ကူးစက်မြန် ကိုဗစ်မျိုးကွဲပိုးတမျိုး ဗြိတိန်မှာ ပေါ်လာပြန်ပြီ လူတထောင်ခန့် ကူးစက်ခံထားရဟုဆို
ကူးစက်မြန် ကိုဗစ်မျိုးကွဲပိုးတမျိုး ဗြိတိန်မှာ ပေါ်လာပြန်ပြီ လူတထောင်ခန့် ကူးစက်ခံထားရဟုဆို
ကိုဗစ် ဗိုင်းရပ်စ် မူကွဲ တခုကို အင်္ဂလန် အရှေ့တောင်ဒေသမှာ တွေ့ရှိထားတယ်လို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က တနင်္လာနေ့ ပါလီမန် ဆွေးနွေးပွဲမှာ ပြောသွားပါတယ်။
ကိုရိုနာ ဗိုင်းရပ်နဲ့ ဆက်စပ်နေတဲ့ ဒီဗိုင်းရပ်စ် မူကွဲဟာ လက်ရှိ ဗိုင်းရပ်စ်ထက် ပျံ့နှံ့မှု ပိုမြန်တယ်လို့ ဝန်ကြီးကပြောပါတယ်။ အသေးစိတ်ကိုတော့ ဝန်ကြီးက မပြောပါဘူး။ ဒါပေမယ့် ဒီ အသစ်တွေ့ရှိမှုနဲ့ပတ်သက်ပြီး WHO ဆီ သတင်းပို့ထားတယ်လို့ပြောပါတယ်။
ဗြိတိန်ဝန်ကြီး ပါလီမန်မှာပြောပြီး သိပ်မကြာခင် ဂျီနီဗာမှာပြုလုပ်တဲ့ WHO ပုံမှန် သတင်းစာရှင်းပွဲမှာတော့ WHO အရာရှိတဦးဖြစ်သူ ဒေါက်တာ မိုက်ကယ်ရိုင်း က ဗြိတိန်မှာ ဒီ ဗိုင်းရပ်အသစ် ကူးစက်သူ ၁, ၀၀၀ ခန့်ရှိနေတယ်လို့ သိထားရပြီး ဒီကိစ္စအတွက် ဗြိတိန်နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောပါတယ်။
“ဒီလို ဆင့်ကဲတိုးတက်ပြောင်းလဲခြင်းဖြစ်စဉ်တွေ၊ သန္ဓေပြောင်းခြင်းတွေဟာ ဖြစ်လေ့ဖြစ်ထရှိပါတယ်” လို့ ဒေါက်တာရိုင်း ကဆိုပါတယ်။ ဒါပေမယ့် ဒီ မူဲကွဲ ဗိုင်းရပ်စ်က စိုးရိမ်စရာပိုရှိတယ်။ လူတွေကို ကူးစက်မှု ပိုမြန်တယ်ဆိုတဲ့ သတင်းအချက်အလက်မျိုးတော့ မရှိသေးပါဘူး လို့ သူကပြောပါတယ်။
ပညာရှင်တွေရဲ့ပြောဆိုချက်အရ သန္ဓေပြောင်းပြီးဖြစ်ပေါ်လာတဲ့ မူကွဲဗိုင်းရပ်ဟာ လူသားတွေရဲ့ ရောဂါကူးစက်မှုအပေါ် သက်ရောက်မှု အနည်းငယ်သာရှိတယ်လို့ သိရပါတယ်။. ။