ပေါက်ဖော်တို့အတွက် အမေရိကန်သမ္မတရဲ့ ဇက်ကြိုးအသစ်နဲ့ ကျားနာခဲကို သတိထားရမယ့် မြန်မာပြည်

ပေါက်ဖော်တို့အတွက် အမေရိကန်သမ္မတရဲ့ ဇက်ကြိုးအသစ်နဲ့ ကျားနာခဲကို သတိထားရမယ့် မြန်မာပြည်

ဘိုင်တန်ကို အမေရိကန်သမ္မတရွေးချယ်ရေးအဖွဲ့က သမ္မတအဖြစ်ကြေငြာလိုက်ပါပြီ စိတ်မကောင်းစွာနဲ့ပဲ ကျနော်တို့အားပေးခဲ့ကြတဲ့ သ မ္မတကြီးထရန့်ကို နူတ်ဆက်ကြရအောင်ပါ အမေရိကန် အောက်ခြေနဲ့ အလယ်အလက်လူတန်းစားတွေအတွက် အဓိကထား အလုပ်လုပ်ပေးခဲ့တဲ့ သမ္မတကြီးထရန့်ဟာ အရင်းရှင်စနစ်ကြီးစိုးတဲ့ အမေရိကန် က ခရိုနီအားပေး ဒီမိုကရက်တွေကို မယှဥ်နိုင် ဖြစ် သွားရပါတယ်

ထရန့်ကို နောက်ထပ်လေးစားစရာကတော့ ကမ္ဘာကို စီးပွားကိုလိုနီချဲ့ ကိုယ်ကျိုးစီးပွားအတွက် ဘယ်သူ့ကို မဆိုချနင်းတဲ့ တရုတ်တို့လုပ်ရပ်ကို သူလုပ်ပိုင်ခွင့်ရှိ သလောက်ထဲက တန့်လိုက်နိုင်တာပါပဲ ဒီမိုကရက်တွေဟာ ထရန့်ကိုအနိုင်ရရေး ၄ နှစ်လုံးလုံးပြင်ဆင်ခဲ့ပါတယ် အဘက်ဘက်ကဟာကွက် မရှိအောင် ပြင်ဆင်ပြီး စနစ်တကျ လိမ်လည်ခဲ့တာ သပ်ရပ်ခဲ့တာကြောင့် ထရန့်လဲ ဘာမှမတတ်နိုင်ပဲ ရူံး နိမ့်ပါတော့တယ်။

ထရန့်ချခဲ့ မူဝါဒတွေကို ဘိုင်တန် တက်လာလို့လဲ ချက်ချင်းဖျက်လို့မရပါဘူး အမေရိကန်လိုနိုင်ငံအနေနဲ့ မူဝါဒ ခိုင်သလို ပါလီမန်အားကောင်းတာကြောင့် သမ္မတရဲ့ လုပ်ပိုင်ခွင့်ဟာ အကန့်အသတ်ရှိနေပါတယ် ဒါကြောင့်လဲ ထရန့်အနေနဲ့ တရုတ်ကို မတီးခဲ့နိုင်တာပါ ဒါတောင် အခုတရုတ်မှာ အလူးအလဲပါပဲ ဘဏ်တွေ ဒေဝါလီခံကြ အလုပ်လက်မဲ့ပြသနာတွေကတက် ငတ်တဲ့ပြသနာတွေပါ ဖြစ်လာပါပြီ

အမေရိကားနဲ့ အနောက်နိုင်ငံတွေဟာ သဘာဝပတ် ဝန်းကျင် ပျက်ယွင်းမူ့အကျိုးဆက်တွေနဲ့ ကမ္ဘာကြီး ပူနွေးလာမူ့တွေကြောင့် ပါရီစာချုပ်အရ ကာဗွန်လျော့ချရေး အသံတွေကျယ်လာတဲ့အခါ လုပ်ငန်းရှင်တွေ လုပ်ရကိုင်ရ အဆင်ပြေပြီး ငွေပေးလိုက်ရင် ဘာတင်းကျပ်မူ့မှ မရှိတဲ့ တရုတ်ကို အကြီးအကျယ် ရင်းနှီးမြှပ်နှံလာရာက တရုတ်တို့ လူလူသူသူဖြစ်လာ ကြတာပါ

လူဦးရေများပြီး စားသုံးသူ သုံးစွဲသူများတဲ့ တရုတ် စျေးကွက်ကြဟာ အနောက်တိုင်းစီးပွားရေးသမား တွေအတွက် သွားရည်ကျစရာပါ ထရန့်တရုတ်ကို တိုက်လို့ တရုတ်တို့ ထမင်းရည်ပြန် သောက်ရင် အနောက်အုပ်စုက စီးပွားရေးသမားတွေ က သူတို့စျေးကွက်ပျက်ပါပြီဆိုပြီး ငိုကြမှာပါပဲ

အထူးသဖြင့် ဟောလိဝှဒ်ရုပ်ရှင်အသိုင်းအဝိုင်းကပိုဆိုးပါတယ် သူတို့ထုတ်တဲ့ ရုပ်ရှင်ကားတွေကို တရုတ်က တသ်ကမ္ဘာလုံးရဲ့ ၄၀ % လောက်ကြည့်ရူ့ကြတာပါ ဒါကြောင့်လဲ ဟောလိဝှဒ် ဆယ်လီတွေက တရုတ်တီး မယ့် ထရန့်မနိုင်အောင် ဘိုင်တန်ကို မဲဆွယ်ပေးခဲ့ကြ ပါတယ်

ဒီနေရာမှာ တရုတ်လိုပဲ လူဦးရေလဲများတယ် နယ်မြေလဲ ထိုက် သင့်သလောက်ကျယ်တယ် ဒီမိုကရေစီနိုင်ငံလဲဖြစ်တဲ့ အိန္ဒိယမှာ ဘာလို့လာရင်းနှီးမူ့မလုပ်ကြတာလဲ မေးစရာဖြစ်လာပါတယ် အိန္ဒိယမှာ ဘာလို့လာမလုပ်ကြတာလဲဆိုတော့ အရှင်းဆုံးပြောရရင် ဒီမိုကရေစီကြောင့်ပါပဲ သူတို့ကိုယ်တိုင်တီထွင်ထားတဲ့ ဒီမိုကရေစီ ဆိုတဲ့ လူ့ အခွင့်အရေး ရှေ့တန်းတင်တဲ့ စနစ်အောက်မှာ လုပ် ငန်းရှင်တွေဟာ လုပ်ရကိုင်ရခက်လို့ပါ မကျေနပ်ရှင် ဆန္ဒပြကြ အခွင့်အရေးတောင်းကြ ဒါတွေကို စိတ်ညစ်မခံပါဘူး

အာဏာရှင်တရုတ်ကျတော့ အစိုးရတာဝန်ရှိသူကို ငွေပေးလိုက်ရင် သူကြိုက်တာလုပ်လို့ရပါတယ် လူ့အ ခွင့်အရေးတွေ မလိုတော့ပါဘူး အိန္ဒိယမှာလဲ လူမျိုးကွဲ ဘာသာကွဲတွေ ထောင်ချီရှိတော့ ရူပ်ထွေးပါတယ် အချိန်မရွေးပေါက်ကွဲ နိုင်ချေ ရှိသလို ၄ နှစ်တစ်ကြိမ် အစိုးရအပြောင်းအလဲကလည်း အလုပ်ရှင်တွေ ခေါင်းခြောက်ပါတယ် ဒါကြောင့် ရင်နှီးမြှပ်နှံသူအများစုဟာ နောက်ပိုင်းမှာ အာဏာ ရှင်နိုင်ငံတွေကို ဦးတည်လာတာကို တွေ့ရပါတယ်

မြန်မာနိုင်ငံမှာတော့ NLDအစိုးရတက်လာပြီးထဲ အရည်အချင်းကနေ လုပ်ခလစာတိုးအောင်ယူတာ မဟုတ်ပဲ မူဝါဒ သတ် မှတ်ချက်ကနေ လစာများမျရဖို့ နေ့စဥ်ဆန္ဒပြစားနေ တဲ့ လိူင်သာယာမှသည်စက်မူ့ဇုန်က အလုပ်သမား သပိတ်ပွဲတွေဟာ ရင်နှီးမြှပ်မူ့တွေလာဖို့ တန့်စေတဲ့အချက်ထဲပါပါတယ် အခုရေးတာ တရုတ်ကို ဘာလို့ရင်းနှီးမြှပ်နှံမူ့တွေစု ပြုံလာတာလဲနဲ့ အိန္ဒိယကို မလာရတဲ့ အကြောင်းရင်း တွေပါ

ထရန့်က တရုတ်ကလုပ်ငန်းတွေ ထွက်ဖို့ပြောတော့ ဂျပန်နဲ့သြစီကလွဲရင် ကျန်နိုင်ငံတွေက အင်တင်တင် လုပ်ကြပါတယ် တရုတ်စျေးကွက်လဲမက် တရုတ်ထဲ အလုပ်လုပ်မရရင် တရုတ်ဘေးကနိုင်ငံတွေပြောင်း ကြမယ် ပြီးမှ တရုတ်ပြန်သွင်းမယ် စဥ်းစားတော့ သူတို့ ပြောင်းမယ့် နိုင်ငံလိုက်ကြည့်လိုက်တာ ဗီယက်နမ် နဲ့ဘင်္ဂလားဒေ့ရှ်ကို ဦးတည်သွားပါတယ်

ဗီယက်နမ်ကအာဏာရှင်နိုင်ငံဖြစ်သလို ဘင်္ဂလားက လုပ်ခလစာသက်သာပါတယ် ငွေပေးရင်အကုန်လုပ်ရတဲ့နိုင်ငံ နှစ်နိုင်ငံလုံးကလဲ ပင်လယ်ထွက်ပေါက်က ရှိနေပါတယ် ဒီလိုဆို ပင်လယ်ကမ်းရိုးတန်း မိုင်ထောင်ချီပိုင်ပြီး အိန္ဒိယသမုဒ္ဒရာထွက်ပေါက် ပထဝီဗျူဟာကျတဲ့ မြန်မာကို ဘာလို့မလာတာပါလဲ အဖြေကရိုးရှင်းပါတယ်

အစိုးရက နှစ်ရပ် – နိုင်ငံရေးကမတည်ငြိမ် – သူပုန်အဖွဲ့က ၁၀၀ ကျော် – တစ်ယောက်ထဲစကားပြောလို့ကမပြီး – ဆန္ဒပြပွဲက ၁၂လရာသီ – အခြေခံအဆောက်အဦးကနည်း – မြေတွေကအာဏာရှင်တစ်စုပိုင်

ဒီတော့လဲ လာမယ့်ရင်းနှီးမြှပ်နှံသူတွေလက်တွန့်နေ တာပါပဲ တိုင်းပြည်ချမ်းသာဖို့မလိုဘူး ငါတို့ချမ်းသာဖို့ လိုတယ်ဆိုတဲ့ လူတန်းစားတစ်ရပ် ငွေထုပ်ပိုက်သေနတ်ချိန်ပြီး ရှိနေတာက ဆိုးပါတယ် စစ်အစိုးရလက်ထက်တစ်လျှောက်လုံး တရုတ်ကို နိုင် ငံရေးအရ မှီခိုနေရာမှ တရုတ်လက်ဝေခံစီးပွားရေးတွေ နဲ့ ပေးတာယူကျွေးတာစား စစ်ဖိနပ်အောက်မှာ နေလာခဲ့ရာမှ ၂၀၁၅ အစိုးရသစ်တက်လာတာနဲ့အတူ USသမ္မတက ထရန့်က တရုတ်ကို ကုန်သွယ်စစ်နဲ့စ တိုက်ရာက မြန်မာတွေ တရုတ်လွှမ်းမိုးခံရမူ့ကို ဆန့် ကျင်လာပါတော့တယ်

အခုထရန့်အာဏာဆက်မရှိတော့ပေမယ့် သူတိုက်ခဲ့ တဲ့အကျိုးဆက်ကြောင့် တရုတ်တွေ နောက် ၁၀ နှစ် လမ်းကြောင်းမှန်ကိုပြန်ရောက်ဖို့ ကြိုးစားရပါတော့ မယ် ဗိုင်းရပ်စ်ကြောင့်လဲ ကမ္ဘာ့နိုင်ငံတွေရဲ့ ငြိုငြင်မူ့ ကိုတရုတ်တို့ခံရပါအုံးမယ် တရုတ်တို့အားနည်းသွားတာ မြန်မာအတွက်အခွင့်အ လမ်းကောင်းတစ်ခုလို့ ယူဆရပါမယ်

ရခိုင်ဒေသလွှမ်းမိုးရေးအတွက် ဘက်ဂျက်ပေးစစ်တိုက်ခိုင်းနေတဲ့ အေအေ ကို တရုတ်တို့ဆက်ထောက်ပံပေးမယ့်ပုံ မပေါ်တော့ပါဘူး ဒါကြောင့်လဲ အေအေနဲ့ တပ်တို့ ဝ နယ်ပန်ဆန်းမှာ တိတ်တဆိတ် ဆွေးနွေးတာတွေ လုပ်လာပါတယ် မြန်မာမှာလဲ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုမှ တွန်းချလို့မရတော့တဲ့အခါ သူတို့မွေးစားထားတဲ့ အဘတွေဘက်က ဆက်ရပ်လဲ အကျိုးမရှိဘူးဆိုတာ သိလာပုံပါပဲ

အဘကတော့ ဒီနေ့ထိ တရုတ်ကိုယုံကြည်နေပုံပဲ တရုတ်ပေးမယ့် ပလ္လင်နဲ့နန်းတက်မယ့် အိမ်မက်ဆက်မက်နေတုန်းပါ ဘိုင်တန်တို့ဘယ်လိုပဲ တရုတ်နဲ့နီးကပ်ပါစေ ပါလီမန် နဲ့အမေရိကန်ပြည်သူက လက်မခံရင် ဘာမှလုပ်မရ ပါဘူး ထရန့်တရုတ်နဲ့ရန်ဖြစ်နေရင် ခြားကရုရှချမ်း သာသွားမှာ အမေရိကန်တို့ မလိုလားပါဘူး တရုတ် ကိုသူတို့ပြိုင်ဘက်အနေနဲ့ အမေရိကန်က သတ်မှတ်ထားပဲ ရုရှကိုသာဂရုတစိုက်ကြည့်ကြတာပါ

တရုတ်ဟာအမေရိကန်ရဲ့အိမ်ကြက်ပါ အချိန်မရွေး ရိုက်သတ်စားလို့ရပါတယ် ချမ်းသာပြီး ခေါင်းထောင် လာရင် တရုတ်ကငွေတွေ သူတို့ပြန်ယူဖို့ မခက်ပါဘူး ထရန့်လက်ထက်က ရုရှဟာ ယူကရိန်းပိုင် သူ့ရေတပ်ဌာနချုပ်ရှိတဲ့ ကရိုင်းမီးယားကို ရသွားပြီး အင်အားပိုတောင့်လာပါတယ်

ဒါကို ဘိုင်တန်ဘယ်လိုထိန်းချုပ်မလဲ နောက်တစ်ချက်က ထရန့်ဟာ အရှေ့အလယ်ပိုင်းမှာ အီရန်ကို နှိမ်ပြီး အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ သမိုင်း ဝင် ငြိမ်းချမ်းရေးရအောင်တည်ဆောက်နိုင်ပါတယ် ဘိုင်တန်တက်လာတဲ့အခါ အရှေ့အလယ်ပိုင်းနဲ့ ပါကစ္စတန် အာဖကန်နစ္စတန် တွေမှာ ဗုံးသံတွေ တိုက်ပွဲသံတွေ ပြန်ဆူလာပြီး တ ရုတ် BRI လမ်းဖောက်တဲ့ဘက် ကမ္ဘာက အာရုံမရောက်အောင် လုပ်မယ်ထင်ပါတယ်

အာစီယံနဲ့မြန်မာကတော့ တရုတ်အားနည်းမူ့ကို အခွင့်ကောင်းယူပြီး အိန္ဒိယနဲ့ဆက်ဆံရေးကောင်း လာမယ်ဆိုရင် ပထဝီဗျူဟာကျတဲ့ မြန်မာဟာ အကျိုးရှိလာစရာရှိပါတယ် အမေရိကန်နဲ့မြန်မာဆက်ဆံရေးကလဲ ဘိုင်တန်နဲ့ အမေစု နီးကပ်တဲ့ဆက်ဆံရေးကြောင့် ပိုမိုအဆင် ပြေလာစရာရှိပေမယ့် လူ့အခွင့်အရေးသမား ဘိုင်တန်ကြောင့် ဘင်္ဂလီအရေး ပိုမိုခက်ခဲနိုင်ပြီး သာဝက ICJ နဲ့ပိုနီးကပ်သွားမှာပါ

တရုတ်က ဘိုင်တန်ကို ဧည့်ခံဖို့ သာဝကို ICJ လမ်း ကြောင်းခင်းပေးတာလဲ တွေ့နေရပါတယ် ဘယ်လို ပဲဖြစ်ဖြစ် လာမယ့် ၂၀၂၁ ကမ္ဘာနိုင်ငံရေးနဲ့ မြန်မာ့နိုင် ငံရေးဖြစ်စဥ်တွေ အလွန်တရာမှ အကဲဆက်နိုင်ပါ တယ် တစ်ကွက်မှားတာနဲ့ အကြီးကြီးပေးဆပ်ရမယ် လို့လဲထင်ပါတယ်

ဒါကြောင့် ကျနော်တို့ ညီညွှတ်စွာနဲ့ ကျားနာတစ်ကောင်ရဲ့ အခဲ မခံရအောင် ပြည်သူ့အစိုးရကို ဆက်ဝန်းရံကြပါလို့ တိုက်တွန်းလိုက်ပရစေဗျာ

မုဆိုး လက်

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page