ထရမ့်ရဲ့ ထိုးနှက်ချက်ကြောင့် တရုပ်တို့၏ နောက်ဆုံးမျှော်လင့်ချက် နည်းပညာကုမ္ပဏီကြီး လဲပြိုတော့မည်လော

ထရမ့်အစိုးရရဲ့ ထိုးနှက်ချက်ကြောင့် တရုပ်တို့၏ နောက်ဆုံးမျှော်လင့်ချက် နည်းပညာကုမ္ပဏီကြီး လဲပြိုတော့မည်လော…

တရုပ်တို့ရဲ့နောက်ဆုံးမျှော်လင့်ချက်လို့ခေါ်လို့ရတဲ့ သူတို့ရဲ့အကြီးမားဆုံးနည်းပညာစက်ရုံ SMIC ကို အမေရိကန်အစိုးရက နာမည်ပျက်စာရင်း(Blacklist) သွင်းဖို့စလိုက်ပါတယ်.. တရုပ်နည်းပညာကဏ္ဍကိုအသေသတ်ဖို့ ရည်ရွယ်ထားတဲ့ ထရမ့်အစိုးရဟာ ဆီးမီးကွန်ဒတ်တာ ( တပိုင်းလျှပ်ကူးပစ္စည်း ) ထုတ်လုပ်ရေးမှာ တရုပ်တွေ တိုးတက်နားလည်လာမှာကို ခွင့်မပြုတော့ဘူးလို့ ဆုံးဖြတ်လိုက်ပုံရပါတယ်…

အမေရိကန်ထုတ် ဆီမီးကွန်ဒတ်တာ လျို့ဝှက်ဒီဇိုင်းတွေကို တရုပ်တို့ဆီမရောင်းချဖို့ တားမြစ် ပိတ်ပင်လိုက်ပြီးတဲ့နောက် အမေရိကန်အစိုးရဟာ တရုပ်ရဲ့အကြီးမားဆုံးဆီမီးကွန်ဒတ်တာထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်တဲ့ Semiconductor Manufacturing International Corporation (SMIC) ကို အမည်ပျက်စာရင်း သွင်းတော့မယ်လို့ ထုတ်ဖော်ကြေညာခဲ့ပါတယ်…

သမ္မတထရမ့်ရဲ့ တရုပ်ကိုတိုက်ခိုက်ရေးမှာ အကြိုက်တွေ့နေတဲ့ လက်နက်ဟာ အမေရိကန်စီးပွားရေးဌာနက လက်ရှိမှာစီမံခန့်ခွဲနေတဲ့ “အကျုံးဝင်စာရင်း” ဆိုတဲ့ စာရင်းကြီးပါပဲ.. အဲ့ဒိစာရင်းကြီးမှာ တရုပ်ကုမ္ပဏီပေါင်း ၃၀၀ ကျော်ပါနေတယ်.. အဲ့ဒိထဲမှာ ရှင်းကျန်းပြည်နယ်က လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာပါဝင်ပတ်သက်နေတဲ့ ကုမ္ပဏီတွေ ရယ် တောင်တရုပ်ပင်လယ်ထဲက အငြင်းပွားကျွန်းတွေအပေါ်မှာ အဆောက်အအုံတွေဆောက်လုပ်တဲ့ကုမ္ပဏီတွေပါဝင်ကြတယ်…

တရုပ်တို့ရဲ့ဆီးမီးကွန်ဒတ်တာကဏ္ဍကိုကြည့်မယ်ဆိုရင် သူတို့ဟာအများအပြားထုတ်လုပ်နေရတယ်ဆိုပေမယ့် ​ထုတ်လုပ်ရေးမှာအဓိကကျတဲ့ဆော့ဖ်ဝဲယား တွေကိုထုတ်လုပ်ပေးနေကြတဲ့ အမေရိကန်ကုမ္ပဏီကြီးတွေကို မှီခိုနေရပါတယ်…

အမေရိကန်တွေက အမည်ပျက်စာရင်းဝင် တရုပ်ကုမ္ပဏီတွေကို ဆီမီးကွန်ဒတ်တာတွေ မရောင်းချဖို့ တားမြစ်ပိတ်ပင်လိုက်တဲ့အခါမှာ တရုပ်ကွန်မြူနစ်ပါတီဟာ ဒီနည်းပညာကဏ္ဍမှာ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်ဖို့ ဒေါ်လာဘီလီယန်ပေါင်းများစွာ အောပြီးလုပ်မယ်ဆိုပြီး ဆုံးဖြတ်ခဲ့ပါတယ် ဒါပေမယ့် လုပ်ဆောင်နေဆဲသုတေသနပြုလုပ်ဆဲအနေအထားဟာ အခြေတည်ကာစ အရည်တည်လေးသာသာပဲရှိနေပါသေးတယ်…

SMIC ဟာတရုပ်ပြည်မှာ သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်ကပုဂ္ဂလိကပိုင်အဖြစ်တည်ထောင်ခဲ့တာပါ.. ၂၀၁၈ ခုနှစ်ကိုရောက်လာတဲ့အခါမှာ ကုမ္ပဏီရဲ့ ၄၅% ​​လောက်ဟာ အစိုးရပိုင်ဖြစ်လာခဲ့ပြီး SMIC ဟာ တရုပ်စစ်တပ်အတွက် သေရေးရှင်ရေးတမျှအရေးကြီးတဲ့ ပစ္စည်းတင်သွင်းသူဖြစ်လာခဲ့ပါတယ်.. အမေရိကန်တို့က SMIC ကို blacklist သွင်းလိုက်တယ်ဆိုတာဟာ အဲ့ဒီကုမ္ပဏီကို အမေရိကန်ကနေ ပစ္စည်းတွေတင်ပို့တာ ရောင်းချတာတွေမှာ အသားကုန်စစ်ဆေးပြီးမှ ကင်းလွတ်ခွင့်လက်မှတ်ထုတ်ပေးလို့ရပါတော့တယ်.. ဒီလိုလုပ်မှ တရုပ်တွေ ပြိုလဲကျလာမှာဖြစ်ပါတယ်.. ကမ္ဘာပေါ်က ဘယ်လိုအီလက်ထရောနစ်ပစ္စည်းမဆို ဆီးမီးကွန်ဒတ်တာမပါဘဲ ဖြစ်မလာပါဘူး…

မကြာသေးခင်ကပဲ တရုပ်ရဲ့အကြီးမားဆုံး နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ ဟွာဝေး (တရုပ်အစိုးရကို နှစ်စဥ်အခွန်ငွေ ၁၂၀ ဘီလီယန်လောက် ပေးဆောင်နေရတဲ့ ဟွာဝေးကြီး) ကပြောခဲ့ပါတယ် “သူတို့ကုမ္ပဏီဆက်လက်အသက်ရှင်ရပ်တည်နိုင်ဖို့ ဆိုတာဟာ အမေရိကန်ရဲ့ဆီးမီးကွန်ဒတ်တာ ရောင်းမယ်မရောင်းဘူးဆိုတဲ့ ချိန်ခွင်ညှာပေါ်မူတည်နေပါတယ်တဲ့ အခုကျွန်တော်တို့ဘယ်လိုဆက်ပြီးရပ်တည်ရမလဲဆိုတဲ့အဖြေကိုရှာနိုင်ဖို့ အသည်းအသန်ရုန်းကန်ရပါမယ်” ဟွာဝေးရဲ့ အလှည့်ကျ ဥက္ကဌ Guo Ping ကပြောပါတယ် ” ဆက်လက်ရပ်တည်ရေးဆိုတာဟာ အခုအချိန်မှာကျွန်တော်တို့အတွက် အရေးပါတဲ့စကားလုံးဖြစ်နေပါတယ်” တဲ့…

အမေရိကန်သမ္မတထရမ့်က ကုမ္ပဏီကိုဆီမီးကွန်ဒတ်တာတွေ မရောင်းပို့ပိတ်ပင်လိုက်လို့ ကုမ္ပဏီဟာအခုဆိုရင် စမတ်ဖုန်းထုတ်လုပ်ရေးစျေးကွက်ကနေ စွန့်ခွာဖို့စဥ်းစားနေရပါပြီ…

အခုဆိုရင် SMIC ဟာ အလားတူ ကံကြမ္မာဆိုးနဲ့တွေ့ရပါတော့မယ်.. တရုပ်ကုမ္ပဏီတွေဆိုတာဟာ အမေရိကန်တွေဆီက ပုံတူကူးချတာရယ် နည်းပညာခိုးယူတာရယ်နဲ့ ရပ်တည်လာခဲ့ကြတာပါ…

ဂူဂယ်ကို ပုံတူကူးပြီး Baidu search engine လုပ်တယ် အမေဇုန်ကို ကူးယူပြီး အလီဘာဘာလုပ်တယ် ဖေ့စဘုတ်ကိုကူးပြီး Tencent လုပ်တယ် စသည်အားဖြင့်မငြင်းနိုင်အောင်အများအပြားခိုးချထားပါတယ်.. ဒီကုမ္ပဏီတွေဟာ အမေရိကန်တွေအပေါ်မှာ ဆော့ဖ်ဝဲယား သို့မဟုတ် ဟာ့ဒ်ဝဲယား မှီခိုနေရပါတယ်.. အမေရိကန်တွေက မပံ့ပိုးရင်သူတို့ဘယ်လိုလုပ် ရေရှည်ရပ်တည်နိုင်ပါ့မလဲ…

အမေရိကန်ကုမ္ပဏီတွေကထုတ်လုပ်ထားတဲ့ ပစ္စည်းနဲ့ စွမ်းဆောင်မှုတွေကို မရောင်းဘူးကွာ မသုံးနဲ့တော့ကွာဆိုပြီးလုပ်လာရင် တရုပ်နည်းပညာလုပ်ငန်းကဏ္ဍကြီးဟာ ကတ်ပြားတွေနဲ့ ဆောက်ထားတဲ့ အိမ်လိုပြိုလဲကျပါလိမ့်မယ်…

တရုပ်နဲ့အမေရိကန်အကြားက နည်းပညာစစ်ပွဲကစနေခဲ့တာကြာပါပြီဆိုပြီး တရုပ်ကွန်မြူနစ်ပါတီအစိုးရရဲ့ သတင်းစာဖြစ်တဲ့ ဂလိုဘယ်တိုင်းမ်ကရေးသားပါတယ်.. ဒါပေမယ့် ကမ္ဘာ့ လူသုံးအိမ်သုံးအီလက်ထရောနစ်ပစ္စည်းနဲ့ နည်းပညာထုတ်လုပ်ရေးဆရာကြီးတွေဖြစ်တဲ့ ဂျပန်တောင်ကိုရီးယားတိုင်ဝမ်တို့ဟာ အမေရိကန်ဖက်က ရပ်တည်နေကြတယ်.. ဘယ်သူနိုင်မလဲဆိုတာ တွက်ကြည့်ဖို့ မခက်ပါဘူး… (pi lon)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page