လာအိုကို နဂါးကြီးမြိုပြီ (ပေါက်ဖော်တို့ရဲ့ အကြွေးထောင်ချောက်ထဲ သက်ဆင်းခဲ့ရတဲ့ လာအို)
အရှေ့တောင်အာရှရဲ့ ဘက်ထရီဖြစ်စေရမယ်လို့ကြွေးကြော်ပြီး၊ တရုတ်ချေးငွေတွေနဲ့ တနိုင်ငံလုံးဗွက်ပေါက်အောင် ရေအားလျှပ်စစ်စီမံကိန်းတွေ ဆောက်ခဲ့တဲ့လာအိုဟာ အခုတော့ အကြွေးမဆပ်နိုင်တော့လို့ ဓါတ်အားလိုင်းတွေရဲ့ စီမံခန့်ခွဲမှုအာဏာကို တရုတ်ကုမ္ပဏီတစ်ခုထံ ထိုးအပ်လိုက်ရပါပြီ။
လာအိုဟာ ဆည်တွေအပြင် အမြန်ရထားလမ်းနဲ့ နယ်စပ်ကုန်သွယ်ရေးစခန်းတွေပါ အကြွေးနဲ့ဆောက်လို့ သူ့အကြွေးဟာ ၂၀၂၀ မှာ GDP ရဲ့ ၆၈% အထိတင်နေပါတယ်။ တရုတ်ချည်းက ဒေါ်လာ ၁၀ ဘီလီယံကျော် အကြွေးရှိနေပြီး၊
တနှစ်လျှင် တိုးရင်းဆပ်ပမာဏဟာ ဒေါ်လာသန်း ၁၂၀၀ ရှိနေပါတယ်။ လာအိုအစိုးရရဲ့ အရန်ငွေကြေးဟာ ဒေါ်လာသန်း ၈၆၄ သန်းပဲရှိလို့ ဘယ်လိုမှ ပြန်မဆပ်နိုင်တော့တဲ့ အခြေဆိုက်သွားရပါပြီ။
ကျွန်တော်တို့ သီရိလင်္ကာနဲ့ လာအိုအစိုးရတွေလို တရုတ်ကြွေးမီထောင်ချောက်ထဲ တိုးမဝင်မိဖို့က အင်မတန် အရေးကြီးလှပါတယ်။
ဒီလိုအချိန်မှာ ပညာတတ်အစိုးရတစ်ရပ် ရရှိပိုင်ဆိုင်ထားနိုင်ရေးက အလွန်အရေးကြီးလှပါတယ်။ ရွေးချယ်မှု မမှားကြပါစေနဲ့ ဗျာတို့ရေ။
Zin Min Nyein