တရုတ်နိုင်ငံ ကျယ်ဂေါင်နဲ့ ရွှေလီမြို့မှာ လှည့်လည်တဲ့ ပါတီဝန်းရံသူ ၄၀၀ နီးပါးကို တရုတ်ရဲ ဖမ်းဆီး

တရုတ်နိုင်ငံ ကျယ်ဂေါင်နဲ့ ရွှေလီမြို့မှာ လှည့်လည်တဲ့ ပါတီဝန်းရံသူ ၄၀၀ နီးပါးကို တရုတ်ရဲ ဖမ်းဆီး

မြန်မာ-တရုတ်နယ်စပ် တရုတ်နိုင်ငံ ကျယ်ဂေါင်နှင့် ရွှေလီမြို့တွင် အင်အားပြ လှည့်လည်သည့် အန်အယ်ဒီ ပါတီ ဝန်းရံသူ ၄၀၀ နီးပါး ယနေ့ (အောက်တိုဘာ ၈ ရက်) မွန်းတည့် ၁၂ နာရီဝန်းကျင်က ဖမ်းဆီးခံရကြောင်း သိရပါတယ်။

အန်အယ်ဒီ ပါတီ တံဆိပ်ပါ အင်္ကျီ၊ တီရှပ်၊ ဦးထုပ်တို့နှင့် NLD ပါတီ သီချင်းများဖွင့်၍ ဆိုင်ကယ်များဖြင့် သွားလာနေသော လူ ၅၀၀ ခန့်ကို တရုတ်နိုင်ငံ ရွှေလီရဲဌာနက ခွင့်ပြုချက်မရှိဘဲ လှည့်လည်မှု ပြုလုပ်သဖြင့် စီတန်းလှည့်လည်မှုနှင့် သက်ဆိုင်သည့် ဥပဒေဖြင့် ဖမ်းဆီခဲ့ခြင်း ဖြစ်ကြောင်း သိရပါတယ်။

တရုတ်နိုင်ငံ ကျယ်ဂေါင် ရွှေလီတွင် မြန်မာနိုင်ငံမှ ထုတ်ပေးထားသော Border pass စာအုပ်အနီ၊ တရုတ်နိုင်ငံက ထုတ်ပေးထားသော နေထိုင်ခွင့် စာအုပ်တို့ဖြင့် နေထိုင်နေကြသော မြန်မာနိုင်ငံ ဒေသအသီးသီးမှ မြန်မာနိုင်ငံသားများသည် ကျယ်ဂေါင်မြို့ မနောကွင်းတွင် စုဝေးမှု ပြုလုပ်ခဲ့ပြီး အပြန် ရွှေလီတံတားထိပ်နှင့် ရွှေလီအောက်ဈေး အဝိုင်းတို့တွင် တရုတ်ရဲများက ဖမ်းဆီးထိန်းသိမ်း ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ အဆိုပါ လှုပ်ရှားမှု ပြုလုပ်ရာတွင် တရုတ်နိုင်ငံ အစိုးရထံ ခွင့်ပြုချက်တစ်စုံတရာ တောင်းခံခြင်း မရှိခဲ့ကြောင်းလည်း သိရပါတယ်။

အဆိုပါ ဖမ်းဆီးထိန်းသိမ်းခဲ့သူများအား ရွှေလီမြို့ အောက်ဈေးမှ ခရီသည်တင် ဘတ်စ်ကားများဖြင့် တင်ဆောင်ကာ ရွှေလီထောင်သို့ ပို့ဆောင်လျက်ရှိကြောင်း သိရပါတယ်။

ရွှေလီကျယ်ဂေါင်မြို့ရှိ မြန်မာနိုင်ငံသားများမှ နယ်စပ်ဖြတ်သန်းခွင့်စာအုပ် အနီသာရှိပြီး နိုင်ငံကူးလက်မှတ် Passport စာအုပ်မရှိခြင်း၊ မြန်မာကောင်စစ်ဝန်ရုံးသည် ‌ကူးမင်းမြို့တွင်သာရှိခြင်းကြောင့် မဲသွားရောက် ပေးပိုင်ခွင့် ဆုံးရှုံးနေပြီး တရုတ်နိုင်ငံ၏ နေထိုင်ခွင့်စာအုပ်ဖြင့် နေထိုင်နေကြသော မြန်မာနိုင်ငံသား နှစ်သိန်းကျော် ရှိကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page