မြန်မာနဲ့ ရွှေလီဆန်ကုန်သည်တွေဆီက သန်းတသောင်းကျော်လိမ်သွားတဲ့ “လော်ကြံဖန်”

မြန်မာနဲ့ ရွှေလီဆန်ကုန်သည်တွေဆီက သန်းတသောင်းကျော်လိမ်သွားတဲ့ “လော်ကြံဖန်”

အောက်ပါ ဓာတ်ပုံရှင်နှင့်ကုမ္မဏီလိပ်စာပါသူသည် တရုတ်နိုင်ငံ ဟူပေပြည်နယ်မှ ဆန်ကုမ္မဏီပိုင်ရှင် ‘လော်ကြံဖန်’ Luo Jianfang ခေါ် (လော်လောပန်း)ဆိုသူ ဖြစ်ပါသည်၊

၎င်းသည် မြန်မာနိုင်ငံဆန်ကုန်သည်များထံမှ ကျပ်ငွေသန်းပေါင်း (၂၆၀၀) ကျော်နှင့် တရုတ်နိုင်ငံ ရွှေလီမြို့အခြေစိုက် ဆန်ကုန်သည်များထံမှ သန်းပေါင်း (၈၀၀၀)​ ကျော် စုစုပေါင်းသန်းပေါင်း (၁၀၆၀၀) ကျော် လိမ်ယူ၍ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပါသည်။

ယခု ကျွန်တော်တင်သော သတင်းသည် လုံးဝ တိကျမှန်ကန်၍ ၁၀၀% သေချာ၍တင်လိုက်ခြင်း ဖြစ်ပါသည်၊ ယခင်က သတင်းဌာနများကိုပြောကြားသည်မှာလည်း အတိအကျမသိရ၍ ကောလဟာလများဖြစ်နိုင်သည်ဟု ပြောရခြင်းဖြစ်ပါသည်၊

ဤသတင်းရေးသားချက်နှင့်ပတ်သတ်၍ ကျွန်တော့ဦးမင်းသိန်းမှ တာဝန်ယူမူ တာဝန်ခံမူရှိပါသည်။ ရွှေလီမြို့နှင့် ဝမ်တိမ်မြို့ရှိ ၎င်းပိုင်ဆိုင်သော ဆန်စက်နှစ်ခုအား ၅.၁၂.၂၀၂၀ နေ့က အကြွေးရရန် ရှိသောသူများက တစ်စစီ ဖြုတ်ယူသွားပါသည်။

ဦးမင်းသိန်း
ဆန်ကုန်သည် (၀၉-၅၃၀၂၀၈၅)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page