လားရှိုးက ကေတီဗီနဲ့ မာဆက် နှစ်ဆောင်ပြိုင်ဆိုင်ကို ဝင်ဖမ်း (ဖောက်သည်ဧည့်သည်တွေပါ ဖမ်းပါတယ်)

လားရှိုးက ကေတီဗီနဲ့ မာဆက် နှစ်ဆောင်ပြိုင်ဆိုင်ကို ဝင်ဖမ်း (ဖောက်သည်ဧည့်သည်တွေပါ ဖမ်းပါတယ်)

လားရှိုးမြို့နယ်တွင် စက်တင်ဘာလ ၃ ရက်၊ ညပိုင်းက ဖွင့်လှစ်ခွင့်မပြုဘဲ ဖွင့်လှစ်ထားသည့် စည်းကမ်းပျက် ကေတီဗီ ဆိုင်တစ်ဆိုင်မှ အမျိုးသမီး ၈ ဦးနှင့် လာရောက်သီဆိုသူ အမျိုးသား ၁၁ ဦးတို့ကို တွေ့ရှိသဖြင့် သဘာဝဘေး အန္တရာယ် ဥပဒေများဖြင့် အမှုဖွင့် ဖမ်းဆီး အရေးယူထားတယ်လို့ သိရပါတယ်။

လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် စက်တင်ဘာလ ၃ ရက်၊ ည ၁၁ နာရီခွဲခန့် က လားရှိုးမြို့နယ်အတွင်းရှိ ကေတီဗီ နှင့် အနှိပ်ခန်းများကို ဝင်ရောက်စစ်ဆေးရှာဖွေရာ ရပ်ကွက် (၁)၊ နားမခေါ်ကားကြီး ကွင်းအတွင်းရှိ SMART-2 KTV အနှိပ်ခန်းဆိုင်တွင် ဆိုင်ရှင်နှင့်အတူ ဝန်ထမ်းအမျိုးသမီး ၈ ဦးတို့ကို ကာရာအိုကေစက် များနှင့်အတူ သိမ်းဆည်းရမိသဖြင့် သက်သေများရှေ့တွင် ရှာဖွေပုံစံဖြင့် သိမ်းဆည်းပြီး ဆိုင်ပိုင်ရှင်ဖြစ်သူ အပါအဝင် အမျိုးသမီး ၈ ဦးနှင့် ယင်း ကေတီဗီ ဆိုင်အတွင်း တွေ့ရှိရသူ အမျိုးသား ၁၁ ဦးတို့အား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲရေးဥပဒေဖြင့် အမှုဖွင့်အရေးယူထားခြင်းဖြစ်ကြောင်း သိရပါတယ်။

“ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆောင်တဲ့ ကော်မတီ အဖွဲ့ဝင်တွေနဲ့ သွားစစ်တဲ့အခါမှာ တွေ့ တာပါ။ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူလိုက်တယ်။ အမျိုးသား ၁၁ ဦး၊ အမျိုးသမီး ၈ ဦးပါ။ အမျိုးသမီးက SMARK-2 KTV ဆိုင်ရဲ့ ဝန်ထမ်းတွေပါ။ အနှိပ်ခန်းပါ တွဲဖွင့်ထားတယ်။ ဆိုင်ရှင်လည်း ပါတယ်။ ကျန်တာ က အလုပ်သမားနဲ့ ဆိုင်လာတဲ့ ဧည့်သည်ပါ” ဟု လားရှိုးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအာကာလင်းက ပြောပါတယ်။

အဆိုပါ ဖမ်းဆီးရမိမှုနှင့် ပတ်သက်၍ လားရှိုးမြို့မရဲစခန်းမှ (ပ) ၄၄၆/၂၀၂၀ ၊ သဘာဝဘေးအန္တရာယ် ဥပဒေပုဒ်မ-၂၉ ဖြင့် အမှုဖွင့်စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page