အိမ်ထဲမှာ ကျိတ်ကုနေကြလို့ တပတ်အတွင်း တအိမ်ထဲ (၃) ယောက် ဆုံးသွားရတဲ့ မြေနီကုန်းက အဖြစ်

အိမ်ထဲမှာ ကျိတ်ကုနေကြလို့ တပတ်အတွင်း တအိမ်ထဲ (၃) ယောက် ဆုံးသွားရတဲ့ မြေနီကုန်းက အဖြစ်

ကိုယ်တွေ မြေနီကုန်း ဗိုလ်မိုးလမ်းထဲက လူပျိုကြီး၊ အပျိုကြီး မောင်နှမတွေ(၅)ယောက် တူမလေးတယောက်နဲ့ အတူနေကြတယ်။ တပတ်အတွင်း (၃) ယောက် ဆုံးသွားတာပါ။ လွန်ခဲ့တဲ့ တပတ်ထဲကဖျားနေကြတာ ဆေးရုံမသွားကြပဲ အိမ်မှာပဲကျိတ်ကုနေရာက ၁၀၊၁၀၊၂၀၂၀ ရက်နေ့မှာ ညီမအလတ် ဆုံးသွားပါတယ်။

လူသေမှပဲ လမ်းထဲကလူတွေ သိကြရတာပါ။ ပြုစုပေးတဲ့ တူမလေးကတော့ Q ဝင်နေရပါတယ်။ ညီမအလတ်ဖြစ်သူ ဆုံးပြီး (၅) ရက်အတွင်း မနေ့ညက အစ်မအကြီးဆုံးတယ်၊ ဒီနေ့မနက် မောင်ဖြစ်သူဆုံးတယ်။ ညက အစ်မအလောင်းနဲ့ အခုမနက် မောင်ရဲ့အလောင်းတွေကို လာသယ်တာပါ။

လူပျိုကြီး (၂) ယောက် အိမ်ထဲမှာရှိသေးတယ်။ အခုသူတို့ကိုပါ ဆေးရုံခေါ် သွားရတော့မှာပါ။ သူတို့ရဲ့ ညီမအငယ်ဆုံးက ဆရာဝန်ပါ။ သူ့ဆီကိုလည်း အသိမပေး အကြောင်းမကြားပဲ ကျိတ်ကုနေတော့ သူလည်း မသိရှာဘူး ထင်ပါတယ်။

လူတွေနဲ့ အဆက်ဆံနည်းပြီး တယူသန်ခဲ့တာတွေက ကိုယ်ပဲအကျိုးယုတ်ပါတယ်.

Ma Khin Hnin Phyu

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page