ဖောင်ကြီးဆေးရုံနဲ့ ရိုးမရိပ်သာတို့ရဲ့ ကွာခြားမှုများ (နှစ်နေရာလုံးမှာ နေခဲ့ရသူရဲ့ ကိုယ်တွေ့)

ဖောင်ကြီးမှာ ကိုဗစ် လူနာတွေကို ထားတဲ့ပုံနဲ့ ဒဂုံဆိပ်ကမ်း(ရိုးမအိမ်ယာ)မှာ ထားတဲ့ပုံ အရမ်းကွာတယ်…

ဖောင်ကြီး မနက် ၇နာရီဆို မနက်စာရောက်ပြီ နေ့လည် ၁၂ နောက်ဆုံး နေ့လည်စာ ရောက်ပြီ ည ၇နာရီ နောက်ဆုံး ညစာရောက်ပြီ မနက်တစ်ကြိမ် ညတစ်ကြိမ် အဖျားတိုင်းတယ် သွေးပေါင်ချိန်တယ် သောက်ဆေးလိုလို့ တာဝန်ကျ ဆရာဝန်ကိုပြောရင် ထမင်းစားချိန်မှာ ဆေးထည့်ပေးလိုက်တယ် ရေချိုးရင် စိတ်ကြိုက်ချိုးလို့ရတယ် အဲကွန်းနဲ့နေရတော့ မပူဘူး လေရတယ် အပျင်းပြေပဲဖြစ်ဖြစ် ကိုယ်လက် လှုပ်ရှားချင်လို့ပဖြစ်ဖြစ် ဝရံတာမှာ လမ်းထွက်လျှောက်လို့ရတယ် ရေနွေးကြိုက်တဲ့အချိန်ထယူ ready ပဲ တခါတလေ အချိုတည်းဖို့ ပေးတာ မပါသေးဘူးနော် အားလုံးပြည့်စုံအောင်ထားပေးတယ်..

ဒဂုံဆိပ်ကမ်း (ရိုးမအိမ်ယာ) မနက်စာ အချိန်မမှန်ဘူး နေ့လည်စာ ၁နာရီ လောက်ရောက်ရင် ကံကောင်းတယ် ညစာ ၈နာရီ တခါတလေ ၉နာရီ မှရောက်တယ် အဖျားမတိုင်းသလို သွေးပေါင်လည်းမချိန်ဘူး ကျွန်တော် ချေးမများတတ်တာတောင် ထမင်းစားရတာလည်း တော်တော်အဆင်မပြေဘူး တခါတလေ ထမင်းက မနပ်ဘူးဗျာ ဟင်းကလည်း အရသာမရှိ ရေလုံပြုတ် ထားသလိုပဲ ရေလုံးဝမလာ တော့ အိမ်သာသုံးဖို့တောင်ရေမရှိဘူး ရေလာတဲ့ အခန်းမှာ မျှသုံးရတယ်

အဲကွန်း မရှိ ပန်ကာမရှိ ပူလွန်းလို့ တနေကုန် အက်ျီချွတ်ထားရတယ် ပူလို့ ဝရံတာထွက်နေတော့လည်း ကိုရွှေရဲတွေက လော်စပီကာကြီးနဲ့ အထဲဝင်ဖို့ပြောတယ် ရေမလာတာ ၃ရက်ရှိပြီ မပြင်ပေးသေးဘူး ကျွန်တော်တို့က လူငယ်တွေမို့ ထမင်းစားနောက်ကျလို့ အဆာခံနိုင်ပေမယ် လူနာတွေထဲမှာ သက်ကြီးရွယ်အိုတွေ ကလေးငယ်လေးတွေပါတယ်လေ သူတို့တွေ ဆာနေရှာမှာပေါ့ဗျာ

နောက်ပြီး ကိုရွှေရဲကြီးတွေ သေနတ်ကြီး တကားကားနဲ့ ကျွန်တော်တို့က လူနာတွေ ပါ အကျည်းသားတွေမဟုတ်ဘူး အခုဖြစ်နေတဲ့အဖြစ်က ထောင်ကျနေသလိုပဲဗျာ ဒီမှာ ၁၄ရက်နေ မသေရင် အိမ်ပြန် သေရင် အလောင်းကောက်မယ်ဆိုတဲ့ ပုံစံဖြစ်နေပြီ စေတနာ့ဝန်ထမ်း အကိုတွေ အမတွေ ညီလေးတွေ ညီမလေးတွေ အားလုံးကိုတော့ အရမ်းအားနာပါတယ်ဗျာ ကျွန်တော် အရမ်း သီးခံတတ်ပါတယ် မပြောပဲမနေနိုင်လွန်းလို့ ပြောလိုက်တာပါ အားလုံးပဲ ကျန်းမာကြပါစေဗျ

Yan Aung Tun

Leave a Reply

Your email address will not be published. Required fields are marked *

You cannot copy content of this page