ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံ စောစောရနိုင်တဲ့ အကြောင်းအရင်းတခု (ဝမ်းသာစရာပါပဲ)

ကိုဗစ်ကာကွယ်ဆေးကို မြန်မာနိုင်ငံ စောစောရနိုင်တဲ့ အကြောင်းအရင်းတခု (ဝမ်းသာစရာပါပဲ)

အင်္ဂလန်မှာတော့ ကာကွယ်ဆေးတွေ ထိုးနေပြီ ။ ပထမ ဦးစားပေးကတော့ သက်ကြီး ရွယ်အို များနဲ့ ကျန်းမာရေးဝန်ထမ်း တွေ ပေါ့ ။ အဆင့် ကိုးဆင့် ခွဲပြီး ထိုးပေးမယ်တဲ့ ။ နောက်ဆုံး အဆင့်ကတော့ အခွန် မဆောင်တဲ့ လူတွေ လို့ သတ်မှတ်ထား တယ် ။

ဒါက ချမ်းသာတဲ့ နိုင်ငံတွေ က အစိုးရ က ဆေး ကို ဝယ်ယူပြီး စနစ်တကျ ထိုးပေးနေတာပါ ။ အလကား ထိုး ပေးတာ ။ ဆင်းရဲတဲ့ နိုင်ငံတွေ ဆီလည်း မကြာခင် ရောက်လာပါလိမ့်မယ် ။ တကယ်ဖြစ် ၊ တကယ်သေ တဲ့ နိုင်ငံတွေ က ဦးစားပေး အဆင့်ပေါ့ ။ ကျနော်တို့ နိုင်ငံ မှာ ဖြစ်တဲ့သူ မရှိပါဘူး။ သေတဲ့ သူလည်း မရှိပါဘူး လို့ ဖင်ပိတ် ငြင်းတဲ့ နိုင်ငံတွေ ကတော့ နောက်ဆုံးမှ ဆေး ရဖို့ များတယ် ။

ဒီနေရာမှာ မြန်မာဟာ ရောဂါ ဖြစ်နှုန်းမှာ ကမ္ဘာ့ အလယ်အလတ် အထက်နားမှာ ရှိတယ်။ ဖြစ်နှုန်းရော၊ သေနှုန်းပါ အဆင့် ၆၀ ဝန်းကျင်မှာ ရှိတယ်။ စာရင်း မညာဘူး ။ ရိုးရိုးသားသား ချ ပြတယ် ။ ကိုဗစ် ကို ဖိဖိစီးစီး ကုသတယ် ။ ဒါကို နိုင်ငံတကာ ကလည်း အသိအမှတ် ပြုတယ် ။ ကာကွယ်ဆေး ရဖို့ ဦးစားပေး အဆင့် မှာ ပါဖို့ များတယ် ။

အာဆီယံမှာ ရောဂါဖြစ်တာ တတိယအဆင့် မှာ ရှိထားတယ် ။ ဒါ မလိမ်မညာ ချ ပြထားတာ အကြောင်း ရှိတယ် ။ ကာကွယ်ဆေး ရဖို့ အတွက် တန်းစီ ဇယား မှာ အထက်နား မှာ ရှိ တယ် ။ ဒါကို ငပိန်းအချို့က စင်ကာပူကို ကျော်သွားပြီလေ ဆိုပြီး အချင်းချင်း ဖောင်း ထုနေကြတာ ရယ်စရာကောင်းတယ် ။ အဲ့လို လူတွေဟာ နာဂစ်အစိုးရနဲ့ပဲ ထိုက်တန်တဲ့ သူတွေ ။

မြန်မာပြည် ကို ကာကွယ်ဆေး ရောက် လာရင်လည်း ကျနော့်တို့ အဖွဲ့မှာ ကိုဗစ် မဖြစ်ပါဘူးလို့ စာရင်း ဖင်ပိတ် ငြင်းထားတဲ့ သူတွေ တော့ ဦးစားပေး နောက်ဆုံး အဆင့် ဖြစ်ဖို့ များတယ် ။ ဟုတ်တယ်လေး ဗျာ ။ ကိုဗစ် မဖြစ်အောင် အရမ်း စည်းကမ်း ကောင်းတဲ့ လူတွေ ကို နောက်ဆုံး မှ ထိုးပေးမယ် ဆိုတာ သဘာဝ ကျပါ တယ် ။

မှတ်ချက်။ အောက်လမ်း က ဝင်ပါ တယ် ၊ ဆေး ကုမ္ပဏီတွေက ရောင်းပေးတာပါ ဆိုတဲ့ ဆေးကို ထိုးရင်တော့ အတုနဲ့ ညားပြီး နားကားဖို့ များတယ်။

Zarni Zeya

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page