လမ်းမတော်မှာ ကူးစက်လူနာအိမ် လော့ဒေါင်းချမှုပုံစံကို ပြောင်းလဲလိုက်ပြီ
လမ်းမတော်မှာ ကူးစက်လူနာအိမ် လော့ဒေါင်းချမှုပုံစံကို ပြောင်းလဲလိုက်ပြီ (အသုံးမဝင်တဲ့ စည်းကမ်းတွေ လျော့ပေါ့ပေးတာ ဝမ်းသာစရာပါ)
လူနေတိုက်ခန်းတွေမှာ ပိုးတွေ့ခဲ့ရင် တစ်တိုက်လုံးကို လော့ဒေါင်း ချတာမျိုးမလုပ်တော့ဘဲ လူနာနေထိုင်တဲ့ တိုက်ခန်းကိုသာ လော့ဒေါင်း ချတော့မှာ ဖြစ်တယ်လို့ လမ်းမတော်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းကပြောပါတယ်။
ဒီလို တစ်တိုက်လုံးကို လော့ဒေါင်းချ တာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ တိုက်ခန်းကိုသာ လော့ဒေါင်းချ တာကို မြေပြင်မှာဆောင်ရွက်တဲ့အခါ ထိရောက်ဖို့ မြို့နယ်ကိုဗစ်ကော်မတီနဲ့ တိုင်ပင်ဆွေးနွေးညှိနှိုင်း တာတွေ ပြုလုပ်ခဲ့တယ်လို့ဆိုပါတယ်။
လမ်းမတော် လို အထပ်မြင့် လူနေတိုက်ခန်းတွေ များတဲ့မြို့နယ်မှာ လော့ဒေါင်း ပြုလုပ်တဲ့ပုံစံကို ပြောင်းလဲ လိုက်တာဟာ အဆင်ပြေစေနိုင်တယ်လို့ လမ်းမတော်မြို့နယ် ၊ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ အောင်ကိုကိုကပြောပါတယ်။
လမ်းမတော်မြို့နယ်မှာတော့ ကျန်းမာရေးဝန်ကြီးဌာန ရဲ့ထုတ်ပြန်ချက်အရ ဒီကနေ့ မနက်အထိ ကိုဗစ်လူနာဟာ ၁၁၀ ဦးထိရှိနေပါတယ်။