ကမ္ဘာ့အထူးဆန်းဆုံး အမိန့်များကို လိုက်နာနေရသော မြန်မာပြည်သူပြည်သားများ

ကမ္ဘာ့အထူးဆန်းဆုံး အမိန့်များကို လိုက်နာနေရသော မြန်မာပြည်သူပြည်သားများ

လမ်းတွေပိတ်တာတော့ ဟုတ်ပြီ ပေးမထွက်တာလား ပေးမဝင်တာလားဆိုတော့ ထွက်လို့တော့ရတယ်။ ဒါဆိုအထွက်ရပြီး အဝင်မရတာလားဆိုတော့

ဟ ထွက်ပြီးမှ ကိုယ့်အိမ်ကိုယ်ပြန်ဖို့ မဝင်လို့ရမလား ဒါဆို အဝင်ရော အထွက်ရောရတာပေါ့ တခြားရပ်ကွက်ကလူကို ပိတ်တာလားပေါ့ အဲ့လိုလဲတိကျမဟုတ်ဘူး။ သေချာပြောပြပြီး ဝင်ရင် နားလည်မှုနဲ့ ရတယ်။ ဒါဆိုဝင်ပြီး အပြီးနေ ပြန်မထွက်ရတာမျိုးလားဆိုတော့ သူများအိမ် တလကိုးသီတင်း ဘယ်ပေးနေလိမ့်မလဲ

လိုရင်းကိစ္စပြီးရင် ပြန်ထွက်လို့ရတာပေါ့ အရေးကြီး အတင်းလှည့်တုပ်တာမျိုး ဘာညာ သေချာအကြောင်းပြချက်ခိုင်လုံရင် ညအိပ် အတင်းအုပ်တာမျိုး လောက်တော့ အုပ်ချုပ်ရေးမှုးကို လ္ဘက်ရည်ခိုးကူးလေး (အဲလေခိုးဖျော်)လေးတိုက်ပေါ့

ဒါဆိုလမ်းတွေက ဘာလို့ပိတ်နေသေးလဲဆိုတော့ ကားတွေမဝင်အောင်လေ။ ကားမဝင်တော့ လူကျလမ်းဆင်းလျှောက်ပြီး ကားက လမ်းထိပ်ရပ်ခဲ့ရင် မိန်းလမ်းပေါ်ပါ ပိတ်ကုန်မပေါ့။ လမ်းထဲက ကားတော့ပေးဝင်တယ် အော်သဘောပေါက်ပြီ အပြင်ကားပေးမဝင်တာပေါ့ ဟ သာရေးနာရေးတွေရှိသေးတော့ အပြင်ကား အဝင်ထွက် ဘယ်ကင်းမလဲ ခွင့်ပြုသင့်တန်ပြုရတာပဲ

ဟမ် ဘာထူးသေးလဲ ထူးတာပေါ့ ဝင်ချင်တိုင်းဝင် ထွက်ချင်တိုင်းထွက် မရတော့ဘူးလေ အေးလေ ဝင်ချင်တိုင်း ဝင်ထွက်ချင်တိုင်း မထွက်ရပေမယ့် ဝင်ချင်သူဝင်ပြီး ထွက်ချင်သူထွက်လို့ ရနေသားပဲ

ခွင့်ပြုချက်နဲ့လေကွာ ခွင့်ပြုသူက ရောဂါရှိမရှိ ဘယ်လိုစစ်ပြီး သိလို့ခွင့်ပြုမှာလဲ ဒါတော့ဒီလိုပဲကြည့်လုပ်ရတာပဲ ရောဂါပိုးက မြင်မှမမြင်ရတာ ဘယ်လိုကြည့်လုပ်ကြမလဲ ဟ အထက်ကခိုင်းတဲ့အတိုင်း လုပ်ရတာပဲ အထက်က ဘယ်လိုခိုင်းထားလို့လဲ

ငါလဲသေချာမသိဘူး စာတော့ထွက်ထားတာပဲ စာထဲလမ်းတွေပိတ်ရမယ် ဘယ်လူတော့ ထွက် ဘယ်လူတော့ဝင် ဘယ်သူ့စောင့်ကြည့်စတာမျိုးပါလား ငါလဲ သေချာမရှင်းဘူး ကြည့်လုပ်နေရတာပဲ စာထုတ်သူတွေလဲရှင်းမယ့်ပုံမပေါ်ဘူး ခပ်ရှုပ်ရှုပ်ရယ်

အဲ့တော့ ကျုပ်က ဝင်ရမှာလား ထွက်ရမှာလား ငါလဲ မသိတော့ဘူး မင်းလုပ်မှ ပိုရှုတ်ကုန်ပြီ ဝင်ချင်ဝင် မဝင်ချင်ထွက် လခွမ်းဒဲ့မှ တမနက်လုံး လ္ဘက်ရည်မသောက်ရသေးလို့ ဘူနေပါတယ်ဆိုမှ မင်းကတမှောင့်

အဲ့လိုပါဆို

အနက်ရောင်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page