ရခိုင်ကျောက်ဖြူဆိပ်ကမ်းကို ပေါက်ဖော်ကြီးတို့ လက်မလွှတ်နိုင်ရတဲ့ အဓိက အကြောင်းရင်း

ရခိုင်ကျောက်ဖြူဆိပ်ကမ်းကို ပေါက်ဖော်ကြီးတို့ လက်မလွှတ်နိုင်ရတဲ့ အဓိက အကြောင်းရင်း

အဘတို့နဲ့ပေါင်းပြီး တရုတ်တို့အပိုင်ချည်ထားခဲ့တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ မမျှတတဲ့ စာချုပ်စည်းကမ်းတွေကြောင့် အရပ်သားအစိုးရလက်ထက်မှာ ဆိုင်းငံ့ခံခဲ့ရပါတယ်။

စစ်အစိုးရနဲ့စာချုပ်အရ အကျိုးအမြတ်ခွဲဝေမှုအချိုးဟာ တရုတ် ၈၅% ၊ မြန်မာ ၁၅% ပဲ ရမှာကို၊ ပြည်သူ့အစိုးရလက်ထက်မှာ တရုတ် ၇၀% ၊ မြန်မာ ၃၀% အထိ ဆွဲတင်နိုင်ခဲ့ရပါတယ်။ ဒါ့အပြင် တရုတ်တို့အဆိုပြုတဲ့ ကန်ဒေါ်လာသန်း ၇၅၀၀ ဖိုးရင်းနှီးမြှုပ်နှံမယ့်အကြံကိုလည်း မြန်မာဖက်က ၁၃၀၀ အထိလျှော့ချပစ်လိုက်ကာ တရုတ်တို့ရဲ့ အကြွေးထောင်ချောက်မှ ရှောင်ရှားနိုင်ခဲ့ရပါတယ်။

ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ ပထဝီနိုင်ငံရေးအရ မဟာဗျူဟာမြောက်နေရာသာမက၊ သဘာဝတရားရဲ့ မျက်နှာသာပေးခြင်းအရဖြစ်တည်နေတဲ့ ရေအနက် ၂၅ မီတာ၊ လေမုန်တိုင်းရန်ကနေ ကင်းလွတ်နေခြင်း စတဲ့ ရေနက်ဆိပ်ကမ်းတို့မှာ ရှိရမယ့် ကြန်အင်လက္ခဏာတွေနဲ့လည်း ပြည့်စုံနေပါသေးတယ်။

မြန်မာ့လက်ရှိအကြီးဆုံးရန်ကုန်ဆိပ်ကမ်းဟာ တန်ချိန် တစ်သောင်းအထိ ပင်လယ်ကူးသင်္ဘောတွေကိုသာ လက်ခံနိုင်ပေမယ့်၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းဟာ တန်ချိန် သုံးသိန်းအထိ သင်္ဘောကြီးတွေ ဆိုက်ကပ်လာနိုင်ပါလိမ့်မည်။ ဒါ့အပြင် ဥရောပ၊ အာဖရိက နဲ့ အရှေ့အလယ်ပိုင်း‌ဒေသတွေကနေလာမယ့် ကုန်စည်ပစ္စည်းတွေနဲ့ ရေနံ၊ သဘာဝဓါတ်ငွေ့တွေကိုပါ၊ အရင်လို ရေကြောင်းကျပ်တည်းတဲ့ မလက္ကာရေလက်ကြားကို ဖြတ်သန်းသွားစရာမလိုတော့တဲ့အတွက် ကုန်ကျစရိတ်နဲ့ အချိန်ကို သက်သာစေအုံးမှာဖြစ်ပါတယ်။

တရုတ်တို့ရဲ့ ကုန်းတွင်းပိတ်ပြည်နယ် ယူနန်ကထွက်တဲ့ ကုန်ပစ္စည်းတွေကို ပြည်ပတင်ပို့ရာမှာလည်း မြန်မာပြည်ကို ဖြတ်‌ဖောက်ထားတဲ့ ကား၊ ရထားလမ်းမတွေကတဆင့် တင်ပို့နိုင်အုံးမှာမို့ တရုတ်တို့ ဘယ်လိုမှ လက်လွှတ်အဆုံးရှုံးမခံနိုင်တဲ့ နောက်ထပ်စီမံကိန်းတစ်ခုပဲဖြစ်ပါတယ်။

Zin Min Nyein – Ko Ko Lay

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page