အပြင်ထွက်တဲ့သူနဲ့ တံခါးပိတ်နေတဲ့သူ ဘာမှ ကွာခြားမှု မရှိတော့တဲ့ ရန်ကုန်မြို့ကြီး
အပြင်ထွက်တဲ့လူနဲ့ မထွက်တဲ့လူ ဘာကွာလည်း မေးရင်…
ထွက်တဲ့လူက အပြင်ရောက်တယ်။ မထွက်တဲ့လူက အိမ်ထဲမှာ အိုစာနေတယ်
မထွက်တဲ့လူက မကူးဘူးလားလို့မေးရင် မထွက်လည်း ကူးချင်ကူးနေတာ ထွက်ပြီးမကူးတဲ့လူက မကူးပြန်ဘူးတဲ့
စည်းကမ်းမရှိတဲ့လူတွေက အပြင်မှာပွဲတော်လုပ်နေပြီး စည်းကမ်းရှိတယ်လို့ ခံယူထားမိတဲ့လူတွေက ဆိုင်တွေပိတ်ထားပြီး ငတ်နေကြပြီ
အပြင်ထွက်ပြီး ဖလန်းဖလန်းဖြစ်နေတဲ့လူတွေကို အစိုးရက ဘာမှမလုပ်ဘူးလားဆိုတော့ တစ်မြို့လုံးနီးပါးထွက်နေတာ သွားဖမ်းတဲ့ရဲတောင် ဝိုင်းလုပ်ကြဦးမယ်…
အိမ်ထဲနေတဲ့လူတွေကို အစိုးရကဆုချလားဆိုတော့ ၄ သောင်းတောင် အပြည့်ရတဲ့လူနဲ့ အပြည့်မရတဲ့လူနဲ့ လုံးဝမရတဲ့လူနဲ့
ပိတ်ထားတာက နောက်လ ၅ ရက်ဆို ပြန်ဖွင့်ပြီလားဆိုတော့ ထပ်တိုးချင်လည်းတိုးမယ် မတိုးချင်လည်းမတိုးဘူး
ကြောက်လွန်းလို့ mask တပ်ကြတဲ့လူတွေက တနေကုန် မချွတ်စတမ်း တပ်နေရပြီး မတပ်တဲ့လူက တပ်ကိုမတပ်တာ
Mask မတပ်တဲ့လူတွေများလို့ ပိုးတွေ့လူနာတွေများများနေသရွေ့ Mask တပ်ထားရတဲ့လူတွေက ဘယ်အထိတပ်ထားရမှန်းမသိဘဲ တသက်လုံးတပ်သွားရမယ့်ပုံပဲ…
လမ်းပေါ်မှာ လူတွေများလိုက်တာ ပန်းခြံမှာအပြည့် စျေးမှာအပြည့်
ဘယ်သူ့ကိုမှ အပြစ်မတင်ချင်ပေမယ့်
သူများတွေ အပြင်ထွက်နေသရွေ့ ကိုယ်တွေအိမ်ထဲနေနေရဦးမယ်ဆိုတာကျတော့ သိပ်သဘာဝမကျဘူး…
Min Yel Kyaw Swar