ကမ္ဘာ့ပထမဆုံး ကိုဗစ် ကာကွယ်ဆေးကို အသုံးပြုခွင့် ရသွားပါပြီ (အားလုံးပဲ ဝမ်းသာစရာပါ)
ကမ္ဘာ့ပထမဆုံး ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါပြီ။
ဗြိတိန်နိုင်ငံဟာ အမေရိကန်ကုမ္ပဏီ Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ရဲ့ ကာကွယ်ဆေးကို အသုံးပြုခွင့် ပေးလိုက်တာ ဖြစ်ပါတယ်။
ဗြိတိန်နိုင်ငံမှာ FDA မရှိပဲ Medicines and Healthcare products Regulatory Agency (MHRA) ဆိုတဲ့ ဆေးနဲ့ကျန်းမာရေးပစ္စည်း စည်းကမ်းထိန်းသိမ်းရေး အေဂျင်စီဆိုတာ ရှိပါတယ်။
ဒီနေရာမှာ ထူးခြားချက်က အခြားနိုင်ငံမှာ ထုတ်တဲ့ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ အသိအမှတ်ပြုတဲ့ အချက်ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံထဲမှာ ဘယ်လောက်ခွင့်ပြုသည်ဖြစ်စေ၊ အခြားနိုင်ငံမှာ ခွင့်ပြုချက် မတင်ရဲရင် ကိုယ့်ငါးချဉ်ကိုယ်ချဉ်တဲ့ အဆင့်ပဲရှိပါတယ်။
ဒါ့ကြောင့် Pfizer/BioNTech ရဲ့ကာကွယ်ဆေးဟာ ကမ္ဘာ့အဆင့်မီအဖြစ် ပထမဆုံး အသိအမှတ်ပြု ခံရတဲ့ သဘောဖြစ်ပါတယ်။ အခု ဗြိတိန်အစိုးရက ခွင့်ပြုလိုက်ပြီဆိုတော့ နောက်အပတ်ကစပြီး ဗြိတိန်နိုင်ငံမှာ စတင်ထိုးနှံ ပေးနိုင်ပါပြီ။
Richard Myo Thant