ကိုဗစ်အမြန်စစ်ကိရိယာနဲ့ စစ်ခဲ့ရသူတဦး ပြောပြတဲ့ ကိုယ်တွေ့ အတွေ့အကြုံ

ကိုဗစ်အမြန်စစ်ကိရိယာနဲ့ စစ်ခဲ့ရသူတဦး ပြောပြတဲ့ ကိုယ်တွေ့ အတွေ့အကြုံ

ကျနော် တို့အလုပ်ရဲ့သဘောအရ လုပ်ငန်းခွင်မှာ ကိုဗစ် ပြန့်နှံ့မှု ဖြစ်မှာ ကြောက်ရပါတယ်။ သီးသန့်ခွဲခြားထားတဲ့နေရာ ဖြစ်နေပေမယ့် တဦးတယောက်မှာ ပိုးပါလာရင် HAVAC စနစ် (အလွယ်ပြောရင် Air Con စနစ် တခုထဲ) တခုထဲ မှာ နေထိုင်ရတဲ့အတွက် ဧရိယာ တခုလုံး ကူးစက်နိုင်ပါတယ်။

ဒီအတွက် ကိုဗစ်နဲ့ ပတ်သက်ပြီး ဆေးစစ် မှုတွေ စဉ်ဆက်မပြတ် သတိထား လုပ်ရပါ တယ်။ အမျိုးသားဓာတ်ခွဲခန်းရဲ့ SWAB TEST စနစ်ဟာ စျေးများတယ်။ အချိန်လိုတယ်။ စစ်ဆေးနိုင်တဲ့ အကန့်အသတ်ရှိတယ်။ တိကျသေချာ မှုတော့ ရှိတယ်။ Rapid Test တွေရဲ့ တိကျမှုကတေ့ သေချာမှုက အရင်က ၇၈% လောက်ပဲရှိ ခဲ့တယ်။ ခုနောက်ပိုင်း ၉၈% ထိ သေချာ တယ် လို့ ဖတ်ရတယ်။

ဒါကလည်း ထုတ်လုပ်တဲ့ ကုမ္ပဏီ ပေါ် မူတည် တယ်။ ပစ္စည်းအရည်အသွေးပေါ် မူတည် တယ် ဆိုတယ်။ စျေးနှုန်းကတော့ တသောင်းမကျော် တဲ့ ပမာဏ နဲ့ စစ်ဆေးနိုင်မယ်။ အလွန်ဆုံး ၁၀ ဒေါ်လာသာသာ။ ငွေကြေးအားဖြင့် အဆများစွာ သက်သာ လာပါမယ်။ Rapid Test နဲ့စစ်ပြီး သံသယ ထပ်ရှိ မှ လက်ရှိစစ်နေတဲ့ Swab Test ကို ထပ်စစ်ရင် စစ်ဆေးရတဲ့ လူ လျော့လာ နိုင်တယ်။ စရိတ်ချုံ့နိုင်မယ်။

Rapid Test မှာ စစ်လို့ Positive ဆို ရင် ခဏယာယီ ခွဲထားလိုက်ခြင်းဖြင့် လည်း ဆက်လက်ပြန့်နှုန်းကို ထိန်းနိုင်မယ်။ ကျနော်ကိုယ်တိုင် Rapid Test စစ်တာ ခံရတာ ၂ ဆင့် စစ်တယ်။ သွေးဖောက်တယ်။ ပုရွက်ဆိတ် ကိုက်တာ ကမှ ပိုနာပါတယ်။ အဖုထ တယ်။ ခုက အဲလောက်မနာပါ။ သွေးစက်လေးကို Test Kit ပေါ်တင်ပြီး မိနစ် ၂၀ လောက်ဆို သွေးရဲ့ ပြန့်နှုန်းက ပထမ တလိုင်းကို ရောက်မယ်။ အဲမှာ ရပ်သွားရင် Negative ပေါ့။ အဲမှာ မရပ်ဘဲ ဒုတိယ လိုင်းထိဆက် ပြန့်ရင်တော့ လိုင်း ၂လိုင်း ပြတဲ့ Positive ပေါ့။

နောက် နှာခေါင်းနှိုက်တယ်။ အဲတာက တော့ နည်းနည်း မျက်ရည်ဝဲရုံပေါ့။ အကောင်းဆုံးက စိတ်ကိုလျှော့ထားပါ။ ခေါင်းကို ငြိမ်အောင်ထားပါ။ ပါးစပ်ကို “အား “လို့ အော်သလို ဟ ပြီး အော်ပြပါ။ ဒါဆို နှာလမ်းကြောင်း ရှောရှောရှုရှု ဖြစ်လာပါမယ်။ မနာပါ။၊ တို့ဖတ် Test ကို သူ့ Test kit ဘူးထဲက Gel လေးတမျိုးထဲ စိမ်ပြီး စောင့်ကြည့်ပါ တယ်။ Rapid Test စစ်ပြီး ၃ ရက်လောက် သီးသန့် နေပြီးရင် အလုပ်ထဲထွက်ခွာ ရပါတယ်။

ကျနော်တို့စစ်တဲ့ အမျိုးအစားဟာ ကိုရီးယား နိုင်ငံထုတ်ပါ။ Rapid Test ဟာ မြန်တယ်။ တိကျမှု တော့ ကန့်သတ်ချက်ရှိတယ်။ ၂ % ကိုတော့ ကံပေါ် ထားရပါမယ်။ လူအများ ကြား ပြန့်နှုန်းမြှင့်ပြီး ခွဲခြားရ ခက် တဲ့ ခုလို အခါ မှာ သုံးတာ မှန်ပါ တယ်။ အလျင်မြန်ဆုံး ဆွဲထုတ်နိုင်မယ့် တခုထဲ သော နည်းပါ။

နောက်ဆုံးတိုက်ပွဲပဲဆိုဆို တိုက်ပွဲအစပဲ ဆိုဆို ရန်ကုန်သားတွေ အနေနဲ့ အိမ်ထဲနေဖို့ လိုအပ်ပါသေးတယ်။ ပူးပေါင်းပေးဖို့ လိုပါတယ်။ ဒီတိုက်ပွဲ ဟာ အစိုးရအတွက် တိုက်ပွဲ မဟုတ်ပါ။ မိမိ အသက်အတွက် တိုက်ပွဲ ဆိုတာ ကို မမေ့ပါနဲ့။

အသက်ရှင်ဖို့ ရုန်းကန်ရတာ ကို Survive လုပ်တယ်လို့ ပြောကြတယ်။ စစ်ပွဲမှာရှင်ကျန်ဖို့ ခက်ခဲစွာ လုပ် ရတယ်။ မုန်တိုင်းကြားမှာ ရှင်ကျန်ဖို့ လုပ် ရတာမလွယ်။ ငလျင်ဘေး မီးဘေး အစစ အရာရာ မှာ ရှင်ကျန်နေဖို့ လုပ်ရတာ ဘယ်လောက်ခက်လည်း တွေးကြည့်ပါ။ ခုကိုဗစ်ဘေးက ရှင်ကျန်ဖို့ လုပ်ရတာ အလွယ်ဆုံးပါ။ အိမ်ထဲမှာ အိပ်လိုက် တီဗီ ကြည့်လိုက် စာဖတ်လိုက် နဲ့ ရှင်ကျန်အောင် လုပ်ပေးရုံလေးပါ. ရှင်ကျန်နေဖို့ အိမ်ထဲနေလိုက်ပါ။

Yann Naing Soe

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page