ဖောင်ကြီးဆေးရုံ အထူးကြပ်မတ်ကုသဆောင်ထဲက ညနေခင်းတိုက်ပွဲ

ဖောင်ကြီးဆေးရုံ အထူးကြပ်မတ်ကုသဆောင်ထဲက ညနေခင်းတိုက်ပွဲ

ICU 1 ရဲ့ ည​နေခင်းတိုက်ပွဲ ပါမောက္ခကိုမြတ်စိုး team ICU ကို လူနာ ၄​ ယောက်တစ်ပြိုင်ထဲ​နီးပါးရောက်.. ကိုယ်က ICU 2 က ​ဆို​တော့ အပြင်က ကူသူ၊ လက်မ​ထောင်​နေလို့ ဓါတ်ပုံရိုက်လို့ ထောင်ပြတယ်မထင်နဲ့ အပြင်က မိုက်ကရိုဖုန်း နဲ့ ပြောတာ နားလည်တယ် လုပ်ပြီးပြီ ​ အို​ကေတယ်ပြောတာပါ.. အတွင်းကလိုချင်တာ​တောင်းဖို့ ခလုတ်လာနှိပ်ရင်လဲ မိုက်က​လေးပွင့်ပါတယ်…

လူနာနဲ့ အတူပါလာတဲ့ Chart ကစာရွက်က​လေးမှန်မှာ လာကပ်ပြရင် လူနာ data အမြန်ကူး​ပေးရပါတယ်.. ဘယ်လောက်စုံ​အောင်ယူသွားသွား မစုံဘူး​နော်.. လိုတဲ့ ဆေးအပြင်ကထပ်​ဖျော်​ပေး စာလုံးပြူး​အောင်​ရေးလဲဖတ်မရလို့ Colour Code ပါတပ်​ပေးရတယ်…

အထဲမှာဆေး​တွေထား​ပေမဲ့ လူမအားသလို အထပ်ထပ်ဝတ်ထား​တော့ ​ပုလင်းဖတ်ရ ဖျော်ရ စာကပ်ရအချိန်ပိုကြာပါတယ်.. နားကျပ်နား​ထောင်ဖို့ နား​ပေါက်မရှိသလို သူ့ pulse ​လေးကို လက်အိတ်ထူ​အောက်က စမ်းကျင့်ရ​နေပါပြီ.. Patient Restless ဖြစ်သ​လောက် ကိုယ်စိတ်​အေးဖို့လိုပါတယ်​နော်.. ရှိသမျှစက် ကိုင်တွယ်တတ်ရမယ် ဘယ်သူလာပါအုံး​ခေါ်မရပါဘူး​နော်.. ဖြစ်နိုင်ရင်​တော့ မကူး​အောင်​နေကြပါ.. ကူးပြီး တကွဲတပြားကုသခံရချိန် အိမ်သားချင်းဓါတ်ပုံ​လေးရိုက်ပေးပါ ဖုန်းဆက်ကြတယ်…

အထဲကို ဖုန်းယူမသွားရပါဘူး​နော်.. မှန်အပြင်ကလူကဘဲလှမ်းရိုက်​ပေးတာမို့ အ​ဝေးရိုက်ဘဲ​ပေးနိုင်ပါတယ်.. မကူးကြမှဖြစ်မှာပါ.. ကူးရင်တကမ္ဘာခြားသွားတာပါ.. ကုသ​ပေးရတာလဲ​​ တော်​တော်ခက်ပါတယ်.. အထဲကလူကို ထပ်စစ်ကူချင်လို့ အမြန်ဝင်ချင်လဲ လုံ​အောင်ဝတ်ဖို့အတွက် စိုးရိမ်မှူဒီဂရီကိုချိုးနှိမ်ရပါတယ်.. ​ပြောပြ​နေတာ ဆင်ခြင်ကြ​စေချင်လို့ ပါ…

ဒီလို​တွေပြောလို့ အမြင်​စောင်းတဲ့ သူ​တွေလဲရှိတတ်ပါတယ်​.. မကူး​အောင်သာ​နေကြပါ.. အကျိုး​မျှော်ပြောပြတာပါ​နော်.. ကျန်းမာရေးဝန်ထမ်းတွေကို သနား​စေချင်လို့ ​ပြောတာလုံးဝမဟုတ်သလို ​​ယုံတမ်းစကား​တွေနံ့ ခြောက်​နေတာလဲမဟုတ်ပါ.. လူနာ​တွေဒုက္ခကို မှန်းကြည့်​စေချင်တာ ကိုယ့်အမအရွယ် အ​ကိုအရွယ် အ​မေအရွယ်​တွေ ထိသလို ကိုယ့်ထက်ငယ်တာ​တွေလဲ ​ဟောဟဲဆိုက်ပါ.. အခြား​ရောဂါထက်အ​ရေးကြီး​နေသလား​မေးရင် အခြား​ရောဂါ​တွေကိုပြန်ကု​ပေးချင်လို့ ကိုဗစ်ခံစစ်အောင်ချင်ပါတယ်..

ဒေါက်တာခင်ရင်ရင်ထွေး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page