အမိန့်စာတွေ ကြေညာချက်တွေနဲ့ လည်ထွက်နေပြီး ပိုးတွေ့သူ တရက် ထောင်ချီလာတဲ့ အဖြစ်

အမိန့်စာတွေ ကြေညာချက်တွေနဲ့ လည်ထွက်နေပြီး ပိုးတွေ့သူ တရက် ထောင်ချီလာတဲ့ အဖြစ်

တဝက်တပျက် လော့ဒေါင်း ၂ ပတ်နဲ့ ကိုယ့်တစ်ယောက်တည်းအမြင်သုံးသပ်ချက်

လက်ရှိ တစ်ရက် တစ်ရက်ထောင်ချီတဲ့ + တွေ တိုးလာနေပြီး သေနှုန်းတွေ တက်တက်နေတာဟာ ဘယ်လိုပဲ ( ရသေ့စိတ်ဖြေသဘောနဲ့ အရေအတွက်ကျလာမှာပါ နောက် ၂ ပတ်နေရင်သိသာလာမှာပါ ပြောပြော ) စိုးရိမ်ရတဲ့အနေအထားပါပဲ

Stay Home ကြေငြာခဲ့တာလည်းတော်တော်ကြာပါပြီ ထပ်တိုး တဝက်တပျက် လော့ဒေါင်း ဆန်ဆန် WFH တွေလုပ်ခိုင်း၊ မရှိမဖြစ်စီးပွားရေးလုပ်ငန်း တွေ ပဲလမ်းပေါ်ထွက်ခိုင်းပြီး စက်ရုံအလုပ်ရုံတွေပိတ်ခိုင်းခဲ့တဲ့ ပထမဆုံးရက်က စက်တင်ဘာလ ၂၁ ရက်နေ့ဆိုတော့ အခု အောက်တို ဘာ ၅ ရက်နေ့ စုစုပေါင်း ၁၅ ရက်တိတိရှိပါပြီ ပြောရမယ်ဆိုရင် တဝက်တပျက် လော့ဒေါင်း ၂ ပတ် ကျော်ပေါ့

တကယ်ပဲ ပိုးကူးစက်မှုကျသွားပြီလား ဆိုရင် No လို့ပဲဖြေရပါဦးမယ် ပထမအကြိမ်ထဲက Stay home နေတဲ့ တစ်ပိုင်တစ်နိုင် လုပ်ငန်းတွေနဲ့ မရှိမဖြစ် စီးပွားရေးလုပ်ငန် တွေထဲမပါလို့ လုပ်ငန်းတွေရပ်ပြီး stay home လိုက်ကြတဲ့သူတွေအနေနဲ့ ဘယ်လောက်ထိ တောင့်ခံနိုင်မယ်ထင်လို့လဲ

ကိုယ်ကတော့သိပ်မထင်ပါဘူး လူတိုင်းမှာ တောင့်ခံထားနိုင်တဲ့ အတိုင်းအတာ ဆိုတာရှိပါတယ် ရှိစုမဲ့စု စုထားတဲ့ငွေလေးကုန်သွားရင် စားဝတ်နေရေးအတွက် လမ်းပေါ်ထွက်ဖို့ ပြန်စဉ်းစားကြမယ့်သူတွေ အများကြီး ရှိနေပါလိမ့်မယ် ထားပါတော့ အခု ရေးချင်တာက အားမလိုအားမရ ဖြစ်နေရတဲ့ အပိုင်းတွေပါ

၁ ။ လမ်းပေါ်ကို အနီတွေထွက်လိုက် အစိမ်းတွေထွက်လိုက်နဲ့ အုပ်လိုက်ကြီးတွေကို မဲဆွယ်နေတာကို ဘာကြောင့် တားဆီးမှု ပိတ်ပင်မှု အရေးယူမှု တစုံတရာမရှိတာပါလဲ။ ဒီလို လမ်းပေါ် တက်ပြီး မဲဆွယ်နေတာ ( ဘယ်အဖွဲ့ဖြစ်ဖြစ် ) အမှန်တကယ် Stay home နေသူတွေကို လာပြောင်ပြနေသလိုခံစားရပါတယ် ။

၂ ။ ရခိုင်မှာ စဖြစ်ကထဲက ရန်ကုန်ကို ပိတ်ဖို့ နှောင်းနှေးခဲ့တယ် သတင်းစာထဲ လေယာဉ်နဲ့ဝင်ခဲ့ကြသူတွေကို သတင်းပို့ဖို့ ထည့်ကြေငြာတယ် ဒါပေမယ့် လူ ၂၀၀၀ ကျော် သတင်းပို့ရန်ပျက်ကွက်ဆိုတာပဲသိရတယ် နောက်ဆက်တွဲ ဘယ်လောက်သွားသလဲမသိ ဘယ်လောက်ပျံ့သွားသလဲမသိခဲ့ရပါဘူး ။

၃ ။ မရှိမဖြစ်စီးပွားရေးလုပ်ငန် တွေအပြင်ထွက်အလုပ်လုပ်ပါ ကျန်တဲ့ အလုပ်တွေက အိမ်မှာ လုပ်လို့ရရင်လုပ် လုပ်လို့မရရင် ပိတ်ဆိုတာမျိုးကြေငြာခဲ့ပြီးမှ အုပ်စုလိုက်ကြီးတွေ လမ်းပေါ်ထွက်မဲဆွယ် စည်းရုံး အင်အားပြနေတာတွေကို ခွင့်ပြုထားတာကျတော့လည်း မတရားသလို ခံစားရပါတယ် ။

၄ ။ တစ်ခုခု ကြေငြာမယ်ဆိုရင်လည်း ( ရှိတဲ့အင်အားနဲ့ မကြုံဖူးတဲ့ အခြေအနေတစ်ခုကို ရင်ဆိုင်နေရပါတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ) အမိန့်တွေကို ကပ်ပြီးကြေငြာတယ် ။

၅ ။ QR pass တွေလုပ်ခိုင်းတယ် အုတ်အော်သောင်းနင်းတွေ နဲ့ ကိုယ်ရေးအချက်အလက်တွေ ပေါက်ကြားမှု တွေဖြစ်တယ် ဝိုင်းထောက်ပြတဲ့သူတွေကိုတောင် မကျေနပ်သလို ပုံစံမျိုးတွေ နဲ့စာထွက်လာတယ် အဲ့ စစ်သလားဆိုတော့လည်း အခုထို ( အပြင်ကို မရှိမဖြစ်စီးပွားရေးလုပ်ငန် အနေနဲ့ QR Pass ရထားသူအနေနဲ့ပြောရရင် ) တစ်ကြိမ်မှ စစ်တာ မကြုံရသေးဘူး ။

၆ ။ လမ်းပေါ်မှာ ခြင်းခတ်နေတဲ့သူတွေလည်းရှိတယ် အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက်နေသူတွေ ပြေးနေသူတွေရှိသေးတယ် သူတို့ကရော မရှိမဖြစ်စီးပွားရေးလုပ်ငန်း ကလူတွေတဲ့လား ။ တကယ်ဆိုရင် အမိန့်ဆိုတာ မျှတမှုရှိပြီး တည်မြဲမှုရှိရပါမယ် ။

၇ ။ အစိုးရက အလုံးစုံလော့ဒေါင်း လုပ်ဖို့ အစီအစဥ်် မရှိပါဘူးဆိုတာမျိုးကို အစိုးရအသိုင်းအဝိုင်းမှာ ပြောပြီး ရပ်ကွက်ထဲကျတော့ အချိုးကျ စားဝတ်နေရေးစီစဉ်ဖို့ ဝေငှဖို့ ရာရှင်စနစ်ကိုကြိုပြင်ကြပါလို့ဆိုတယ် ။ ဘာတွေလဲမသိပါဘူး ။

ဆက်ရေးနေရင်အများကြီးမို့ ဒီလောက်နဲ့ရပ်ပါမယ် ။ ပထမလှိုင်း တုန်းက နိုင်လိုက်တယ်ဆိုတာ ဂုဏ်ယူစရာမဟုတ်ပါဘူး ။ သင်္ကြန်ပိတ်ရက် ခံနေတာရယ်လူတွေရင်ထဲအကြောက်တရားကိန်းအောင်းနေတာရယ် ကြောင့် လုံး၀ လမ်းတွေပေါ် လူမရှိလို့ နိုင်ခဲ့တာပါ ။ အခု ဒုတိယလှိုင်းက ၁၀၀၀ ကျော်နေ့စဉ်တွေ့နေတာတောင် မနက်ဖြန်စားစာရာမရှိရင်ဘယ်လိုလုပ်မလဲတွေးပူသူတွေအများကြီးဖြစ်နေပါပြီ ။ SME တွေတော်တော်များများ ယိုင်နဲ့ကုန်ပါပြီ ။

အကယ်၍သာ ပေါ့လေ

၁ ။ ရခိုင်မှာ စပြီး ပျံ့ကထဲက ရခိုင်ကို တင်းကြပ်ပြီး အချိန်နဲ့တပြေးညီ ရန်ကုန်ကိုလည်း အလုံးစုံလော့ဒေါင်း ချခဲ့မယ်ဆိုရင် (ဘယ်အချိန်ကတည်းက ပိုးသယ်သူတွေက ရန်ကုန်ထဲရောက်နှင့်နေမယ်မှန်းမသိလို့ ) ၂ ။ ရခိုင် ကနေ ရန်ကုန်ကို ဝင်လာသူအားလုံးကို ခြေရာခံတာ ကောင်းကောင်းလုပ်ပြီး ထိတွေ့သူတွေကို သေချာလိုက်ခဲ့မယ်ဆိုရင် ၃ ။ လူတွေ စတောင်းဆိုကတည်းက အိမ်ထောင်စုတွေကို ၂ သောင်းထောက်ပံ့ငွေပေးကထဲက အလုံးစုံလော့ဒေါင်း လုပ်ခဲ့မယ်ဆိုရင် ၄ ။ မဲ ဆွယ်တာတွေ အင်အားပြတာတွေကို လမ်းပေါ်ထွက်ခွင့်မပြုခဲ့ဘူးဆိုရင် ၅ ။ + အားလုံး (အနံ့ပျောက်သူကအစ) ဆေးရုံတင်တဲ့ ပေါ်လစီ ကို အရင်တတည်းကချိန်းခဲ့မယ်ဆိုရင် ..လူနာတွေကို ကုတ် စနစ်နဲ့လုပ်ပေးခဲ့မယ်ဆိုရင် ..

အခုလည်း ထပ်မံကြေငြာချက်တွေက အချိန်မှီပါစေလို့ ဆုတောင်းရင်းနဲ့ ဒီစာကိုရေးလိုက်ပါတယ် ။

သက်တန့်ချို
5 Oct-2020

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page