ကိုဗစ်ကြောင့် ကျန်းမာရေးဝန်ထမ်းတဦး ပထမဦးဆုံး ကွယ်လွန် (စစ်ဆေးရုံက ပါမောက္ခ ဆရာဝန်မကြီးပါ)

ဒီနေ့ကွယ်လွန်သွားတဲ့ဆရာဝန်မကြီးသတင်း အပြည့်အစုံ

ဒီနေ့သေဆုံးတဲ့ လူနာတွေထဲက တစ်ယောက်က စစ်/ဆေး မှာ ဗိုလ်မှူးရာထူးနဲ့တာဝန်ထမ်းဆောင် ခဲ့ပြီး ယခု အငြိမ်းစားယူကာ ပုဂ္ဂလိက အထူးကု ဆေးရုံနဲ့ဆေးခန်းတွေမှာ လှည့်ထိုင်ကာ ကုသ ပေးနေတဲ့ အသက်(၆၅)နှစ်ဝန်းကျင် နား၊ နှာခေါင်း၊ လည်ချောင်းအထူးကု ဆရာဝန်မကြီး ဒေါက်တာ ဒေါ်ခင်အေးမြင့်ဦး ဖြစ်ပါတယ်။

စစ်ဆေးရုံက နား၊ နှာခေါင်း၊ လည်ချောင်းဌာနရဲ့ ပါမောက္ခ ဟောင်းတစ်ယောက်ဖြစ်တယ်လို့လည်း သိရပါ တယ်။ စစ်ဆေးရုံက အငြိမ်းစားယူပြီး ကိုယ်ပိုင်ဆေးခန်း မဖွင့်ပဲ မြေနီကုန်း စျေးလမ်းက မြေညီထပ်တိုက်ခန်း မှာ မိသားစုနဲ့အတူနေထိုင်ကာ နာမည်ကြီး ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်ပိုင်း လှည့်လည်ကုသ ပေးနေတဲ့ အထူးကုဆရာဝန်မကြီး ဖြစ်ပါတယ်။

ကနဦးသတင်းများအရ မြောက်ဥက္ကလာ ရွှေလမင်းအထူးကုဆေးရုံ၊ အင်းစိန်က သီရိစန္ဒာအထူးကုဆေးရုံနဲ့ နှင်းဆီကုန်းအထူးကုဆေးခန်းတို့မှာလည်း ထိုင်တယ်လို့ သိရပါတယ်။ လောလောဆယ် Case နံပါတ်က အတည်ပြုချက် မရသေးလို့ပါ။ သတင်းကလုံးဝ သေချာပါတယ်။ သူတို့တိုက်ကို လော့ဒေါင်း ချထားတာ သုံးရက် လောက် ရှိပါပြီ။ သူနဲ့ ရင်းနှီးတဲ့ နား နှာခေါင်း လည်ခေါင်း အထူးကု ဆရာဝန်တစ်ယောက်က လည်း အတည်ပြုလိုက်ပါပြီ။

ညနေ ၃ နာရီခွဲမှာ ဆုံးသွားတာပါ။ မနက်ကဆုံးပြီလို့ ကောလဟာလတွေ ထွက်ခဲ့သေးပေမယ့် တကယ်မသေပဲ Ventilation တင်ထားတာလို့ သိရပြီး ညနေကျမှ တကယ်ကွယ်လွန်သွားတာပါ။ ဆရာဝန်မကြီးကို သူတို့ဆရာဝန်လောကသားအချင်းချင်းကတော့ မဦး လို့ ပဲ ခေါ်ကြပါတယ်။ နောက်ဆုံးစုံစမ်းကြည့်တော့ သူနဲ့အတူနေအိမ်သား(၆)ယောက်ရှိပါတယ်။ ခလေး(၂)ယောက် ပါပါတယ်။ သူ့ယောင်္ကျား၊ သူ့သား၊ သူ့သမီး၊ သူ့ချွေးမနဲ့ သူ့မြေး ၂ ယောက်ပါ။

အားလုံးကို ဆေးစစ် ထားပါတယ်။ ကနဦးသတင်းအရ သူ့သမီး မှာလည်း ပိုးတွေ့ရှိရတယ်လို့ သတင်းရရှိပါတယ်။ ကျန်အိမ်သားတွေရဲ့ဆေးစစ်ချက်ကမကြာခင် မှ ထွက်လာပါလိမ့်မယ်။ သတင်းကို ညနေ(၄)နာရီကတည်းက ရထားပြီး ဖြစ်ပေမယ့် သတင်းသမားကျင့်ဝတ်အရ ချက်ချင်းမတင်သေးပဲ သေချာအောင် အထပ်ထပ် စုံစမ်းစစ်ဆေး ပြည့်စုံအောင် ရှာဖွေပြီး သေချာပြီ ဆိုတော့မှ တင်ပေးလိုက်တာပါ။

သေဆုံးသူရဲ့ တခြားဓာတ်ပုံတွေရထားပေမယ့် သေဆုံးသူနဲ့ ကျန်ရစ်သူမိသားစုရဲ့ Privacy အရမတင်ပေး တော့ပါဘူး။ Rest in Peace ပါ ဆရာမကြီးရေ…

Rio Wai Yan Htet

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page