ကိုဗစ်ကို ပေါ့ပေါ့မှတ်နေတဲ့သူတွေကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး သတိပေးပြီ

ကိုဗစ်ကို ပေါ့ပေါ့မှတ်နေတဲ့သူတွေကို မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံက ဆေးရုံအုပ်ကြီး သတိပေးပြီ

တကယ်နော် နေ့ရောညပါ အရေးပေါ်ကားတွေ အဆက်မပြတ်သွားနေကြတာ အိမ်အပြင် မထွက်ပါနဲ့ ထွက်ရင် Mask Face Shield (နှာခေါင်းစည်း မျက်နှာကာ) တပ်ပါ အလုပ်မှာစကားစုပြောခြင်း ထမင်းစုစားခြင်းရှောင်ပါ လိုအပ်လို့စကားပြောမယ်ဆို တယောက်နဲ့ တယောက် အနည်းဆုံး ၃ပေ ကနေ အကောင်းဆုံး ၆ ပေ ခွာပါ။

စကားကို အချိန်တိုပဲပြောပါ အိမ်မှာနေလည်း ခပ်ခွာခွာနေပါ သက်ကြီးရွယ်အို ဘိုးဘွား ကလေးသူငယ် ရောဂါရှိသူများ အတွက်အထူးသတိထားပေးပါ ပွေ့ဖက်နမ်းရှုတ်ခြင်း လုံးဝမလုပ်ပါနဲ့ မိမိကိုယ် သံသယဖြစ်ပါက ဖျား ချောင်းဆိုး လည်ချောင်းနာ ဝမ်းလျှော ကိုယ်လက်ကိုက်ခဲမှုတွေ အရေးကြီးတာ ရုတ်တရက် အနံမရလျှင် ဖြစ်နိုင်ခြေအလွန်များပါတယ် အခုလိုဖြစ်လာလျှင် နီးစပ်ရာ အနံ့ပျောက် စင်တာကို ပြပါ။

ကိုယ့်တစ်ကိုယ်စာ အထုတ်လေး ပြင်ဆင်ထားပါ သောက်နေကြဆေးတွေ ဆေးမှတ်တမ်းတွေ သေချာစုစည်းထားသင့်ပါတယ် မကြောက်ပါနဲ့ မလိမ်ပါနဲ့ အိမ်မှာဆေးမြှီးတိုနဲ့မကုပါနဲ့ အတတ်နိုင်ဆုံး မိမိကိုယ်ကို သံသယဖြစ်လာပါက အခြားသူများကို မကူးစက်ဖို့ ပိုပြီး အကာအကွယ်ပြုသင့်ပါတယ်။

ဆိုင်ကယ်ငှားစီးခြင်း ဆိုက္ကားစီးခြင်း မလုပ်စေချင်ပါ ကားစီးလည်း ပြတင်းပေါက်ဖွင့်စီးပါ။ Mask လုံးဝမချွတ်ပါနဲ့ Face Mask မဖြစ်မနေတပ်ပါ လက်အိတ်စွတ်ပါ ခေါင်းစွတ်စွတ်ပါ သက်ဆိုင်ရာ ဌာန ရောက်ပါက သေချာပြောပြပါ စောင့်ရနိုင်ပါတယ် စိတ်ရှည်ပါ ထထွက်သွားခြင်း လျှောက်သွားခြင်း မုန့်ဆိုင်ထိုင်ခြင်း မလုပ်ရပါ

မိမိကိုယ်ကို ရောဂါရှိသည်လို့ သံသယရှိပါက ရောဂါရှိသူကဲ့သို့သဘောထား၍ သက်မှတ်ကာ အခြားသူများကို မကူးစက်ရအောင် သေချာဆင်ခြင်ပေးပါ ရောဂါဖြစ်လို့ဆေးရုံတက်ရလျှင် အခြားရောဂါကဲ့သို့ မဟုတ်သဖြင့် ဘေးတွင် ဆရာဝန် သူနာပြု အမြဲနေ၍ မရပါ သီးသန့်နေရပါမယ် အချင်းချင်း စောင့်ရှောက်ရပါမယ် တခုခုဆို ဖုန်းဆက်ပြောရပါတယ် နောက်ပိုင်း ဖုန်းက တယောက်ပြောနေစဥ် တယောက်က မသိနိုင်တာမို့ ချက်ချင်းပြောလို့ရမယ့် Intercon System တပ်ဖို့ လုပ်ပါမယ်။

ပစ်ထားတယ်လို့မထင်ပါနဲ့ ကျနိးမာရေးဝန်ထမ်းတွေ အထိအတွေ့များလျှင် လူမနိုင်ဘဲဖြစ်သွားနိုင်ပါတယ် ကျွနိမတို့ဆေးရုံမှာတော့ လူနာများကို မနက်စာ နေ့လည်စာ ညစာအတွက် အလှူရှင်နေ့စဥ်ရှိပါတယ် ရေအလှူရှင်ရှိပါတယ် လူငယ်တွေ ရောဂါအခံမရှိသူများက အကြမ်းဖျင်း ပြန်ကောင်းကြတယ် လူငယ်တိုင်းတော့မဟုတ် လူငယ်တွေလည်းသေနိုင်ပါတယ် သေနေကြပါတယ်

ဒီနေ့ လူနာသစ် ၂၁၅၃ ဦး အမတန် ကြောက်သင့်တဲ့ကိန်းတွေ အခုချိနိ မဆင်ခြင် အသိတရားမရှိရင် လူတွေဆုံးရှုံးရမယ် တိုင်းပြည်တိုးတက်မှုနှောင့်နှေးမယ် အမျှကုသိုလ်မပေးဝေနိုင်တဲ့ အသက်ဝိညာဥ်တွေ မများပါစေနဲ့တော့ မိသားစုတွေရောဂါကပ်ဘေးပြီးရင်တောင် စိတ်ဒဏ်ရာတွေနဲ မနည်းတည့်မတ်ကြရမယ့်မိသားစုတွေ အများကြီးရှိနေပါတယ် လူတိုင်း ဒီနေ့ဒီအချိန်မှစလို့ ကပ်ဘေးက ကယ်တင်ဖို့မဖြစ်မနေလုပ်ကြပါ။

အဓိကပြောချင်တာက အခုလိုဆက်လုပ်နေရင် ရွေးကောက်ပွဲမှာ မဲပေးဖို့ခက်ခဲနိုင်ပါမယ် နယ်ပြန်မပေးနိုင်သူတွေ သောကများလို့ မဲကိစ္စစိတ်မဝင်စားဘဲနေနေလျှင် မဲမပေးကြတော့လျှင် အခက်တွေ့နိုင်ပါမယ် ဒါကြောင့် မည်ူမဆို လမ်းပေါ်ထွက် လူစုလူဝေးလုပ် မဲဆွယ်ခြင်းကို အထူးရှုံ့ချပါတယ် နိုဝင်ဘာလ (၈)ရက်နေ့ ရွေးကောက်ပွဲမဲပေးလို့ရဖို့သည် ကျွန်မတို့အားလုံးနဲ့သက်ဆိုင်ပါတယ်။

Dr.ဝင်းသန္တာဖြူ
ဆေးရုံအုပ် မြောက်ဥက္ကလာပပြည်သူ့ဆေးရုံကြီး

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page