Q ဝင်နေသည့် ချစ်သူဆီ ခိုးဝင်တွေ့ပြီး အပြင်ကို ခေါ်ထုတ်သွားသော အမျိုးသမီးကို အရေးယူ
Quarantine ဝင်နေသည့် ချစ်သူထံ အုတ်တံတိုင်းကျော်၍သွားရောက်တွေ့ဆုံသည့် အမျိုးသမီး အမှုဖွင့်ခံရ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲ မြို့ အထက(၃)ကျောင်းတွင် Facility Quarantine ဝင်နေသော အမျိုးသားအား ၎င်း၏ရည်းစားဖြစ်သူ အမျိုးသမီးက ကျောင်းအုတ်တံတိုင်းကို ကျော်၍လာရောက် ခိုးတွေ့ခဲ့သဖြင့် ကျောက်မဲမြို့နယ် ကိုဗစ်ကော်မတီက အဆိုပါအမျိုးသမီးအား အမှုဖွင့် အရေးယူခဲ့ကြောင်း သိရပါတယ်။
တာချီလိတ်မြို့မှ ပြန်လည် ရောက်ရှိလာသဖြင့် ကျောက်မဲမြို့ အထက (၃) Facility Quarantine စင်တာတွင် အသွားအလာ ကန့်သတ်ထားသော အမျိုးသားတစ်ဦးထံသို့ ၎င်း၏ ရည်းစားဖြစ်သူကျောက်မဲမြို့ (၁)ရပ်ကွက် ပြိန်းနင်ရပ်နေ အမျိုးသမီးတစ်ဦးက Facility Quarantine ထားရှိရာ ကျောင်းအုတ်တံတိုင်းအားကျော်၍ ဝင်ရောက်ကာတွေ့ဆုံခြင်း၊ အဆိုပါအမျိုးသားအား ခိုးထုတ်၍ အပြင်သို့ ခေါ်ဆောင်သွားခြင်းများ ရှိနေသည့်အတွက် ပတ်ဝန်းကျင်နှင့် တာဝန်ရှိသူများက ဒီဇင်ဘာ ၁ ရက် ညပိုင်းတွင် စောင့်ဆိုင်းစစ်ဆေး၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပါတယ်။
ယင်းအမျိုးသမီးအား ပုဒ်မ ၂၉ (အမိန့်ထုတ်ပြန်ထားပြီး တားမြစ်ထားသော နေရာအတွင်း ကျူးကျော်ဝင်ရောက်မှု)ဖြင့် ကျောက်မဲ မြို့မရဲစခန်းတွင် အမှုဖွင့်လှစ်ထားပြီး Q စင်တာ အတွင်း ကျူးကျော်ဝင်ရောက်ခြင်း ဖြစ်သဖြင့် အဆိုပါအမျိုးသမီးကို အမှတ်(၈) ရပ်ကွက်ရှိ အလက(၃)တွင် အသွားအလာ ကန့်သတ်ထားကြောင်း သိရပါတယ်။