လက်ပန်းကျနေပြီ ဖြစ်တဲ့ ရှေ့တန်း တိုက်စစ်မှူးတွေနဲ့ ရေရှည်ဗျူဟာပြောင်းရမယ့် အခြေအနေ
လက်ပန်းကျနေပြီ ဖြစ်တဲ့ ရှေ့တန်း တိုက်စစ်မှူးတွေနဲ့ ရေရှည်ဗျူဟာပြောင်းရမယ့် အခြေအနေ
Medical Hero သူရဲကောင်းတွေ ဘာညာ စွတ်မြောက်ပေးနေကြတယ်။ အခုလုပ်ပေါက်က အဲ့ သူရဲကောင်းတွေ ဘယ်လောက်ကျွမ်းပစ်နေတယ်ပြောအုံးမယ်
သားဖွါးမီးယပ် အကြီးဆုံးဆေးရုံကြီးမှာ ပေါစတစ်လူနာတစ်ယောက်လာသွား၊ ဆရာဝန်တစ်ယောက်ရောဂါလက္ခဏာပြလို့ဆိုပြီး ဆရာဝန်တွေရော နာစ့်တွေရော အများကြီး Q ထည့်ပလိုက်တယ် (၃၀ လောက်လို့ကြား) ဒီတော့ ဘာဖြစ်လဲ၊ နည်းနည်းပဲကျန်တဲ့သူတွေ နေ့ရောညရော ဆင်းရတာပေါ့။ ဆရာဝန် အကြီးတစ်ယောက် အငယ်တစ်ယောက်နဲ့ ချတဲ့နေရာက ချနေရတယ်။ မွေးလူနာဆိုတာ မထွက်နဲ့အုံး အောင့်ထားဆိုပြီး အပေါက်ကို ပြောင်းဖူးရိုးနဲ့ ဆို့ထားလို့မှ မရတာကိုး
In service ဆရာဝန်တွေက ငြီးတယ်မထင်နဲ့၊ လက်ရှိ ဆရာဝန်ဆိုတာ အသည်းအသန်လုပ်ချင်လွန်းတဲ့သူချည်းကျန်တာ။ မလုပ်ချင်တဲ့သူတွေ အစောကတည်းက ထွက်ကုန်ပြီ။
အဲ့မှာ ပြဿနာက ဘာတက်လဲဆိုတော့ အိမ်တွေနဲ့တက်တာ။ ဆေးရုံဆိုတာ တကယ့် ကူးမယ့်နေရာလေ။ အကာအကွယ် အပြည့်အစုံ PPE တောင်းတော့ ဆေးရုံအုပ်တွေက မပေးဘူး။ ကိုယ်တိုင်အလှူခံခွင့်လဲမရှိဘူး၊ လှူချင်ရင် ဆေးရုံအုပ်ဆီလှူ၊ သူပြန်ချပေးရင်ရမယ် မချပေးရင် မရဘူး။ အခု disposal gown တစ်ခါသုံးကို ဆရာဝန်တစ်ယောက်တစ်ခုပေးပြီး ပြန်လျှော်သုံးခိုင်းသတဲ့။ PPE မှလားဆိုတော့မဟုတ်ဘူး။
In service ဆရာဝန်တွေက အမုန်းဆွဲမှာ။ ဆေးရုံကနေ အိမ်လုံးဝ မပြန်ဘဲ ဂျူတီဆင်းမယ်အထိ ပြောတယ်။ ဆေးရုံမှာ နေစရာမပေးနိုင်ဘူးတဲ့ ပြတ်ရော။ သူငယ်ချင်းလင်မယားဆို အိမ်ကဆင်းပြီး ဘုန်းကြီးကျောင်းသွားနေရတယ်အခု။ အိမ်မှာ လူကြီးတွေနဲ့ ကလေးတွေရှိတော့ မကူးစေချင်လို့တဲ့။
နောက်သူငယ်ချင်းတစ်ယောက်ဆို အိမ်နဲ့ကွိုင်နေတာ၊ ယောက္ခမတွေက စကတည်းက လုပ်တာမကြိုက်တော့ အခုဆို အိမ်ကိုကူးလာရင် အတွေ့ပဲဆိုပြီး ကြိမ်းခံထားရတာ၊ ကလေးငယ်လေးတွေလဲရှိတော့ မပြန်လို့ကလဲမဖြစ်။ စိတ်ဓါတ်တွေ အကြီးကြီးကျနေတာ။
ကုသရေးဖက်က ပရော်ဖက်ဆာလဲ ဆေးရုံအုပ်ကို ကျော်မရဘူး။ တကယ့် head professor တွေပါ သူတို့ကုသရေးဆရာဝန်တွေ နေဖို့စားဖို့ မနည်းလိုက်ညှိနေ အလှူခံနေရတယ်၊ သူတို့လဲတိုင်ပတ်။ ဟိုနေ့က ထပ်မလွှတ်နိုင်ပါဘူးဆိုတဲ့ Physician တွေဖက်က စာထွက်လာတာ အလကားမဟုတ်ဘူး။ အတော်ကြီးကို ညှိမရတော့လို့ ထဖြဲတာ။
မဟုတ်တဲ့သူတွေကျ Q ဖို့ အတင်းခိုင်းပေးပြီး ရှေ့တန်းကတိုက်နေတဲ့ ဆရာဝန်တွေကျ ဘာမှလုပ်မပေးဘူး။ ကုသရေးက အာဏာမရှိဘူး ဒါပေမယ့် တကယ်တန်းရှေ့ဆုံးက ဗျင်းနေရတာ သူတို့တွေ။ အုပ်ချုပ်ရေးပိုင်းက အာဏာရှိတယ် ဒါပေမယ့် ကုသရေးပိုင်းကို လုံလောက်တဲ့ supply မပေးတဲ့အပြင် ကိုယ့် supply ကိုယ်ရှာမယ်ဆိုရင်တောင် ကွိုင်ရှာတာမျိုး။
ဒီအတိုင်းဆက်လုပ်နေရင် တကယ့်ကွိုင်အကြီးကြီးတက်မှာ US မှာ လုပ်နေတဲ့ ဘော်ဒါတွေကတော့ ရှင်းတယ်။ ဘယ်လောက် positive နဲ့ထိထိ အလုပ်ဆက်ဆင်းပဲ။ Q ဖို့မပြောနဲ့ swab တောင်မယူပေးဘူးတဲ့။ နိုင်ငံကြီးဆိုလို့ ပြည့်စုံနေတာကိုးလို့ စွတ်အထင်ကြီးမနေနဲ့။ သူတို့လဲ N95 တောင်မရလို့ surgical mask နဲ့ ကြုံးနေတာ။ N95 လေး တစ်ခုလောက်ရရင် ဝမ်းသာလွန်းလို့ မပစ်ရက်ဘဲ ရက်ပေါင်းများစွာ ပြန်သုံးနေရတာ။
သူတို့က ဒီကလုပ်နေပုံတွေမြင်တော့ ဘာတွေလျှောက်လုပ်နေတာလဲ တကယ်ကို နားမလည်ဘူးတဲ့။ အေးရော။ သူရဲကောင်းတွေ ပြဿနာတက်နေတာ လာပြောတာ။
(မမှန်ဘူးတော့ လာမဖြဲနဲ့ အတွင်းရေးတွေမို့ မလိုဘဲ ss တွေထုတ်မပြတာ။ သက်သေ အကုန်ရှိတယ်)
Dr Kyaw Kyaw Sai