ရွှေတိဂုံစေတီတော်ကို လက်အုပ်ချီကန်တော့တဲ့ ဆိုဗီယက် ဝန်ကြီးချုပ် ခရုရှက်

ရွှေတိဂုံစေတီတော်ကို ကန်တော့တဲ့ ဆိုဗီယက် ဝန်ကြီးချုပ် ခရုရှက်

၁၉၅၅ ခုနှစ်၊ စစ်အေးတိုက်ပွဲ အမြင့်ဆုံးကာလအချိန် ကမ္ဘာ့ထိပ်သီး ကွန်မြူနစ်ခေါင်းဆောင် ဆိုဗီယက်ဝန်ကြီးချုပ် ခရုရှက် မြန်မာနိုင်ငံလာရောက်စဥ် ရွှေတိဂုံစေတီတော်ကြီးကို လက်အုပ်ချီကန်တော့ရာ မြန်မာ့နိုင်ငံရေး ခေါင်းဆောင်တဦးက “ခင်ဗျားက ကွန်မြူနစ် လုပ်နေပြီး ဘုရားရှိခိုးရသလားဗျ” ဟု မေးလိုက်သည်။

မစ္စတာ ခရုရှက်က “ဗုဒ္ဓကို ကျွန်တော်တို့ အလေးပြုရမယ်ဗျ၊ ဘာဖြစ်လို့လဲဆိုတော့ မိမိဝါဒကို နှစ်ပေါင်း (၂၅၀၀) ကျော် တည်တံ့အောင်ပျိုးထောင်ခဲ့တဲ့ ဗုဒ္ဓရဲ့ စွမ်းပကားဟာ ကျွန်တော်တို့ လူ့သမိုင်းအရ ဘယ်လူသားကမှ လိုက်မမီသေးဘူး။ ခုကျွန်တော်တို့ စည်းရုံးနိုင်တယ်ဆိုတာ လူဘယ်နှသန်းကို နောက်လိုက်ဖြစ်အောင် လုပ်နိုင်ကြသလဲ။ ဘယ်လောက်ကြာကြာ တည်တံ့အောင် လုပ်နိုင်မလဲ။

ဗုဒ္ဓလောက် ကြီးမြတ်တဲ့ စည်းရုံးရေးမှူးမျိုး ရှိနိုင်ပါ့မလား။ ဒါကြောင့် ဗုဒ္ဓရဲ့ စည်ရုံးရေးစွမ်းအင်ကို အလေးပြုတဲ့ အနေနဲ့ ကျွန်တော်က ခင်ဗျားတို့ ဓလေ့အတိုင်း ရှိခိုးတာဗျ။ ဒါဟာ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်မဟုတ်ဘူးလားဗျာ” ဟု ပြန်ပြောလိုက်သတည်း။

မေတ္တာရှင် (ရွှေပြည်သာ)

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page