ရန်ကုန်မှာ ကူးစက်မှု များပြားခဲ့ရတဲ့ အကြောင်းအရင်းများ (ကံကောင်းပါစေ ရန်ကုန်မြေ)

ရန်ကုန်မှာ ကူးစက်မှု များပြားခဲ့ရတဲ့ အကြောင်းအရင်းများ (ကံကောင်းပါစေ ရန်ကုန်မြေ)

New Normal ဆိုတာ မရှိပါ။ (နည်းနည်းနားခါးတာတွေပြောမယ်။ စိတ်မရှိကြပါနဲ့)

New Normal ဆိုတာဟာ တကယ်တော့ စကားလှအောင် သုံးထားတာပါ။ တကယ်တော့ Containment System နဲ့ ထိန်းနိုင်တဲ့ ပမာဏ ကျော်လွန်သွားတဲ့အတွက် ကြောင့် containment system ကိုတဖြေးဖြေး relesae လုပ်ရတဲ့ သဘောပါ။ Containment system မှာ Lock Down က အတွဲ အစပ်ပါ။ Containment system မှာ lock down မပါရင်။ အိပ်ပေါက်နဲ့ဖားကောက်သလိုပါပဲ။

အစိုးရဟာ ရန်ကုန် Lock Down အတော့် ကိုနောက်ကျခဲ့ ပါတယ်။ ဘာလို့နောက်ကျလဲ ဘာလို့နောက်ကျရသလဲဆိုရင် ရန်ကုန်ဟာ Mega city ဖြစ်နေပြီး ပထမလှိုင်းကြောင့် အထိနာနေတဲ့ စီးပွားရေး ဘုန်းဘုန်းလဲ သွားမှာစိုးရိမ်တဲ့ အတွက် နောက် ကျရခြင်း ဖြစ်တယ်။

နောက်တခုက အစိုးရ အနေနဲ့ ရွေးကောက်ပွဲနီးလာချိန် ပြည်သူက စိတ်နာပြီး မဲမရမှာစိုးလို့ပါ နောက်တစ်ခု Lock dowm တကယ်အသက်ဝင်ဖို့က စစ်တပ် အကူအညီယူရပါတယ်။ မြန်မာပြည်လို အခြေအနေက ရဲနဲ့ ကိုင်တွယ်ရုံနဲ့မရပါ ရဲ ကိုမကြောက်တဲ့ လူတွေ အများကြီးရှိပါတယ်။ စစ်တပ်ကို အကူအညီ တောင်းရတာ လောက် ခါးသီးတာ မရှိလေတော့ အစိုးရ ဟာ ငြင်းပယ် ပါတယ်။

နောက် Lock down အောင်မြင်တဲ့ တရုတ်နဲ့ ဗီယက်နမ် မှာ ဖြစ်ပွားတဲ့ မြို့တွေ ဟာ ဝူဟန် ဆိုရင် စီးပွားရေး မြို့တော်ဆိုပေမဲ့ အဓိက စီးပွားရေး မြို့တော်မဟုတ်ပါ။ တခါ ဒါနန်းဆိုလဲ မြန်မာမှာဆိုတောင်ကြီး မော်လမြိုင် အဆင့်လောက်ပါ။ အဓိက စီးပွားရေး မြို့တွေ မဟုတ်ပါ။ ဒါ့ကြောင့် အလွယ်တကူ ပိတ်ရတာပါ။ အာဏာရှင် တပါတီကွန်မြူနစ် နိုင်ငံတွေဖြစ်လို့လုပ်ရ ကိုင်ရတာ လွယ်ကူတာပါ။

ရန်ကုန်က မြန်မာပြည်ရဲ့ အဓိက စီးပွားရေး မြို့ပါ သူ့ကိုပိတ်လိုက်တာဟာ မြန်မာ့ စီးပွားရေးလည်မြို တက်နင်းသလိုဖြစ်သွားလို့ ပိတ်မရပါ။ အထက်ပါအချက်တွေ ကြောင့် ရန်ကုန် ကို LD နောက်ကျခဲ့ပြီးရန်ကုန် ဟာ ကိုဗစ်ကို လက်မြောက် ခဲ့ ရတာပါ။ Mask ယဥ်ကျေးမှု။ USA သမ္မတ ဒေါ်နယ်ထွမ့် ကိုယ်၌ က mask ယဥ်ကျေး မှုကို မကြိုက်ပါဘူး။ဘုဂလန့်ကောင်တွေပါ။ အဲ့တော့ကူးတယ်လေ။ ဗြိတိန်ဝန်ကြီးချုပ်လဲကူးတယ်လေ။ အဲ့တော့ ဝကခ တွေ သမ္မတတွေတော့ ဘယ်အသေခံမလဲ။ ရအောင်ကုတာပေါ့။

မြန်မာပြည်မှာ အဲ့ လိုဘုဂလန့်ကောင်တွေ အများကြီးပါ သူတို့လဲကူးပါတယ်။ သူတို့ကူးရုံတင်မက သူတို့ အိမ်ကလူတွေနဲ့ အလုပ်မှာအတူတူ နီးစပ်တဲ့ လူတွေပါကူးပါတယ်။ mask မတတ်တာဟာ သေနတ်မှန် တာတင်မကပါဘူး အိမိကိုပါ စနက်တန်ဖြုတ်ထား တဲ့ လက်ပစ်ဗုံး ယူသွား တာပါ။ အိမ်ကျမှ ကွဲတာပါ။ အဲ့တော့လူ့ဂလန့်တွေက ဘယ်တုန်းကမှ ကောင်းကျိုး မပေးခဲ့ပါဘူး။ နောက်တခုက ကုသရေး နဲ့ ကာကွယ်ရေး ကိစ္စ အစိုးရ ဟာ ကုသရေး ကို ဇောက်ချ လုပ်ကိုင်ခဲ့ပြီး ကာကွယ်ရေး တပ်တွေ ကို ပါ ကုသရေး ပါယူ သုံးပါတယ်။ ကာကွယ်ရေး တပ်တွေ ဟာ ကာကွယ်ရေး ကိစ္စတွေ မှာလဲ အင်အားမရှိပါ။

ဘာလို့လဲဆိုတော့ ကာကွယ်ဖို့ ကိစ္စ မှာ YBS နဲ့ ဈေး စက်ရုံ အလုပ်ရုံ ရုံး တွေ မှာ စက်ရုံ အလုပ်ရုံ တခု ပဲ ထိန်းချုပ်နိုင် ပြီး ကျန်တာတွေ ကို ထိန်းချုပ်ရခက်နေလို့ပါ။ ဘေးထိုင်ဘု ပြောတပ်ဖွဲ့။ ဆရာဝန်တွေ ကိုယ်တိုင် ကိုယ်ကျိုးစီးပွားထိခိုက် ခဲ့ရပြီး။ အထိနာခဲ့ ရပါတယ်။

ဆရာဝန်အချင်းချင်းအကြား မယုံကြည်မှု အာဏာပိုင် ဆရာဝန်တချို့ ရဲ့ မနာလိုမှု ဂျင်းထည့် လိုမှု ပုဂ္ဂုလိက ဆေးရုံ ဆရာဝန်တချို့ရဲ့ တာဝန်ယူမှု တာဝန်ခံမှု လိုအပ်ချက်တွေရယ် Containment system ရဲ့ ကနဦး အစပိုင်း ပုဂ္ဂုလိက ဆေးရုံ ဆေးခန်းများကို လိုအပ်သည်ထက် ပိုမိုတင်းကြပ်မှု အာဏာပိုင်ဆရာဝန်တွေ ရဲ့ အယူအဆအရ ဆေးရုံဆေးခန်း တွေ ဟာ ရောဂါကူးဆက်ရာနေရာ ကြီးတွေ ဖြစ်ပွားမှာ စိုရိမ်တာရော ကြုံတုန်း အာဏာပြချင်တာရော တွေကြောင့် ရန်ကုန် အစိုးရ ဆရာဝန် တချို့ ရယ် ပုဂ္ဂလိက ဆေးရုံဆေးခန်း နှင့်ပတ်သက်သူတွေရယ် ကြား အငြင်းပွားမှု ပြင်းထန်ခဲ့ပြီး အစိုးရရဲ့ Covid ထိန်းချုပ်ရေး ပေါ်လစီ အပေါ် အဖျက်သဘော ဝေဖန်လှောင်ပြောင် မှု အများဆုံးမှာ ဆရာဝန် အသိုင်း အဝိုင်းကပဲ ဖြစ်ပါတယ်။

ဆရာဝန်တွေ က ဆေးပညာ ရဲ့ သိရှိမှုအရ covid policy Pros and cons တွေ အစိုးရ policy ရဲ့ ကောင်းကျိုး ဆိုးကျိုး များထဲ မှ ဆိုးကျိုး သီးသနိ့တွေ ကို ရွေးထုတ် ဖေါ်ပြခဲ့ ကြပြီး အစိုးရ ရဲ့အစီအစဥ်အပေါ် ပညာရှင်ဆိုင်ရာဝေဖန်ချက် တွေမှာ အကျိုးစီးပွား မကျေနပ်ချက်တွေ ရောထည့်ခဲ့ ကြပါတယ်။ တချို့သော အစိုးရဆရာဝန်များမှာလဲ ထိုထို နည်းအတိုင်းသာဖြစ်ပြီး အကျိုးစီးပှား နှငျ့ Covid Policy အပေါ် မကျေနပ်ချက်များ ရောထွေးခဲ့ကြပြီး ၄င်းတို့ရဲ့ ထင်မြင်ချက် အမျိုးမျိုးကြား ပြည်သူလူထု ရဲ့ အယူအဆများ ရှုတ်ထွေးကုန်ပါတယ်။

ဆရာဝန်အခြင်းခြင်း အကြား အယူအဆ အငြင်းပွားမှုများမှာ အထက် အုပ်ချုပ် စီမံခန့်ခွဲသူများအထိ ရိုက်ခတ်ခဲ့သလို ပြည်သူများအပေါ်လည်းရိုက်ခတ်ခဲ့ပါသည်။ ထိုသူများ ရဲ့ ထက်မြင်ချက်များဟာ ရန်ကုန် ပြည်သူများအပေါ် များစွာသက်ရောက်ခဲ့ ပြီး စည်းကမ်းလိုက်နာမှု အပေါ် ထက် လူမှုစီးပွားဘဝ တွေ policy တွေကိုသာ ဇောင်းပေးဝေဖန်ခဲ့ပြီး မူလရည်ရွယ်ချက် သွေဖယ်မှုတွေဖြစ်ပေါ်ခဲ့ရပါတယ်။

တဘက်မှာ ရန်ကုန်မြို့ နယ်များမှာ ကျန်းမာရေးအာဏာပိုင်များ ဟာ စီမံ ခန့်ခွဲ မှု အပိုင်းတွေမှာ သြဇာအာဏာ သက်ရောက်မှုမှာ နယ်မြို့များလောက် သြဇာမရှိခြင်း။ ကြီးမားသော စီမံခန့်ခွဲမှုများနှင့် ဝေးကွာခဲ့သည်မှာ ကြာမြင့်ခြင်း။ အေးအေးလူလူနေခဲ့ချိန်များခဲ့ခြင်း။ ရန်ကုန်လူထု၏ သဘောသဘာဝ အရ အရောင်အသွေး အလွှာ မျိုးစုံ ပေါများခြင်း အချင်းချင်း ချိတ်ဆက်မှုအားနည်းခြင်း တို့ ကြောင့် ပုဂ္ဂလိက ဆေးရုံ ဆေးခန်းများနှင့် ပြသနာ အဖြေရှာ ခြင်း မရှိသောကြောင့် collateral Damage များ များပြားခဲ့ရပြီး။ လူထုမှာ စီးပွားရေး ကျဆင်းမှု ဒဏ်ရော ဆေးကုသမှု အချိန်မမှီ တဲ့ ဒဏ်ရော ခံစားခဲ့ရပါတယ်။

ရန်ကုန် လူထုရဲ့ ဘီလယံ နှင့်ချီချမ်းသာသောသော သဌေးများ မှသည် ကျူးကျော်တဲနှင့်နေသော တနေ့လုပ်တနေ့စား နယ်ပေါင်းစုံမှ လူများ အောက်ခြေ အလွှာ အမျိုးမျိုးကြား ဘယ်ရောဂါမှ မကြောက်တတ်သော ပညာမဲ့ များ အသိမဲ့များ သိသောလည်း မတတ်သာသူများကြား ဒဏ်ပေးစနစ် မပါသော အမိန့်အာဏာ များကြား ရန်ကုန် ဟာ ပြို့ဆင်းသွားပါတယ်။ ဖောင်ကြီးcenter ရဲ့ အောင်မြင်မှု ကို သဘောကျပြီး ဆေးရံများ တိုးချဲ့ရေးကိုသာ အာရုံထားပြီး YGH လို နေရာမျိုးကို မေ့လျော့နေခဲ့ရမှ မဖြစ်မနေဆေးရုံတက်ရင်း ဆေးရုံရောက်မှ ကူးစက်ခံရသူများ သေဆုံးမှုများ များပြားလာခဲ့ပြီး ရန်ကုန် ကျန်းမာရေး အသိုင်းအဝိုင်းအကြား စီမံခန့်ခွဲ မှုလစ်ဟာချက်များ များပြားခဲ့ရပါတယ်။

အဓိကအားဖြင့် ကိုဗစ်ဆေးရုံတွေ ကိုအားစိုက်ခဲ့ပြီး ကိုဗစ်လား ရိုးရိုးလား ခွဲခြား တဲ့ နေရာတွေ မှာ အဆောက်အဦး နဲ့ Logistics ပိုင်း များစွာအားနည်းခဲ့ရပါတယ်။ covid ဟုတ်မဟုတ် ကို Guidline ဖြင့် ဖြတ်ချရာ၌ ကြာမြင့်ချိန်အနည်းဆုံး-၃ ရက်အတွင်း covid ကော ကိုဗစ်မဟုတ်သော ရောဂါဖြင့် ကြွေလွှင့်မှုကော များပြားခဲ့ရပြီး လူနာတွေနဲ့ဆေးရုံတွေကြား လိုအပ်ချက် ယုံကြည်မှုတွေပျက်ခဲ့ရပါတယ်။ ရင်နာစရာကိစ္စတွေ ကြုံတွေ့ရပါတော့တယ်။

တခါ စစ်တပ်ကို ခေါ်ယူသုံးစွဲရန် စစ်ဆေးရုံများ နှင့် စစ်ဆရာဝန်များကိုလည်း စတိလောက်သာ ခေါ်ယူသုံးစွဲ ခဲ့ ပြီး နိုင်ငံရေးအရ အားနည်းချက် ဟာကျန်းမားရေးအပေါ် ထိခိုက်ခဲ့ရပါတယ်။ ချုပ်ရရင်တော့ အစိုးရ ဟာ အကောင်းဆုံးဆောင်ရွက် နိုင်ခဲ့တယ်လို့ ယူဆရပါတယ်။

သို့ပေမဲ့ ရန်ကုန်က မူပြောင်းရပါတော့မယ်။ ဖြေလျော့ မှုတွေများစွာ နှင့် အမည်ခံ Containment နဲ့ဆက်သွားရပါတော့မယ်။ ဆေးရုံတင် တဲ့ policy ပြင်ဆင်လျော့ချပြီး သေဆုံးမှု နှုန်းလျော့ချရေး ကို သာ ဦးတည်ရပါမယ်။ ထိန်းချုပ်မှုတချို့ ဆက်လက်ထားရှိရပါမယ်။ US model သည်လည်းကောင်း China model သည် လည်းကောင်း အလုပ် မဖြစ်နိုင်ပဲ ဥရောပ နိုင်ငံ တချို့ ကဲ့သို့ မပိတ်မဖွင့် နည်းဖြင့်သာ သွားရပါမယ်။

စီးပွားရေးလုပ်ငန်းတချို့ စတေးရပါလိမ့်မယ်။ ​ ရန်ကုန် စီမံ ခန့်ခွဲ မှု နဲ့ နယ် စီမံ ခန့်ခွဲ မှုကို နှစ်ခု ခွဲ ပြီး မူဝါဒ ချမှတ် မှ ရပါတော့မယ်။ ရန်ကုန်မှာ တော့ လူတချို့ သေဆုံးရပြီး ကျန်တဲ့ လူများ စီးပွားပျက် ကပ် နဲ့ မတွေ့ရလေအောင် စီမံခန့်ခွဲမှု ပုံ ပြောင်းရပါတော့မယ်။ (တကယ်အလုပ်လုပ်ရသူတွေထက်ဘေးကပြောရ လွယ်သည်ဟုဆိုကြသည်။) (ထို့ကြောင့်ဘေးကပြောလိုက်ပါသည်)

GOOD LUCK YANGOON
Htet Wai Linn

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page