မဟုတ်တဲ့ နေရာမှာ ဉာဏ်ကောင်းလွန်းတဲ့ ကူးစက်လူနာတွေနဲ့ အကျအဆုံးများလာတဲ့ ဆရာဝန်များ
မဟုတ်တဲ့ နေရာမှာ ဉာဏ်ကောင်းလွန်းတဲ့ ကူးစက်လူနာတွေနဲ့ အကျအဆုံးများလာတဲ့ ဆရာဝန်များ
ဆေးခန်းထိုင်တဲ့ ဆရာဝန်တွေ အတော် တိုက်ပွဲကျနေတယ်ကြားတယ်။ ဘာလဲတိုက်ပွဲကျဆို ပိုးတွေ့လူနာတွေနဲ့ ထိတွေ့မှုရှိလို့ Q ဝင် ဆေးခန်း လော့ဒေါင်း ချခံရတာကိုပြောတာ။
ပိုးတွေ့ လူနာတွေကလဲ အချို့ ဘယ်လောက်အထိ ဂျင်းထည့်လဲဆို ဖျားရင် ဆေးခန်းထဲ အဝင်မခံမှာစိုးလို့ ဆေးခန်းလာခါနီး ပါရာစီတမော သောက်လာသတဲ့။ ဒီတော့ ကြိုက်သလောက် အဖျားတိုင်း အဖျားမရှိဘူးပဲ။ မဟုတ်တဲ့ နေရာမှာ ဥာဏ်ကောင်းချက်။ တစ်ချို့ဆို တစ်မြို့လုံးဆေးခန်းတွေ ပတ်ပြသလား မှတ်ရတယ်၊ တစ်နေရာမှာ တစ်ရက်မပျောက် နောက်ဆေးခန်းပြောင်း ဒါမျိုး။ အဲ့မှာ အများကြီး တန်းစီထိရော။
မြန်မာဆေးကောင်စီက ထုတ်ပြန်ထားတာ PPE အဆင့် ၂ ဝတ်ထားပြီးကုရင် Q ဝင်စရာမလိုဘူးဆိုလား။ ဆရာဝန်တွေ အဲ့အတိုင်းလိုက်နာပြီး ကုကြတာပဲ။ အဲ့ဒါကို တိုင်းကျန်းမာရေးက မရဘူးဆိုပြီး ထိတွေ့မှု ရှိသမျှ အကုန် Q ထည့်သတဲ့။ ဆေးခန်းထိုင်တဲ့ ဆရာဝန်တွေခင်ဗျာ ဘယ်လိုမှကို ရှင်းပြလို့မရဘူးဆိုပဲ။ သွားလေရော Q ထဲ၊ ပိတ်လေရော့ ဆေးခန်း။
ဆေးကုပေးရမယ့်သူတွေပါ အကုန် Q ထဲဆွဲထည့်နေတော့ အပြင်မှာ တခြားရောဂါနဲ့ လူနာတွေ ဘယ်နှယ့်လုပ်ကြမတုန်း။
Kyaw Kyaw Sai