ကိုဗစ်ရှေ့တန်းက ဆရာဝန်တယောက်ရဲ့ နေ့စဥ် ဖြတ်သန်းမှု (မြေပြင်အခြေအနေမှန်တွေပါ)

ကိုဗစ်ရှေ့တန်းက ဆရာဝန်တယောက်ရဲ့ နေ့စဥ် ဖြတ်သန်းမှု (မြေပြင်အခြေအနေမှန်တွေပါ။ အထက်က လူကြီးများ သိနိုင်ကြပါစေ)

ဆရာဝန်တွေ က ဆရာဝန် အလုပ်ပဲ လုပ်ရတယ် ဆိုရင် မလုပ်နိုင်တော့ဘူးလို့ ငြင်းကြမှာ မဟုတ်ဘူး ။ ပြောကြည့်မယ်နော်ဗျာ ကိုယ်ဆင်းခဲ့ရတဲ့ ကိုဗစ်ဂျူတီတွေထဲက တစ်ရက် ။ ဆေးရုံကြီး

၁။ မနက် ၇ နာရီ ။ over ယူ ။ ရောက်တဲ့ အချိန်မှာ လူနာ စာရင်းစစ်ရ ။ လွယ်မယ်မထင်နဲ့ ။PUI ၅ ခု ကလူနာတွေ ။ ဘယ်သူက positive ဘယ်သူက negative ဘယ်သူက swab pending ။ဘယ်သူက ဘယ်အဆောင်ရောက်နေ ။ ပြသနာ က နာမယ် ဆင်တူလေးတွေ ကပါ ။ တစ်ယောက်တည်း လို့ ပြောတဲ့ နေရာကပြော ။ မဟုတ်ဘူးလို့ ပြောတဲ့နေရာကပြော ။ စစ်နေရင်းနဲ့ စာရင်းထဲ မပါတဲ့ နာမယ်တွေက ထွက်လာ ။ မျက်လုံးတွေပြူး ။ အဲ့လူတွေက အထဲမှာ တကယ်ရောက်နေတာလား ရောက်နေရင် ဘာလို့ စာရင်းထဲမပါ တရားခံ ရှာရ အဖြေရှာရ ။ အဲ့ဒါနဲ့ နေ့တဝက်လောက် ရှုပ်

၂။ ရောက်ပါပြီး လူနာတွေကြားထဲ။ PPE ဝတ်ထားတော့ အလုပ်သမားလို့ ထင် ။ အောက်ဆီဂျင် ကုန်လို့ ပြောတဲ့သူက ပြော ။ မကျေနပ်လို့ အော်တဲ့သူက အော် ။ ဆရာမလိူ့ ထင်ပီး ကျွန်မတို့ကို သွေးမဖောက်ဘူးလား မေးတဲ့သူမေး နှာခေါင်း မနှိုက်သေးဘူးလား မေးတဲ့သူကမေး အဖြေမရသေးဘူးလား မေးတဲ့သူကမေး ။ အချိန်မရတဲ့ ကြားက ရှင်းပြရ။ တချိန်လုံး နောက်ကလိုက်ကပ်နေလို့ တောင်းပန်ရ ။ ကြားထဲ ဖျားနာကေ့စ်တွေ မကျန်အောင် ကြည့်ရ ။ ဝန်ထမ်း အင်အားရော စက်ပစ္စည်း အင်အားကရော ပြည့်စုံနေတော့။ လူနာကများ မူးလည်းမူး ချွေးလည်းပြန် ပြန်ထွက်လို့ကလည်း မဖြစ် ။ ကြိတ်ကြိတ်တိုးနေတဲ့ ပွဲဈေးလိုပဲ ဝင်တိုက်သွားတဲ့ လူကရှိသေးတယ်ဗျ ။ PPE လေးပြဲပီလားလို့ စိုးရိမ်စိတ်ကလည်း ဖြစ်မိ ။ မထူးတော့ပါဘူး နောက်ဆုံး ရှိသမျှ အစွမ်း အကုန်ထုတ် ကြည့် ပီး ပြန် ထွက်

၃။ အပြင်ပြန်ရောက်ပါပီ ။ နေရာစုံ က လွှဲလိုက်တဲ့ case တွေ လူနာလည်း မထိပဲ ဖြည့်လိုက်ရတဲ့ စာရွက်တွေ ပို့လိုက်ရတဲ့ ဗိုင်ပါရီပို့တွေ ၊ ရိုက်လိုက်ရတဲ့ ကွန်ပြူတာတွေ။ လူနာတစ်ယောက်ကို အနည်းဆုံး မိနစ် နှစ်ဆယ်လောက်ကြာမယ်ထင်တယ် ။ CS လည်း အားမနေရ ၊ လာကူတဲ့ တခြား department က SAS တွေလည်း မထိုင်ရ ။ AS လည်း ကွန်ပြူတာ ရှေ့က မခွာရ ။ plastic ခြားထားတဲ့ နံရံ ကို ဖြတိပီး စာပေးစာယူလုပ်ရ အော်မေးရ.။ နောက်က ဝှိုက်ဘုတ် ဆီပြေးကပ်ရ ။ ရှေ့က စာအုပ်ထဲ လှန်ဖြည့်ရ ။ ကိုယ့်ကိုယ် ကို တောင် မချီးကျူးပဲ မနေနိုင် ။ လေထဲများ လွင့်နေလားလို့ ။ ဂျူတီ ထွက်ရင် အလုပ်ပြောင်းလို့ရလောက်တယ် ဗျ

၄ ။ နေ့လည် ကျော် ၊ ပို့ပါပီ ဗျ ။ ဖောင်ကြီးလား ဝေဘာဂီလား တောင်ဉက္ကလာလား လှိုင်လား ရိုးမလား ။ မပါသွားတဲ့ file တွေ ပို့ပေတော့ ။ ရောက်ရဲ့လား မေး ။ သေချာဖုံးဆက် ။ ကားသမားလည်း ဆက်ရ တဘက်က ဆေးရုံကိုလည်း ဆက်ရ ။ ပြသနာက တခါတလေ ကားဆရာရဲ့ အပြောလေးလဲ ခံရပါအုံးမယ်။ ကားကရောက်နေပီ လူနာက ဘယ်နေရာမှာလဲ ၊ ခုထိ အဆင်သင့် မဖြစ်သေးဘူးလား ပေါ့ ။ oxygen မလိုဘူးပြောပီး ပို့ခါနီး မှ​ oxygen လိုနေတယ်လို့ ဖြစ်ပြန်ဗျာ ။ ပြောတော့ ဖောင်ကြီး ခုတော့ လူနာက ရွှေ့လို့မရဘူးပြောပြန် ။ မျိုးစုံ ကြိုးခုန် နေရာစုံ ။ ရူးပီးလား ဆိုတော့ မရူးသေးဘူး ။

၅ ။ ညနေရောက်ပါပီ ။ နေမြင့်လေ အရူးရင့်လေပါ အဖြေတွေလာပို့ ပုံတွေရိုက်ရ သိမ်းရ ပို့ရ ။ ဓာတ်ပုံ ဆရာတောင် ကိုယ့်လောက် ရှုူ့ထောင့်စုံအောင် ရိုက်တက်ပါ့မလား ။ ဝါးနေတယ် ဆို ပြန်ရိုက်ရသေးတယ်ဗျာ ။ တစ်ခုကျန်ခဲ့တယ် swab စာရင်း ပို့ရ ။ သေချာမှ ဖြစ်မယ်။ မသေချာ နောက်နေ့ ကိုယိတိုင် swab ဝင်ယူရမယ်လေ ။ အဲလောက် လုပ်နေတဲ့ ကြားက ​နောက်နေ့ မနက် ၅ နာရီလောက် ကိုယ်တိုင် swab ဝင်ယူခဲ့ရသေးတယ်။

၆ ။ ည ၈ နာရီ ထိုးတော့။ positive list တွေထွက် ထွက်သမျှ လူဦးရေ တွက် လိုက်ရှာ ။ မတွေ့ ဖုံးဆက် ။ ဆက်ရှာ မတွေ့ ။ ဖုံးဆက် ထပ်ရှာ ။ တွေ့ admission မလုပ်ရသေးတဲ့ သူတွေ Q. တွေ expired တွေ ပြင် ။ ပြန် တိုက်ကြည့် ။ ထွက်တဲ့ စာရင်း PUI တွေထဲ လှမ်းအကြောင်းကြား ၊ ရှာခိုင်း ။ vital sign ယူခိုင်း ။ အဲ့မှာ ပြသနာ ။ ထင်သလောက် မလွယ်ဘူးဗျ တချို့က ill case တချို့က bed bound တချို့က ဘယ်ကုတင်မှာမှန်းမသိ အော်ခေါ် vital sign ယူ ။ အရမ်းအလော တကြီး ပို့ပေးပါ ပို့ပေးပါ အော်နေတဲ့ သူတွေကတော့ သိမှာမဟုတ် ။ တစ်နာရီလောက်ကြာလို့ မပီးသေးလို့ ကိုယ်တိုင် သွားကြည့်မိတယ်။ ကြောက်စရာ လူအုပ်ကြားထဲ နာမယ်အော်ခေါ် တဲ့သူက ခေါ် chart ရှာတဲ့သူကရှာ vital sign ယူတဲ့သူကယူ comorbid ရှိမရှိ history မေးတဲ့သူက မေး ။ ကြားထဲ ill case complaint လုပ်လို့ ရှင်းတဲ့သူကရှင်း ။ မြေပြင် အခြေအနေကို မသိပဲ report အတင်းတောင်းတဲ့သူတွေကိုတော့ အပစ်မမြင်ပါဘူး ။ လာမှ မကြည့်တာ မမြင်တော့ လွယ်မယ်ထင်မှာပဲ

၇။ ည ၁၀ ခွဲလောက် vital sign တွေ အားလုံးရပီ ။ report လုပ်ပါပီ ။ ပီးပီ မထင်နဲ့ ။ ထွက်ပီးသား positive တွေကို ဘယ်ပို့မလဲ negative တွေဘယ်မှာထားမလဲ အဲ့ထဲက ill case တွေကို ဘယ်မှာ ထားခဲ့မလဲ ။ လုပ်ပေတော့ ။ စရွှေ့ပါပီ ည ၁၁. ၁၂ လောက် ။ ရွှေနေတုံးပါ မနက် ၂ နာရီခွဲ ထိ မပီးသေးပါဘူး ။ ကားလည်း ခေါ်ဖို့ ဖုံးဆက်ပေးရပါသေးတယ် ။ ရောက်လို့ အဆင်မပြေလည်း ထပ်ရွေ့ရပါသေးတယ် ။ ကိုယ်တွေရော လူနာတွေရော သနားစရာ ။ ရွှေ့ပီးပါပီ မနက် ၃ နာရီခွဲ

၈။ ကဲ အားလုံး ပီးပီလား ။ no ပါ ။ စာရင်း စစ်ပါမယ် ဘယ်နေရာမှာ positive က ဘယ်နှစ်ယောက် negative က ဘယ်နှစိယောက် pending က ဘယ်နှစ်ယောက် ။ အရေအတွက် မကိုက် ရင် ရှာပေတော့ ။ မိုးသာလင်းသွားတယ် မအိပ်ရ ။ morning iso ပြေး round တဲ့သူက round ။ MO ထဲ swab ယူရင်း ill case ကြည့်သူက ကြည့် ။ အပြင်မှာ လူနာ စာရင်းစစ် report ရေးသူက ရေး ။ မိုးလင်းပါပီး ပီးပီလား မပီးသေးပါဘူး……

ဆရာဝန် အလုပ် က ဘာတွေလဲ ငါဘာလုပ်ခဲ့လဲ ပြန်စဥ်းစားမိတယ် ။ လုပ်နိုင်ခဲ့ပါတယိ တာဝန်ကျေခဲ့ပါတယ် ပီးခဲ့ပါတယ် ။ ဒါပေမယ့်…

ဘယ်သူ့ကို မှ အပြစ်မမြင်ပါဘူး

Kyaw Swar Myint

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page