၂ လနီးပါး နေ့စဥ် ထောင်ကျော် ကူးစက်မှုနဲ့ ကြိုးတန်းပေါ် လျှောက်နေရတဲ့ မြန်မာပြည်

၂ လနီးပါး နေ့စဥ် ထောင်ကျော် ကူးစက်မှုနဲ့ ကြိုးတန်းပေါ် လျှောက်နေရတဲ့ မြန်မာပြည်

အမေရိကန်မှာ တနေ့ကို နှစ်သိန်းလောက်အကူးခံနေရတယ်။

ကျွန်တော်တို့မှာ နှစ်ထောင်လောက်အကူးခံရတယ်။ ကိုဗစ်ဟာ အအုပ်စောမှ အခြေအနေတည်ငြိမ်တာပါ။

မြန်မာမှာလည်း ကိုဗစ်ဟာ သောင်းချီ သိန်းချီကူးတဲ့ အခြေအနေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ကြိုးတန်းပေါ် တည်းတည်းလေးလျောက်နေကြတယ်၊ ကိုယ့်နိုင်ငံရဲ့ ကျန်းမာရေးဝန်ဆောင်မှုဟာ လိုအပ်ချက်တွေရှိနေသေးတယ် ဆိုတာ သတိပြုစေချင်ပါတယ်။

မြန်မာဟာလည်း ကမ္ဘာ့နိုင်ငံတွေနည်းတူ အန္တရာယ်အလွန်များတဲ့ ဆောင်းတွင်းကို ဖြတ်နေပါတယ်။ တထောင်လောက် အကူးခံရတာ ရက် ၆၀ နီးလာပါပြီ၊ ပြန်ကျဆင်းမလာတာ သတိပြုမိကြမှာပါ၊ တသောင်းအကူးခံ ရသွားရင် ပြန်ကျဖို့ လပေါင်းများစွာလိုတယ် ဆိုတာ တွေးကြည့်နိုင်ကြမှာပါ။ တနေ့ လူတသောင်းကူးတယ်ဆိုရင် ဆေးရုံတွေကတော့ ဘာမှမတတ်နိုင်တော့ဘူး၊ သဘာဝတရားက ကုတာကိုပဲ စောင့်ကြယုံပေါ့။

တဖက်ကလည်း ချာလည်ရိုက်နေရင် စီးပွါးရေး ဘယ်လိုလုပ်ကြမလဲ? အကုန်ပါတ်ရှုပ်ကုန်မယ့် အနေအထား တွေ့ရပါတယ်။ ကျွန်တော်တို့ အတော် ထိန်းသိမ်းရပါဦးမယ်၊ ဗျူဟာပြောင်းရဦးမယ်။

သတိဆိုတာ ပိုတယ်မရှိပါဘူး။ ရန်ကုန်ကတော့ နေသားတွေကျနေပြီ၊ နယ်တွေက အတော်ဖိဖိစီးစီး လုပ်ကြပါမှ အဆင်ပြေမယ်။ ၁၀ရက် လောက်ဖိဖိစီးစီးလုပ်ရင် တကယ် လျော့သွားမှာပါ။ ပြီးရင် အကုန်ပုံမှန်ဖြစ်သွားမှာ။

ကြိုးစားကြည့်ကြပါဦး။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page