ကိုဗစ် ဖြစ်ရင် ကြီးငယ်မရွေး ရောဂါ ရှိရှိ မရှိရှိ ရုတ်တရက် သေဆုံးနိုင်တယ်ဆိုတာ ပြလိုက်တဲ့ ဖြစ်ရပ်
ကိုဗစ် ဖြစ်ရင် ကြီးငယ်မရွေး ရောဂါ ရှိရှိ မရှိရှိ ရုတ်တရက် သေဆုံးနိုင်တယ်ဆိုတာ ပြလိုက်တဲ့ ဖြစ်ရပ်
အနေအထားက သိပ်တော့ မချောဘူး ရောဂါက နည်းနည်း မြန်လာတယ်
ဒီနေ့ ရန်ကုန်က မြို့နယ် တစ်ခုက Q centre မှာ Q ဝင်နေတဲ့ Primary contact တစ်ယောက် ဆုံးတယ်။ Sudden onset ပဲ။ မဆုံးခင် ညနေ အထိ အေးဆေး စကားပြောဆိုနေတုန်း နည်းနည်း ထပ်ရှင်း ရရင် ပုံမှန်အားဖြင့် Q စင်တာ မှာ လူနာသေလေ့ မရှိဘူး။
Q စင်တာ ဆိုတာ Positive ဖြစ်နိုင်တဲ့ သူတွေကို ထပ်မပြန့်ပွားအောင် ခနထိန်းထားတဲ့နေရာ ရောဂါ ဆိုးနေသူတွေ ကို မထားဘူး။ ရောဂါဆိုး သူကလည်း ဆေးရုံ ကိုပဲ သွားတာ Fever Clinic ကလည်း ရောဂါ အခြေအနေ မကောင်းရင် ဆေးရုံပဲ တန်းလွှဲတာ
Q centre မှာ ထားတာ Positive ဖြစ် နိုင်တဲ့ လူကောင်းတွေ များတယ်။ အနံ့ ပျောက်တာ လောက် ပဲ ထားတာ။ လူနာက Primary contact အနံ့ပျောက် တာ တစ်ခုပဲ ရှိတယ်။ Swab အဖြေ (+) ထွက်လို့ (+) ကုမယ့် Centre ရွှေ့ဖို့ Plan ရင်း ဆုံးတယ်။
တစ်နေကုန် အကောင်း ချက်ခြင်းရွှေ့ မရဘူးလားဆိုတော့ ဟုတ်တယ် မရဘူး။ ရက်ကူးအောင်စောင့်ရတယ် လူပြည့်နေလို့၊ အဲ့တော့ အနံ့ ပျောက်တာနဲ့ သေသွားနိုင်လိမ့်မယ်လို့
ခများကော ခများမိသားစုကော ဘယ်သူက ထင်မှာလဲ ကာကွယ်ဆေးက ဧပြီလ လောက် မှ ရမယ်။ Mask မေးမချိတ်နဲ့၊ Mask သေချာတပ်၊ လက်ဆေး ခပ်ခွာခွာနေ
စာကြွင်း။ သေဆုံးခြင်းအကြောင်းရင်း ဘာနဲ့ ထွက် မလဲ မသိရသေး မနက် မှ သိရမယ် (ဘာနေနေ ဘယ်အရွယ်ဖြစ်ဖြစ် ဘာရောဂါအခံ ရှိလို့လဲ စဥ်းစား မနေနဲ့ ကိုဗစ် ကသေတတ်တယ်)
Htet Phyo Aung