ရန်ကုန်မှာ ကိုဗစ်ကို ကြိုက်တဲ့အချိန် စစ်လို့ ရပါပြီ (ပုဂ္ဂလိက ဆေးရုံနှစ်ရုံကို အစိုးရက ခွင့်ပြုလိုက်ပြီ)

ရန်ကုန်မှာ ကိုဗစ်ကို ကြိုက်တဲ့အချိန် စစ်လို့ ရပါပြီ (ပုဂ္ဂလိက ဆေးရုံနှစ်ရုံကို အစိုးရက ခွင့်ပြုလိုက်ပြီ)

ရန်ကုန်တွင် ကိုဗစ် ရောဂါ ရှာဖွေကုသရေးအတွက် ပုဂ္ဂလိကဆေးရုံနှစ်ရုံကို ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ရန်ကုန်တိုင်းကျန်းမာရေးဦးစီးမှူးဒုညွှန်ချုပ်ဒေါက်တာထွန်းမြင့်က အတည်ပြုလိုက်ပါတယ်။

အဆိုပါ ပုဂ္ဂလိကဆေးရုံနှစ်ရုံမှာ လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင် ဆေးရုံနှင့် လမ်းမတော်မြို့နယ်ရှိ N Health Myanmar ဆေးရုံတို့ဖြစ် ကြောင်း ၎င်းကရှင်းပြပါတယ်။

“ကျွန်တော်တို့ ကနဦးဆိုလို့ရှိရင် RDT Test Kit နဲ့စစ်တာ၊ PCR နဲ့စစ်တာ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ ပန်းလှိုင်ဆေးရုံဆိုလို့ရှိ ရင် RDT Test Kit နဲ့ စစ်တာကို ခွင့်ပြုလိုက်ပြီဗျ။ နောက်တစ်ခုကလည်း အဲဒီပန်းလှိုင်ဆေးရုံနဲ့ ကျွန်တော်တို့ PCR စစ်ဖို့ ခွင့်ပြုထားတဲ့ လမ်းမတော် မြို့နယ်မှာရှိတဲ့ N Health နဲ့ပေါ့။ N Health ကတော့ PCR စစ်ဆေး ဖို့ ခွင့်ပြုထားတယ်ဗျ” ဟု ဒေါက်တာထွန်းမြင့်က ပြောပါတယ်။

ထို့အပြင် ကိုဗစ်ရောဂါစစ် ဆေးခွင့်ရရှိသော ပန်းလှိုင်ဆေးရုံ နှင့် N Health Myanmar တို့ သည် Test Kit ဖြင့် စစ်ဆေးခြင်းနှင့် ဓာတ်ခွဲနမူနာယူ၍ PCR နည်းဖြင့်စစ်ဆေးခြင်းတို့ကို ပူးပေါင်းလုပ်ဆောင်ရန် နှစ်ဖက်သဘောတူစာချုပ်ချုပ်ဆိုသည့် အပေါ် ဝန်ကြီးဌာနမှ ခွင့်ပြုပေးခဲ့ ကြောင်း ၎င်းက ဆက်ပြောပါတယ်။

“ကျွန်တော်တို့ကတော့ A to Z ပေါ့။ A to Z ဆိုတာက Testing လည်းပဲသူတို့တွေ ဆောင် ရွက်ပေးစေချင်တယ်။ နောက် တစ်ခါက လူနာတွေကိုလည်းပဲ COVID-19 လူနာတွေကို ဟိုလွှဲ ဒီလွှဲမလွှဲဘဲနဲ့ မတတ်သာတဲ့အ ခြေအနေမှာတော့ လွှဲရမှာပေါ့ လေ။ သူတို့ကလက်ခံကုသပေး တဲ့အခြေအနေကို ကျွန်တော်တို့ က တိုက်တွန်းနေပါတယ်” ဟု ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

မြန်မာနိုင်ငံ ပုဂ္ဂလိကဆေးရုံများအသင်း၏ စာရင်းများအရ ကိုဗစ်ရောဂါစစ်ဆေးခွင့်ရရှိရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနထံ လျှောက်ထားသော ပုဂ္ဂလိကဆေးရုံများတွင် အကယ်ဒမီဆေးရုံ၊ SSC ဆေးရုံ၊ မြောက် ဥက္ကလာပ ရွှေလမင်းဆေးရုံ စသည်တို့လည်းပါဝင်ပါတယ်။

ကိုဗစ်ရောဂါ ရှာဖွေကုသရေးနှင့် စပ်လျဉ်းပြီး ရန်ကုန်တိုင်း ကျန်းမာရေးဦးစီးဌာနမှတစ်ဆင့် ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနထံ အသစ်ထပ်မံလျှောက် ထားသည့် ပုဂ္ဂလိကဆေးရုံနှစ်ရုံရှိပြီး ယင်းအနက် ဆေးရုံတစ်ရုံမှာ ဆောက်လုပ်ပြီးစီးခြင်းမရှိသေးဘဲ ဆေးကုသခွင့်အတွက် ကြိုတင် လျှောက်ထားသည့်အခြေအနေ၌ သာ ရှိနေသေးကြောင်း ဒေါက် တာထွန်းမြင့်က ပြောကြားထားပါတယ်။

ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ပါဝင်မှုဖြင့် ပြည်သူ့ဆေးရုံများ၏ ကိုဗစ်နှင့် ကိုဗစ်မဟုတ်သည့် ဆိုင်ရာဝန်ထုပ်ဝန်ပိုးများ တဖက် တစ်လမ်းမှ ကူညီဆောင်ရွက်ရန် ပုဂ္ဂလိကဆေးရုံများ၌ ကိုဗစ် ရောဂါစစ်ဆေးခြင်းနှင့် ရောဂါပိုး တွေ့သူအား ကုသပေးခြင်းတို့ကို လုပ်ငန်း ဆောင်ရွက်လိုသော ဆေးရုံများက သက်ဆိုင်ရာတိုင်း နှင့်ပြည်နယ်၏ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ် ရေးကော်မတီသို့ တင်ပြရန် ကုသ ရေးဦးစီးဌာနက သတ်မှတ်လိုက်ပါတယ်။

ပုဂ္ဂလိကဆေးရုံများတွင် ကိုဗစ် လူနာများ လက်ခံကုသရန်နှင့် ရောဂါရှိ၊မရှိဆေးစစ်ရန် စက်တင်ဘာလတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက သဘောတူခဲ့ခြင်းဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page