တနိုင်ငံထဲမှာပဲ ကျန်းမာရေး စနစ် နှစ်ခု ဖြစ်နေတဲ့ မြန်မာနိုင်ငံ
နိုတနိုင်ငံထဲမှာပဲ ကျန်းမာရေး စနစ် နှစ်ခု ဖြစ်နေတဲ့ မြန်မာနိုင်ငံ
မကြာမီ ရက်ပိုင်းအတွင်းမှာ ရန်ကုန်က စနစ် တစ်ခုပြောင်းမယ် P လူနာ ကို ရောဂါပြင်းထန်မှု ခွဲခြားပြီး အိမ်မှာထားတော့မယ်။
ကနဦး စတင်မှု ကို အဖြစ်များခဲ့တဲ့ မြို့နယ် တစ်ခုမှာစမယ် ရက်ပိုင်းအတွင်းစမယ်။ ဒါပေမယ့် တစ်ခုကို လမ်းလွှဲ လုပ်ထားတယ်၊ ထိတွေ့မှု လိုက်တဲ့ကိစ္စ P လူနာကိုအိမ်မှာ ထားပြီး ထိတွေ့သူက Q သွားရမလို ဖြစ်နေတယ်
ထိတွေ့သူကိစ္စ အရင် Home Q လုပ်ပေးလိုက်ပြီး စစ်ဖို့လုပ် P လူနာတွေကို လက်ရှိ Q စင်တာတွေကို ပို့မယ့်အဆင့်က အရင်ဖြစ်ရမှာ မဖြစ်လာဘူး။ P လူနာကို အိမ်မှာထားမယ် ကအရင်ဖြစ်လာတယ် (ရဲရဲဝံ့ဝံ့ ပြန်ပြောမယ့် လူမရှိတာလို့ မြင်တယ်)
အဲ့လို ကိစ္စ တွေကြတော့ တပ်ဖက်က ကျင့်သုံးနေတဲ့ မူက အရမ်းကောင်းတယ်။ တပ်မှာ လော့ဒေါင်းကို ကိုးလလောက်အပြီးချထားပေမယ့် ကူးစက်မှု အရမ်းတက်လာတဲ့အခါ ပေါက်တာတွေ ရှိတယ်။ သိတာနဲ့ P လူနာကိုခေါ်လိုက်တယ်။ စင်တာ ပို့တယ်။ ထိတွေ့သူကို Home Q လိုက်တယ်။ လက္ခဏာ ပြတာနဲ့ စင်တာကိုခေါ်လိုက်တယ်။
ပြတဲ့လူပဲခေါ်တာနော်။ ကျန်တဲ့လူက Home Q၊ လက္ခဏာပြ တဲ့သူကိုပဲစစ်တယ်။ ဒါပေမယ့် အဖြေကဘာနေနေ လူက စင်တာ ရောက်နေပြီ (P ဖြစ်ဖို့ ရာခိုင်နှုန်း အရမ်းများလို့ ခေါ်ထုတ်ပြီးသား ဖြစ်နေပြီ) ထိတွေ့သူက အိမ်မှာ လော့ဒေါင်းပဲ ငါနဲ့သိတာ မသိတာ ဘာညာ မရှိဘူး စစ်လည်း မစစ်ဘူး (စစ်ရင်တော့ ပိုကောင်းတာပေါ့)
ဒါပေမယ့် တစ်ဖက်ကပြန်ကြည့်ရင်လည်း ရေရှည်သွားရမယ် ဆိုတာ သိတော့ ရင်းမြစ် ကို ရသလောက် ချွေနေတယ်လို့ မြင်တယ် ချွေနေပေမယ့် အုပ်မိအောင် တုံ့ပြန်မှုကိုလည်း အရမ်းကောင်းအောင်လုပ်ထားတယ်။ မိုက်တယ်။ ကြပ်သင့်တာ ကြပ်ထားတယ်။
အဲ့တော့ ထိန်းနိုင်တယ် ပြောရမယ် ကောင်းတယ် အပြင်မှာ ဗရမ်းဗတာ ဖြစ်နေတယ်။ လူကြီးတွေ သိအောင်လုပ်ရမယ် ပြောရမယ် သတ္တိ ဘာညာဆိုတာလေးများ ရှိခဲ့ရင်ပေါ့ ဟိုးအပြင်ဘက် လျှောက်မကြည့်နဲ့ ကိုယ့်ပြည်တွင်းမှာပဲ ကောင်းတာလေးတွေ ရှိရင် တစ်ချက်လောက်စောင်းငဲ့ ကြည့်သင့်တယ် ထင်တယ်
မောပေမယ့် ပြောတော့ပြောနေရဦးမယ် ထင်ပါတယ်
စေတနာများစွာဖြင့်
မောင်စီ