနေရတာပါ ထိုလူတွေကို ကားပိတ်နေချိန် လူပေါင်းစုံစီက ရောဂါပေါင်းစုံမကူးအောင် သင့်အနေနဲ့ မလိုအပ်ပဲ ကိုယ်ပိုင်မော်တော်ကား အသုံးပြုချင်း လျော့ချပေးလိုက်ပါ
Kaung Htet