နိုဝင်ဘာလအတွင်း ကြယ်မိုးတွေ ရွာဦးမည့် နေ့ရက်များနှင့် မိရိုဖလာ အရိုးစွဲယုံကြည်မှု

နို၀င်ဘာလအတွင်းမှာ ကြယ်မိုးတွေ ရွာဦးမည်.. ​

နေကြတ်ခြင်း၊ လကြတ်ခြင်း၊ ကြယ်မိုးရွာ (ကြယ်ကြွေ) ခြင်း၊ ဂြိုဟ်​နောက်ပြန်သွားခြင်းတို့ဟာ အခုမှ ဖြစ်နေတဲ့ ဖြစ်စဥ်တွေ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ နှစ်သန်း​ပေါင်းများစွာကတည်းက ဖြစ်​ပေါ်​နေကျ သဘာဝနက္ခတ္တ ဖြစ်စဥ်များသာ ဖြစ်ပါတယ်။ ယခုလအစပိုင်းက စတင်ပြီးလဲ အင်္ဂါဂြိုလ် လို့ခေါ်တဲ့ (မားစ်) ဂြိုလ်ဟာ ​နောက်ပြန်သွားခြင်းကို စတင်ခဲ့ပြီး (၂၀၂၃) ခုနှစ် ဇန်နဝါရီလ ၁၃ ရက်​နေ့မှ ပြီးဆုံးပါမယ်လို့ နက္ခပညာရှင်တွေ ရေးသားဖော်ပြထားတာကိုလဲ လေ့လာရပါတယ်။ ထူးခြားစွာ ကြယ်​ကြွေခြင်း (ကြယ်မိုးရွာ) ​မည့် နေ့ရက်​တွေက​တော့ (18.11.2022) နဲ့ (21.11.2022) ရက်နေ့တွေမှာ တွေ့မြင်ရဦးမှာပါ။

စာများများဖတ်ကြပါ။ လေ့လာပါ။ ရှေးက ပညာရှင်တွေများစွာရော ယခုလက်ရှိပညာရှင်တွေများစွာတို့ရဲ့ လေ့လာမှတ်သား ရေးသားချက်တွေကို လေ့လာပါ။ ကမ္ဘာပေါ်မှာ ကိုးကွယ်မှု၊ ယုံကြည်မှု၊ ဘာသာဓလေ့ ထုံးတမ်းအစဥ်အလာတွေ၊ မိရိုးဖလာက ဆင်းသက်လာကြတဲ့ အရိုးစွဲယုံကြည်မှုတွေဆိုတာ တော်ရုံဖျောက်ဖျက်လို့ မရသလို တိုက်ဆိုင်သွားတဲ့ အမှန်တရားတွေလဲ အများကြီး ရှိခဲ့ပါတယ်။ သိပ္ပံပညာသဘောတရားအရ လိုက်မမှီတဲ့ ၀ိဇ္ဇာပညာ သဘောတရားဖြစ်စဥ်တွေ အများကြီးရှိသလို ၀ိဇ္ဇာ သဘောတရားအရ ဖော်ထုတ်ရခက်တဲ့ ပုစ္ဆာတွေကို သိပ္ပံသဘောတရားအရ ဖော်ထုတ်နိုင်ခဲ့တာတွေ အများကြီးပါ။

ကျွန်တော်တို့ ငယ်ငယ်က နားရည်၀အောင်ကြားဖူး လုပ်ဖူးခဲ့တာတွေ မှတ်မိဦးမှာပေါ့။ ဒေ​ဝေါကြီး လာ​နေပြီးဆိုပြီး ကြောက်ခဲ့တာတွေ၊ ခုလို လငပုတ်ဖမ်းရင် မကောင်းဆိုးရွားလာမယ် သံပုံးတီးပြီး မောင်းထုတ်ကြဆိုပြီး လုပ်ခဲ့ကြတာတွေမျိုးပေါ့။ စိတ်စွမ်းအားက အရမ်းကြီးပါတယ်။ ကိုးကွယ်မှူ ယုံကြည်မှုဆိုတာတွေကလဲ စိတ်ခံစားမှုကနေပြီးပဲ ဆင်းသက်လာပြီး စိတ်ခံစားမှုပြင်းထန်ရင် ပြင်းထန်သလောက် အကျိုးဖြစ်တာတွေ၊ အကျိုးယုတ်တာတွေ တိုက်ဆိုင်စွာ ဖြစ်ပေါ်လာတာပါ။ ကျွန်တော်ကတော့ ဘယ်သူ့ဘာသာ ဘယ်သူ့ယုံကြည်မှု ဘယ်သူ့ဓလေ့ထုံးတမ်း အစဥ်အလာတွေကိုမှ ပေါ့ပျက်ပျက်မလုပ်ဘူး။ ၀ိဇ္ဇာသဘော သိပ္ပံသဘော စိတ်သဘောအရ အားလုံးကို လေးစားမှု အပြည့်ထားပါတယ်။ ​

ထပ်ပြောရရင် ယခု လငပုတ်ဖမ်းခြင်း (လကြတ်ခြင်း) ဖြစ်စဥ်ဟာလဲ လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ဖြစ်​ပေါ်​နေကျ သဘာဝ နက္ခတ္တ ဖြစ်စဥ်များသာ ဖြစ်ပါတယ်။ ဒါပေပဲ့ ကိုးကွယ်ရာဘာသာ၊ ယုံကြည်မှု ဓလေ့ထုံးထမ်း စဥ်လာတွေ၊ သိပ္ပံသဘောရော ၀ိဇ္ဇာသဘောအရရော၊ သူ့နေရာတိုင်းမှာ သူတို့ယုံကြည်ခဲ့တဲ့ ဖြစ်စဥ်တွေ တိုက်ဆိုင်စွာ ဖြစ်ပေါ်ခဲ့ဖူးကြလို့ အားလုံးဆက်လက် ယုံကြည်နေကြခြင်းတွေပဲ ဖြစ်ပါလိမ့်မယ်။ နက္ခတ္တ​ဗေဒင်ပညာရပ်မှာ​တော့ ဒီလိုဖြစ်စဥ်တွေဖြစ်ရင် စစ်မက်ဘေးနဲ့ သဘာဝ​ဘေးအန္တရာယ်များ ပိုမိုကြုံ​တွေ့လာနိုင်တယ်လို့လည်း ဆိုထားကြတာကို လေ့လာဖတ်ရှုထားရပါတယ်။

ပုံ / (8.11.2022) နေ့ လကြတ်ခြင်း ဖြစ်ပေါ်ခဲ့ပုံများ (ဇင်မိုး)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page