ဆေးရုံအုပ်ကြီးလက်မှတ်အတုနဲ့ ရန်ကုန်ပြန်တွေ တင်လာတဲ့ လူနာတင်ကား ကျုံမငေးဂိတ်တွင် ဖမ်းမိ

ဆေးရုံအုပ်ကြီးလက်မှတ်အတုနဲ့ ရန်ကုန်ပြန်တွေ တင်လာတဲ့ လူနာတင်ကား ကျုံမငေးဂိတ်တွင် ဖမ်းမိ

ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီးရဲ့ လက်မှတ်ပါသည့် ထောက်ခံစာအား မိတ္တူကူးပြီး ရန်ကုန်မှ ပြန်သည့်လူတွေကို ပို့ဆောင်ပေးနေသည့်ယာဉ် အား အောက်တိုဘာလ ၂၀ ရက်နေ့တွင် ဝါးခယ်မမြို့နယ် ကျုံမငေးမြို့အဝင်စစ်ဆေးရေးဂိတ်တွင် ဖမ်းမိခဲ့​ကြောင်း သတင်းရရှိသည်။

ပုသိမ်ဆေးရုံအုပ်ကြီးမှ ဧရာဝတီဦးမိုးကြီး ပရဟိတယာဉ် ၃ စီးအတွက်အောက်တိုဘာလ ၁၀ ရက်နေ့က ရန်ကုန်ကပြန်လာတဲ့ လူတွေအတွက် ထောက်ခံစာလုပ်ပေးခဲ့ပြီး အဆိုပါ ထောက်ခံစာအားအသုံးပြုကာ ရန်ကုန်မှ နေရပ်ပြန်များကို
ပို့ဆောင် ပေးနေခြင်းဖြစ်ကြောင်း ဆေးရုံအုပ်ကြီးထံမှ သိရသည်။

“အခုချိန်က ရောဂါကို အားလုံးဝိုင်းကာကွယ် နေရတာ၊ တကယ်စေတနာမှန်တယ်ဆို ကွာရန်တင်းကို ပို့ပေးရမှာ ခုလိုလုပ်တာက ရပ်ကွက်ထဲ ဗုံး ထောင်သလိုဖြစ်နေတယ် နောက်ကျောဓါးနဲ့ ထိုူသလို ခံစားရတယ်”ဟု ပုသိမ်ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ်မှ ပြောသည်။

ကျုံမငေးမြို့သို့ ရန်ကုန်မှ စက်ရုံတွင် အလုပ်လုပ်ပြီး ပြန်လာသည့် အမျိုးသား ၂ ဦး အမျိုး သမီး ၂ ဦး ပြန်လည်ပို့ဆောင်စဉ် မြို့ဝင်စစ်ဆေးရေးဂိတ်တွင် တာဝန်ရှိသူများက တားဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း ကိုဗစ်ကော်မတီ ထံမှ သိရသည်။

“ယာဉ်မောင်းရော အကူရောက အကာကွယ် အပြည့်အစုံဝတ်ထားတာ မတွေ့လို့ စစ်ဆေးရာ ကနေ ခုလို့တွေ့တာပါ လောလောဆယ်တော့ အသွားအလာကန့်သတ်တာတွေ ပြုလုပ်ထားပါတယ်”ဟု ကျုံမငေးမြို့အုပ်ချုပ်ရေးမှူး ဦးဇော်လင်းအောင်မှ ပြောသည်။

ရန်ကုန်တိုင်းကပြန်လာသူများနှင့် လိုက်ပို့သည့် ဧရာဝတီဦးမိုးကြီးပရဟိတယာဉ်မောင်း ၂ ဦးအား အသွားအလာကန့်သတ်ရက်ပြည့်ရင် ၎င်းတို့ရဲ့ နေရပ်အသီးသီးကို ပြန်စေလွှတ်မည်ဖြစ်ပြီး အရေးယူဖို့တော့ မရှိသေးကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page