အရင်လထက် စာရင် ကူးစက်မှု တည်ငြိမ်လာတဲ့ ကိုဗစ် (ကူးစက်နှုန်း ‌နှေးလာပြီ)

အရင်လထက် စာရင် ကူးစက်မှု တည်ငြိမ်လာတဲ့ ကိုဗစ် (ကူးစက်နှုန်း ‌နှေးလာပြီ)

စုစုပေါင်းလူနာ တက်တဲ့နှုန်းကို ကူးစက်မှု ၂ ဆဖြစ်တဲ့အချိန် နဲ့ ကြည့်ရင်လည်း ၂၃ ရက်လောက်ရမယ်။

အဆိုးဆုံး စက်တင်ဘာ ၁၂ ရက်လောက်က (၇) ရက်လောက်ပဲ ရှိခဲ့တာ။ အဲဒီနှုန်းနဲ့ သာ အခုများ ကူးနေခဲ့ရင် ခု ၅ သောင်းဆိုတော့ နောက် (၇) ရက်ဆို တစ်သိန်းလောက် ဖြစ်ပြီလေ။ အခုတော့ ၂၃ ရက်လောက် ဖြစ်သွားလို့ ကူးစက်တာ နှေးသွားပြီလို့ ထင်ပါတယ်။

အလွယ်နည်းနဲ့ မနေ့က လူနာ စုစုပေါင်းကနေ ဒီနေ့ ဘယ် ရာခိုင်နှုန်း လောက် တက်သလဲ တွက်ကြည့်ရင် စက်တင်ဘာ ၁၉ မှာ ၁၃.၉% တက်ခဲ့ဘူးတာ။ တဖြည်းဖြည်း ပြန်နည်းသွားတာကို မျဉ်းအနီရောင်နဲ့ Line Graph ပြထားတာ မြင်နိုင်ပါတယ်။ ကူးစက်တာ နှေးလာနေပါတယ်။ တစ်ရက်ကို ၃% ပါတ်ချာလည် ပဲ တက်တော့တယ်။

Flatten the curve လမ်းကြောင်းပေါ် ရောက်နေတာလို့ ဆိုနိုင်ပါမယ်။

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page