ကြက်ဥ ဘဲဥတွေက သက်သတ်လွတ်သလား? (သက်သတ်လွတ်သမားတွေ ကြက်ဥ၊ ဘဲဥ စားလို့ရလား?)
ကြက်ဥ ဘဲဥတွေက သက်သတ်လွတ်သလား? (သက်သတ်လွတ်သမားတွေ ကြက်ဥ၊ ဘဲဥ စားလို့ရလား?)
အခုခေတ် သိပ္ပံနည်းတွေအရ ကြက်ဥ၊ဘဲဥစတာတွေကို ဘယ်ပုံဘယ်နည်း ဖန်တီးကြတယ်ဆိုတာ မသိပေမယ့် တကယ့်ကြက်ဥ၊ ဘဲဥတွေဟာ မိခင်ဗိုက်ထဲကပဲ ဥပေးပေါက်ပေးရတာဖြစ်တဲ့အတွက် ကိုယ်စားလိုက်တဲ့ ကြက်ဥ၊ ဘဲဥဟာ အကောင်ဖြစ်မယ့် ကြက်ဥ၊ဘဲဥဆိုတာ သိဖို့မလွယ်ပါဘူး။
ဒါကြောင့် တကယ်သက်သတ်လို့ စားလိုတဲ့ပုဂ္ဂိုလ်တွေ ကြက်ဥ၊ဘဲဥစတာတွေ မစားတာကောင်းပါတယ်။ တကယ်တော့ ဒီမေးခွန်းကို မေးလို့သာဖြေရတယ် သက်သတ်လွတ်စားတာနဲ့ ပတ်သက်လို့ ဘုရားဟောလို့ ထေရဝါဒစာပေအရ လုပ်ရတာတို့ ဆိုရင်တော့ သက်သတ်လို့စားဖို့ ဘုရားမဟောသလို ထေရဝါဒစာပေတွေမှာလည်း မပါပါဘူး။
အစားအစာနဲ့ ပတ်သက်ပြီး တဏှာရာဂမရှိရင်၊ အလုပ်မပိုရင်၊ အကုသိုလ်မဖြစ်ရင် ပြီးတာပါပဲ။ သက်သတ်လွတ်စားတယ်ဆိုပြီး ပုံမှန်နေ့စဉ်စားတာတွေထက် ပိုပြီးကောင်းအောင် အရသာရှိအောင်၊ ရသတဏှာတွေဖြစ်အောင်၊ အလုပ်ပိုအောင် လုပ်ဆောင်ဖန်တီးမယ်ဆိုရင် ကုသိုလ်မဖြစ်ဘဲ၊ အကုသိုလ်သာ ပိုတိုးစေပါတယ်။
ကိုယ်ပိုင်ဉာဏ်နဲ့သာ သက်သတ်လွတ် စားဖို့မစားဖို့ စဉ်းစားကြပါလို့ တိုက်တွန်းလိုက်ပါတယ်…
မနာပဒါယီ အရှင်ဝိစိတ္တ(ဒိုက်ဦး)