မြန်မာနိုင်ငံမှာ ရှိသင့်နေပြီဖြစ်တဲ့ တနိုင်ငံလုံး ကျန်းမာရေးအာမခံစနစ်ရဲ့ ကောင်းကျိုးများ

မြန်မာနိုင်ငံမှာ ရှိသင့်နေပြီဖြစ်တဲ့ တနိုင်ငံလုံး ကျန်းမာရေးအာမခံစနစ်ရဲ့ ကောင်းကျိုးများ

ဒီရက်ပိုင်းမှာ အသက် ၄၀ ဝန်းကျင်နဲ့ ကျောက်ကပ်အားနည်းပြီး ကျောက်​ကပ်​ဆေးရမယ်ဆိုတဲ့ လူနာ​တွေအ​ကြောင်း ကြားကြား​နေရတယ်။

သူငယ်ချင်း ကျောက်ကပ်ပါရဂူက ကျောက်ကပ်​ဆေး​နေရတဲ့လူ​နာ​တွေအ​ကြောင်း​ ပြောရင်းနဲ့ သူအမြဲ​ပြောပြတာက ကျန်းမာရေးအာမခံစနစ်တစ်ခု​ပေါ်ထွန်းလာ​ရေးပါ။ ကျောက်ကပ်အားနည်းပြီး ကျောက်ကပ်​ဆေး​နေရတဲ့ လူနာနဲ့ သူ့မိသားစုအတွက် ဆေးကုသစရိတ်ဟာ ဝန်ထုပ်ဝန်ပိုး အကြီး ကြီး ဖြစ်​စေပါတယ်။

ကျန်းမာရေးအာမခံစနစ်တစ်ခုသာ ပေါ်​ပေါက်ခဲ့လျင် ဒီလို ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချနိုင်မယ်ဆိုပြီး သုံးသပ်ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဒီ​နေ့မှာ​တော့ နေပြည်တော်က အတန်း​ဖော်သူငယ်ချင်း အရာရှိဆရာဝန်ကြီးက Panel Discussion တစ်ခု Online က​နေတက်ဖို့ ပြောလာပါတယ်။ Universal Health Coverage (UHC) လူတိုင်းလက်လှမ်းမှီလွှမ်းခြုံနိုင်​ပြီး အရည်အ​သွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဆွေး​နွေးပွဲပါ။

သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်။ အသိပညာဗဟုသုတတွေ ရလို့ပါ။ ဆရာတစ်​ယောက်​​ဆွေး​နွေးတာကို နားလည်သလို ပြောရလျင် UHC (လူတိုင်း လက်လှမ်းမီ လွှမ်းခြုံနိုင်​ပြီး အရည်အ​သွေးရှိတဲ့ ကျန်းမာရေးစောင့်ရှောက်မှု) ရှိဖို့ဆိုလျင် National Health Insurance (အမျိုးသားကျန်းမာ​ရေးအာမခံစနစ်)ရှိဖို့လိုပါတယ်။ ပြီး​တော့ ကျန်းမာရေးအာမခံ ဥပ​ဒေတစ်ရပ် ရှိဖို့လိုပါတယ်။

ဒါ​တွေ လုပ်​​ဆောင်နိုင်မယ်ဆိုလျင် Health Services (ကျန်းမာရေးဝန်​ဆောင်မှု​တွေ)ကို အများပြည်သူ လက်လှမ်းမီမှာ ဖြစ်ပါတယ်။ အခုလက်ရှိ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်​တော်မှာ အ​ကောင်အထည်ဖော်ဖို့ ဆွေး​နွေးနေကြပါပြီ။ ကြိုးပမ်းဆောင်ရွက်နေကြတာလည်း ကြာပါပြီ။

ဒါ့​ကြောင့် ဒီ တတိယအကြိမ်လွှတ်​တော်မှာ အ​ကောင်အထည်ဖော်ဆောင်နိုင်ဖို့ ကျ​နော် ဒေါက်စွာ နှမ်းတစ်​စေ့​လောက်ဖြစ်ဖြစ် ပါဝင်ဖို့ စိတ်ဝင်စားတယ်။ ကြိုးပမ်းဆောင်ရွက်ဖို့ရှိပါတယ်။ ကျ​နော့်ကို အဘက်ဘက်က ကူညီ​ပေးမယ့်သူ​တွေရှိလို့ ကျ​နော် အားတက်ပါတယ်။ အတတ်နိုင်ဆုံး ကြိုးစားမှာပါ။

ကျေးဇူးတင်ပါသည် ခင်မင်​လေးစားစွာဖြင့်
ဒေါက်တာကျော်စွာဦး
10.12.2020 22:50

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page