ကိုဗစ်ထိန်းချုပ်ရေးဗျူဟာတွေမှာ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ကွာခြားနေတဲ့ အချက်တွေ

ကိုဗစ်ထိန်းချုပ်ရေးဗျူဟာတွေမှာ မြန်မာနဲ့ အိန္ဒိယတို့ရဲ့ ကွာခြားနေတဲ့ အချက်တွေ

ကျမ အိန္ဒိယ ရောက် မြန်မာနိုင်ငံသားပါ.. ၆ နှစ် အရွယ် သမီးလေးတယောက်နဲ့ လက်ရှိမှာ တရက် လူ ၇၀၀၀၀ ခန့် ကူးစက်ပြီး ပျမ်းမျှ တရက် လူ ၂၀၀၀ သေဆုံးနေတဲ့ အိန်ဒိယမှာ နေနေပါတယ် ကျမတို့ နေတဲ့ မြို့က ချန်နိုင်းပါ. ရန်ကုန်လို မြို့တော် ကြီးပါ.. လူနေထူထပ်ပြီး အလွှာစုံ စရိုက်စုံပါပါတယ် ကျန်းမာရေး အသိ ရှိသူက တအားသိနေပြီး အသိ မရှိသူကလဲ ကိုရိုနာ ကိုတောင် အသံထွက် မှန်အောင် မပြောနိုင်ကြပါဘူး.. ဆိုလိုချင်တာက Health Sense မညီမျှတဲ့ နေရာမှာအစိုးရက ဘယ်လိုစီမံခန့်ခွဲသလဲ? ကိုဗစ် ထိန်းချုပ်ဖို့ ဘယ်လို ကျားကန် ကြိုးစားနေသလဲ. ဆိုတာမှာ ဗဟုသုတအဖြစ်ရေးချင်တာပါ။

မြန်မာပြည်ဟာ ကိုဗစ်ပြသာနာနဲ့ ရင်ဆိုင်ရတာ အိန္ဒိယထက် နောက်ကျတဲ့အတွက် ပြင်ဆင်ချိန် အများ ကြီးရသလို ဒုတိယ လှိုင်းကလဲ ဝင်တာ နောက်ကျ တယ်ဆိုလို့ရပါတယ်.. ဒါလဲ အားတတ်စရာပါဘဲ ။ အိန္ဒိယမှာတေ့ အစိုးရရဲ့ management ပိုင်းမှာ ပြည်သူကို ထောက် ပံ့တာ (လော့ဒေါင်း ကာလ တလျောက်လုံး တလစာ ဆန် ဆီ ဂျုံ သကြား ပဲ နဲ့ ငွေသား) .. ရေသန့်ဘူး တွေ အစိုးရ ရေသန့်စက်တွေနဲ့ လမ်းထိပ်တွေတာ စီစဉ်ပေးတာ.. ဆီးချို သွေးတိုးလို ပုံမှန် ဆေးသောက် နေရတဲ့ လူကြီးတွေကို စာရင်းကောက်ပြီး အိမ်အရောက် ပို့စနစ် လုပ်ပေးတာ.. ကိုဗစ်ကာလ ကိုယ်ဝန်ဆောင်တွေ အတွက် ဆေးရုံသပ်သပ်လုပ်ပေးတာ .. ဘဏ် ကြွေးတွေ ဆိုင်းငံ့ပေးတာ ..လစာ အပြည့် ပေးဖို့ ဖိအား ပေးတာ လုပ်ငန်းရှင်တွေရဲ့ အစိုးရအပေါ်ပေးရမဲ့ အကြွေးတွေကို ဆိုင်းငံ့ပေး အတိုးနှုန်ချေဖျက်ပေးတာ.. မီတာခတွေ လျော့ကောက်ပေးတာ.. ဒါတွေက အိန်ဒိယမှာ ကျမ ကြိုက်တဲ့ အချက်တွေပါ

မြန်မာမှာတော့ ကျမ (အင်တာနက်ကနေ မြင်ရ ကြားရသလောက်) tracking အင်မတန် ကောင်း တာ တွေ့ရပါတယ်.. အစိုးရ အနေနဲ့ ပထမလှိုင်း ကို ထိန်းချုပ်တာ တကယ်တော်ပါတယ် .. အိန္ဒိယထက် သာပါတယ်။ ပြည်သူထောက်ပံ့တဲ့ နေရာမှာ တော့ အဂတိလိုက်စားမှုတွေနဲ့ တကယ်လိုအပ်နေတဲ့ သူတွေ မရလိုက်ဘူးဆိုတာတွေ ကြားရပါတယ် စိတ်မကောင်းပါ…

ပထမလှိုင်းတုန်းက ကျမ အတော်လေး စိုးရိမ်ခဲ့ပါတာ် ရန်ကုန်မှာ ကျန်ခဲ့တဲ့ ကျမရဲ့ အသက် ၈၀ အမေနဲ့ မောင်နှမတွေ မိသားစုတွေကို တွေးပူပြီး ည ည အိပ်မပျော်ပါဘူး.. ကွမ်းတံတွေး ထွေးတတ်တဲ့ ရန်ကုန် အင်မတန် လူနေထူတဲ့ ရန်ကုန်မှာ အဆုတ်သန့် ချင်လို့ လေကောင်းလေသနိ့ ရှူချင်ရင်တောင် လွယ်ပါ့ မလား တွေးပူတာပါ. ကျမ မျှော်လင့်ထားတာထက်ကို အောင်မြင်စွာ ကျော် ဖြတ်နိုင်ခဲ့တဲ့ တိုက်ပွဲမှာ အုတ်တချ်သဲတပွင့် ကနေ ပါဝင်ခဲ့တဲ့ ဆရာဝန် သူနာပြု ဆေးရုံကားမောင်းတဲ့ ရဲ ဘော်ကနေ အားလုံးကို လှိုက်လှိုက်လဲလဲ ဂုဏ်ပြု ပါတယ် ..ပြည်သူတွေက အဓိက အောင်နိုင်သူ တွေပါ.. တကယ်ချီးကျူးပါတယ်

ဒုတိယလှိုင်းကိုလဲ ဒီလိုဘဲ ကျော်ဖြတ်နိုင်ပါစေလို့ ဆုတောင်းရင်း မြ်မာပြည် အစိုးရပိုင်း တာဝန်ရှိသူ တွေကို တောင်းဆိုချင်တာကတော့..ဒီရောဂါဟာ ကပ်ရောဂါ ဖြစ်လို့နိုင်ငံတိုင်း အားကုန်သွန်ပြီး တိုက်နေရတာ မှန်ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ.. အာဏာအလွဲသုံးစား လုပ်မှုတွေ.. မလိုဘဲ အကြောက်လွန်နေတာတွေ.. mask တပ်သင့် လက်ဆေးသင့်တဲ့ နေရာ မတပ် မဆေးဘဲ အရဲလွန်နေတာ တွေကို ခုထက်ပိုပြီး စနစ်တကျ ကိုင်တွယ် ပညာ ပေးစေချင်ပါတယ်

Mask မတပ်တဲ့ ၁၅ နှစ် သမီးလေးကို ရပ်ကွက်ထဲက လူကြီးတွေက ဖိနပ်နဲ့ရိုက် အင်ကျီတွေ စုတ်ဖြဲ.. ကား ဆင်းငှါးတဲ့ လော့ဒေါင်း ချထားတဲ့ တိုက်က (သူတို့က ပိုးတွေ့လူနာလဲ မဟုတ်) အမျိုးသမီးကို အမူးသမား က ဆဲဆိုတာမျိုး..ကိုယ့်အသိနဲ့ကိုယ် Q ဝင်ဖို့ ဖုန်း ဆက်ထားတဲ့ မိသားစုကို ရပ်ကွက်လူကြီးက အပြင်က သော့ခတ်မယ် တကဲကဲလုပ်တာမျိုး ..ဖောင်ကြီး ရောက်နေတဲ့ ပိုးတွေ့ ကိုယ်ဝန်ဆောင် အမျိုးသမီးရဲ့ ၇ နှစ်သား ကလေး ငယ် (သူလဲ ပိုးတွေ့) ကို အမေနဲ့ ခွဲထားလို့ အတူတူထားပေးဖို့ တောင်းဆိုတာ မရတာမျိုး ..ပဲခူးမှာ ဆေး ရုံဝန်ထမ်းကို ထမင်းဆိုင်မှာ မောင်းထုတ်တာမျိုး.. ဖောင်ကြီးမှာ ဆုံးသွားတဲ့ မိခင်ဖြစ်သူကို နောက်ဆုံးအကြိမ် ကန် တော့ခွင့်လေး ဖုန်းဆက်တောင်းပန်ပြီး တနာရီ အတွင်း လာပါလို့ ခွင့်ပြုချက်ရပြီး အမြန်ဆုံး ထွက်လာတဲ့ မိသားစုကို လမ်းတဝက်မှာ မလာနဲ့တော့ သင်းဂြိုဟ် လိုက်ပြီ ဆိုတာမျိုးတွေဟာ လုပ်ထုံးတွေ စည်းကမ်း တွေနဲ့ ညီတယ် ဆိုပေမဲ့ လူသားချင်း စာနာစိတ် နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ပါတယ် (ကျမ ဖတ်မိသလောက် ပို့စ်တွေပါ.. အမှန်ကဒီ့ထက် တောင်ပိုဆိုးနိုင်ပါသေးတယ်)

စည်းကမ်းတို့ ဥပဒေတို့ဆိုတာ လူသားတွေ ဘဝ အဆင့်မြင့်စေဖို့ တန်းတူအခွင့်အရေးရစေဖို့ လူသားတွေကပဲ ဖန်တီးခဲ့တာပါ။ တသွေး တသံ တမိန့်ကြီး မသုံးကြပါနဲ့.. ခံစားရတဲ့ မိသားစုတွေ နေရာ က ခံစားကြည့်ပါ.. ကျမ သူတို့ပို့စ်တွေကို ဖတ်ပြီး စိတ်ထဲ မကောင်းလွန်းလို့ ဒါကိုရေးတာပါ .. ကျမ နဲ့ သူတို့နဲ့ ဘာမှ မဆိုင်ပါဘူး လူမျိုး ဘာသာ စကား ဘာမှ မတူပါဘူး.. ဒါပေမဲ့ လူသား ဖြစ်တာချင်းတူပါတယ် သားသမီးကို.. အမေကို ချစ်တာချင်းတူပါတယ် .. လူတိုင်းကြောက်ရတဲ့ရောဂါမှန်ပါတယ် ကျမလဲ ကြောက်ပါတယ် ဒါပေမဲ့ သတိထားပြီး ကာကွယ်ရင် ကိုယ်ခံအားကောင်းအောင်နေရင် မကူးပါဘူး။

ကျမ အတွေ့အကြုံအရ တရက် လူ ၂၀၀၀ ကျော် သေ နေတဲ့ နိုင်ငံမှာ ကျမ မိသားစု မကူးသေးပါဘူး ဒါတောင် ကျမ အိမ်သားက နေ့တဓူဝ ဆေးရုံဆေးခန်းတွေမှာ အလုပ်လုပ်ရတဲ့ ဆေးကုမ္ပဏီက မန်နေဂျာပါ.. သူလဲ မကူးသေးပါဘူး ..mask ကို စနစ်တကျ တပ်တယ် လက်သန့်ဆေး ဆောင်တယ် social distancing လိုက်နာတယ် ကိုယ်ခံအား ကောင်းအောင် ဗီတာမင် D3 နဲ့ C၊ ဇင့် စတာတွေ သောက်တယ်.. အပြင်စာ သရေစာ ရှောင်တယ်.. တကယ်လို့ ကူးလာရင်လဲ သေနှုန်ုးနည်းတာမို့ အရမ်းကြီး မကြောက်ကြပါနဲ့လို့

လူသားချင်းစာနာစိတ် သေဆုံးသွားရင် ကပ်ဘေး ထက် ပိုဆိုးတဲ့ နောက်ဆက်တွဲရလဒ်ကို လူ့အသိုင်း အဝိုင်းက ရင်ဆိုင်ရပါလိမ့်မယ် ..အထူးသဖြင့် အာဏာရူး ရပ်ကွက်လူကြီးတွေ မလိုဘဲ လမ်းတွေ ပိတ်ပြီး လူတွေအနှောင့်အယှက်ပေးနေကြတဲ့ လူပိုကြီး တွေ ပြင်ပေးကြပါလို့ တောင်းပန်ပါတယ် မည့်သူ့ကိုမှ နစ်နာစေလိုချင်း အလျင်းမရှိ စေတနာ အမှန်ဖြင့် ရေးပါတယ်

சாரதாதேவி நாச்சியார்

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page