ကိုဗစ်လူနာများ ဆေးရုံရောက်ရင် မညာကျပါနဲ့၊ အမှန်ပြောခြင်းဖြင့် ကူညီပေးကြပါ

ကိုဗစ်လူနာများ ဆေးရုံရောက်ရင် မညာကျပါနဲ့၊ အမှန်ပြောခြင်းဖြင့် ကူညီပေးကြပါ

အခုနောက်ပိုင်း ဆေးရုံရောက်လာကြတဲ့ ပြင်းထန်သံသယလူနာတွေပြောကြတာက “အကောင်းကြီးကနေ ဖြစ်တာဆရာ”

အရေးပေါ်ဆရာဝန်လေး ဖီဖီ စိတ်မကောင်းစွာနဲ့ ပြန်ပြန်ပြောပြောနေရတဲ့ စကားလေးတွေကတော့ “ခင်ဗျားတို့ လူနာအခြေအနေမကောင်းဘူး” “စက်ကြီးနဲ့ ရှူနေတာတောင် မကောင်းဘူးနော် တွေ့တယ်နော်” “ကျနော့်အတွေ့အကြုံအရ လူနာအတွက် ဘုရားရှိခိုးကြပါ ကျနော်တို့အစွမ်းကုန် သူ့အတွက် လုပ်ပေးပြီးပြီ ကျန်တာ သူရဲ့ ကံပဲ”

ကိုဗစ်မဖြစ်လည်း သေပါတယ် ကိုဗစ်ဖြစ်တိုင်းလည်း မသေပါဘူး ဒါပေမယ့် ကိုဗစ်က ပြင်းထန်အဆင့် ဖြစ်သွားရင်တော့ သေခြင်းတရားက ခင်ဗျားဘေးမှာ ရောက်နေပါပြီ

မိမိကိုယ်တိုင် သို့မဟုတ် မိမိ မိသားစုဝင် ကိုဗစ်ကူးစက်တယ်ဆိုကတည်းက ကိုယ် ကိုယ်တိုင်စည်းကမ်းမလိုက်နာလို့ရယ် ကိုယ့်မိသားစုတွေက စည်းကမ်းမလိုက်နာလို့ရယ် ကိုယ့်ပတ်ဝန်းကျင်ကလူတွေ စည်းကမ်းမလိုက်နာလို့ ရယ်ပါ

နောက်တစ်ခုကတော့ ဆေးရုံရောက်ရင် မညာပါနဲ့ ညာပြောလို့လည်း မထူးပါဘူး ဆရာဝန်တွေက အံတိုနေပါပြီ ဆေးပညာအရ ဆင်ခြင်တုံတရား ရှိပါတယ် အတွေ့အကြုံရှိပါတယ် ညာပြောပြောမပြောပြော သီးသန့်ခန်းရောက်ရောက် မရောက်ရောက် ကုသမှုတွေကအတူတူပါပဲ

ညာပြောရင် ဘာဖြစ်မလဲဆိုတော့ အကုသိုလ်ဖြစ်ပါမယ် ကိုယ့် (ကိုယ့်လူနာ) ကို ကုသကယ်တင်ပေးနေတဲ့ ဆရာဝန်ဆရာမကို ညာပြောရင် ဆရာဝန်ဆရာမတွေရဲ့ ကျန်းမာရေးကို ထိခိုက်စေလို့ အကုသိုလ် အကြီးကြီး ရမှာပါ အဲ့အကုသိုလျက ဘဝမကူးပါဘူး

ဒါကြောင့် ညာမပြောပါနဲ့ အမှန်အတိုင်း ပြောပါ ကျနော်တို့က ဘယ်လိုဖြစ်ဖြစ် အကောင်းဆုံးကုမှာပါ ပြင်းထန်အဆင့်ဖြစ်သွားရင်တော့ ကုသမှုအကောင်းဆုံးရသည့်တိုင် ကိုယ့်ဘက်မှာ ကိုယ့်လူနာက မရှိချင်တော့ပါ

ဪ ဒါနဲ့ ဖီဖီကိုယ်တိုင်လည်း ကိုဗစ်ဖြစ်ခဲ့ပါတယ် ကျနော်ကတော့ N95 Mask အတုကို ဝတ်ဆင်မိလို့ လူနာကို အသက်ရှူစက်နဲ့ ရိုက်တဲ့အချိန် ကူးသွားတာဖြစ်ဖို့များပါတယ် အဲ့တာကြောင့် N95 Mask အတုသွင်းတဲ့ သူတွေ (ဘယ်သူတွေလည်း ကိုယ့်ဘာသာကိုယ်သိပါ) လည်း အကုသိုလ်အကြီးကြီး ရမှာပါ ပြုသူအသစ် ဖြစ်သူအဟောင်းပါပဲ

စည်းကမ်းလိုက်နာပါ ပြင်းထန်လူနာတွေ နေ့စဉ်နဲ့အမျှ ပိုများလာပါတယ် နောင်တဆိုတာ နောင်မှ တရတာပါ ကျန်းမာရေးကာကွယ်ရေးပစ္စည်းအတုမသွင်းပါနဲ့ ကိုဗစ်မှာ ကျန်ရစ်နိုင်ပါစေ

Zaw Thiha

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page